Reverse gear နောက်ပြန်သွား

ကျွန်တော့်ပို့စ် = Ford တဂါလံ ၂၅ မိုင်

ကွန်မင့်များ
၁။ ၁ဝ၃၅ သိန်းဈေးရှိနေသည်။ (ဘာသာပြန်)

ဈေးနှုန်းကတော့ ၂၅ဝဝ နှုန်းနဲ့ အထက်သို့တက်နေသည်။

၂။ ဝမ်းနည်းစရာ Dr တနာရီ ၂၅မိုင်နဲ့ နောက်ပြန်

R ဂီယာထိုးတဲ့နှစ်လည်း စာထဲမှာပါတယ်။ ၁၉၈ဝ ဝန်းကျင်။

R ဂီယာဆိုတာ မြန်မာပြည်ကကားသမားတွေက ဘက်ဂီယာလို့ ပြောကြတာ။ ကားနောက်ပြန်သွားစေတဲ့ ဂီယာ။ ဘက် နဲ့ ရီဗာ့စ် မတူပါ။ ဖြစ်နိုင်ရင် အခေါ်အဝေါ် ပြောင်းသင့်ကြပါတယ်။

လီဗာနဲ့ ဂီယာလို့ ခေါ်ကြတာကလည်း မမှန်ပါ။ လီဗာဆိုတာ ကုတ်ကိုခေါ်တယ်။ လေးတဲ့ဝန်ကို မ,တင်နိုင်တာမျိုး။ ကားတွေ စက်တွေမှာ ဂီယာပြောင်းအောင်လုပ်တဲ့အတံကို ဂီယာပြောင်းနော့ဖ် ခေါ်တယ်။ နောက်ပေါ်ကားတွေမှာ အဲတာက တိုတိုလေးမို့ ဘုလို့ ခေါ်တယ်။

ဂီယာဆိုတာ ခွေးသွားစိတ် အစိတ်အကျဲမတူတဲ့ အဝိုင်းတွေကိုခေါ်တယ်။ အဲလိုဟာတွေပါတဲ့အုံကို အဆလာရေတာလို့ ခေါ်တယ်။ ဂီယာက ထရန်စ်မစ်ရှင်းထဲမှာရှိတယ်။

အခေါ်မှန်တာကို ပြောင်းဖို့ရာ ခက်ပါဦးမယ်။ ခက်တာကိုရအောင်လုပ်နိုင်သူ လူတော်။ မြန်မာပြည်မှာ အင်ဂျင်ကောင်းနဲ့ အဆလာရေတာကောင်းတဲ့ကားတွေ စီးနိုင်ကြပါစေ။ ပညာရေးမှာ ရီဗာ့စ်ဂီယာကနေ ရှေ့သွားဂီယာ ပြောင်းပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၇

Comments