Snow outside the house ကားမမောင်းတော့ပါ

အိမ်မှာ ကြာဆန်ဟင်းချက်လို့ တအိမ်စီနေကြတဲ့မိသားစုတွေနဲ့ မိတ်ဆွေတချို့လာကြတယ်။ အိမ်ရှေ့က နှင်းပြင်မှာ ဧည့်သည်ကားတစီးနစ်လို့ သားတယောက်က ကူညီလုပ်ပေးလိုက်ရတယ်။ ဒီမှာနေကြသူတွေက နှင်းတောထဲမှာ ကားမောင်းနည်း တတ်ကြရတယ်။

ပြည်တွင်းမှာနေစဉ်က ကိုယ့်ကားကို မောင်းပါတယ်။ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေဆီ သွားကြလည်တယ်။ ဆေးဝယ် ဆေးထုတ်သွားရတယ်။ ကတ္တရာလမ်းပေါ်မှာသာ မောင်းရတာပါ။

နောက်တော့ စည်းရုံးရေးခရီးတွေ ကားနဲ့သွားရတယ်။ တောနယ်တွေ သွားရတာပါ။ လယ်ကန်သင်းကို ကားအောက်က ဝင်ရိုးနဲ့ လွတ်အောင်မောင်းနည်း သိတယ်။

ဒေလီတမြို့လုံးကိုလည်း ကိုယ်တိုင်မောင်းသွားလာခဲ့သေးတယ်။ ဒီရောက်တော့ ကားမမောင်းတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီမှာက ဆောင်းတွင်းမှာ ကားမမောင်းခင် နှင်းထိုးကြရတယ်။ ကားကိုနွေးအောင် စက်အရင်နှိုးထားကြရတယ်။ ဗမာပြည်တုန်းကတော့ ကားမမောင်းခင် ဖုန်သုက်ရတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး