Tea ရွာသမိုင်း

မနက်က လက်ဖက်ရည်ဆိုင်ရောက်တယ်။ ကျွေးချင်သူက မြန်မာပြည်အကြောင်း ပြောစရာရှိရင် လာခေါ်တယ်။ ခုတလော နိုင်ငံရေးရာသီဥတုကပါ အေးနေတယ်။ သူတွေးမိတာတွေ ရင်ဖွင့်လေ့ရှိသူ။ မင်းတပ်ကလူ။

ချင်းအမျိုးသားနေ့ သမိုင်းဖြစ်စဉ်မှန်ကို ပြောပြတယ်။ နောက်လူတွေက ထိန်ချန်ရေးနေကြတာကိုလည်း ပြောပါတယ်။ ကောင်းကောင်းဆိုးဆိုး သမိုင်းအဖြစ်မှန်ကို လိမ်ကောက်ဖျောက်ရေးတာကို ကျွန်တော်က မကြိုက်ပါ။

ချင်းပြည်နယ်ကို ဗုဒ္ဓဘာသာရောက်လာပုံ ပြောပြတယ်။ သူတို့ ဝမ္မသူးရွာက သူ့မိတ်ဆွေ အခုတော့ကွယ်လွန်ပြီတဲ့။ သူ့လူက ဂေါပကတဲ့။ ဘယ်ကိုသွားသွား လမ်းမှာ ကျောက်တုံး၊ ဆူးခက်ကျနေတာတွေ့ရင် ဖယ်ရှားတတ်တယ်တဲ့။ သစ်ပင်ကျိုးကျနေတာတွေ့လည်း ခါးကြားကဓါးနဲ့ လမ်းရှင်းပေးတတ်သူတဲ့။ သူ့ဆီက အဲလိုကောင်းတဲ့အကျင့်ကို ယူပါသတဲ့။ ပြောပြသူကတော့ ခရစ်ယန်ဘာသာဝင်ပါ။

Dr. တင့်ဆွေ
၂၄-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး