Mamazol ကင်ဆာဆေး

ဆရာရှင့် ပထမစာမပြည့်စုံဖြစ်နေမလားလို့ ထပ်ဖြည့်ရေးတာပါ။ သမီးအသက်က ၄၅ နှစ်ပါ။ ရင်သားဖြတ်ပြီး နှစ်နှစ်ခွဲထိ အယ်ထရာဆောင်းရိုက် ဓာတ်မှန်ရိုက်ခဲ့ပါတယ်။ ခုနောက်ပိုင်း ခွဲတဲ့ဆရာဝန် ဆက်သွယ်မရတော့ မစစ်ဆေးဖြစ်တော့တာပါ။ သမီးကို ခွဲစိတ်ပေးတဲ့ဆရာဝန်က ကင်ဆာအထူးကုမဟုတ်ပါဘူး။ ခွဲစိတ်ဆရာဝန်ပါ။ သားအိမ်ထုတ်တာတော့ OG နဲ့ပါ။ ရင်သားက ညာဘက်ရင်သားဖြတ်ထားတာပါ။ ခုနာနေတဲ့ နောက်ကျောကလဲ ညာဘက်ပါ။ ကျောရိုးမကြီးကနေ လက်သုံးလုံးအကွာလောက်မှာ စူးပြီးနာပါတယ်။ ကျောမှီထိုင်လို့ ဖိမိရင် ပက်လက် အိပ်လို့ ဖိမိရင် ပိုနာပါတယ်။ အသားကြေလို့ နာသလိုထင်မိပါတယ်။ လက်လှုပ်ရှားတာဖြစ်ဖြစ် မလှုပ်တာဖြစ်ဖြစ် တချိန်လုံး နာနေပါတယ်။ ဆရာရှင့်သမီးရေးတာအဆီအငေါ်မတည့်ရင် တောင်းပန်ပါတယ်ရှင့်။ အစားအသောက် အအိပ်အနေက ကောင်းပါတယ်ရှင့်။ သွားလာလှုပ်ရှားနိုင်ပါတယ်။ ဒါပေမဲ့ တချိန်လုံးနာနေတာ ခံစားမိပါတယ်။ ဘယ်လို ပြသသင့်လဲ မသိတော့လို့ပါရှင့်။ ဆရာအကြံပေးတာသိချင်ပါတယ်ရှင့်။ ရှေ့ရင်ဘတ်က အရိုးနာတာနဲ့ နောက်ဘက်က စူးနာတာ တပြိုင်တည်း ခံစားရပါတယ်ဆရာရှင့်။

ဖြေထားပြီး။ ဆေးမှတ်တမ်းတွေ သိမ်းထားသင့်။ ဆရာဝန်ပြောင်းပြလည်းရမယ်။ မီမိုဂရမ်-အာလ်ထွာဆောင်း ရိုက်သင့်။

ဆရာရှင့် မမေးဖြစ်တာကြာပါပြီ။ ရင်သားဖြတ်ထားပြီး tamoxifen သောက်တာ  ၅ နှစ်ပြည့်လို့ ဆရာဝန်ပြန်ပြပါတယ်  CEA စစ်တာ များနေလို့  tamoxifen အစား Mamazol 2.5 mg နဲ့ Immune Booster 1000 mg ကိုသောက်ခိုင်းပါတယ်။ Mamazol က ၂ နှစ်သောက်ရမယ်ပြောပါတယ်။ ဆေး ၂ မျိုး ရဲ့side effect ကိုသိချင်လို့ပါရှင့် tamoxifen သောက်တုံးက သားအိမ်မှာ သွေးအိတ်ဖြစ်ခဲ့လို့ပါရှင့်။

Mamazol 2.5 MG Tablet ဆေးဟာ ကင်ဆာအတွက်ဖြစ်တယ်။ ရင်သားကင်ဆာကိုပေးတယ်။ ကိုလက်စထော ခေါ် အဆီဓါတ် အနည်းအများ စစ်နေသင့်တယ်။

ဘေးထွက်သက်ရောက်မှုများ
Bone fracture အရိုးကျိုးတတ်တယ်။
Chest pain ရင်ပတ်နာတတ်တယ်။
Dizziness ခေါင်းမူးတတ်တယ်။
Headache ခေါင်းကိုက်တတ်တယ်။
Increased sweating ချွေးထွက်များတတ်တယ်။
Back pain ခါးနာတတ်တယ်။
Hot flashes မျက်နှာနီမြန်းတတ်တယ်။
Constipation ဝမ်းချုပ်တတ်တယ်။
Anxiety and nervousness စိုးရိမ်စိတ်ကဲတတ်တယ်။
Increased thirst ရေငတ်တတ်တယ်။

ကျန်တဲ့ဆေးက သိပ်သိစရာမရှိလှပါ။ ကင်ဆာကြောင့်နာတာအတွက် ပြင်းတဲ့အနာသက်သာဆေးတွေလိုနိုင်တယ်။ ဘလော့မှာ ရေးထားတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး