My Blog ဘလော့ဂ်
ကွန်မင့်တခု ဖတ်ရပါတယ်။ ဆေးအကြောင်းတွေကို ဆရာဝန်တင်ရွှေစာအုပ်က စတင်ဖတ်ခဲ့ရပါတယ်။ ဆရာတင်ရွှေ ဆီးချိုနဲ့ သေဆုံးသွားပေမယ့် နာမည်မသေပါ။ ဆရာ့အမည်လည်း ရှေ့ခရီးဆက်ရှိနေမှာပါ။ ယနေ့ခေတ်ဆရာဝန်အချို့ ဆေးမှတ်တမ်း ရေးမပေးကြတော့ ဆရာရေးသားတင်ပြချက်ကို စာဖက်သူအားလုံး အမြဲပြန်ကြည့်ကြရပါတယ်။ ဆရာ့စာတွေ တခါဖတ် စာပေမဟုတ်ပါ။
ကျေးဇူး။ အဲလိုဖြစ်တော့ တာဝန်ပိုကြီးတယ်။ တခါဖတ်စာမျိုးမဟုတ်တာ အမှန်ဖြစ်တယ်။ ဆေးပညာစာဆိုတာ ဂန္ထဝင် ခေါ် ကလပ်ဇစ်စာ မဖြစ်နိုင်ပါ။ ဆေးပညာဆိုတာ တခြားဘာသာရပ်တွေလို အမြဲဆန်းသစ်နေတယ်။ ကျွန်တော်လည်း ရေးပြီးသားစာတွေ လိုက်ပြင်ပါတယ်။ အချိန်မရလို့ သိပ်တော့ မနိုင်လှပါ။ ဖေ့စ်ဘွတ်ကနေ နှစ်ပတ်လည်ပို့စ်တွေလို့ ည ၁၂ နာရီထိုးတာနဲ့ ပေါ်လာတာ အခွင့်အလမ်းတခုဖြစ်တယ်။ နေ့စဉ်နေ့တိုင်း စာအဟောင်းတွေကိုဖတ်ပြီး လိုအပ်ရင် မွမ်းမံပြီး အသစ်တင်နေပါတယ်။ ဖေ့စ်ဘွတ်နဲ့ အားမကိုးလောက်ပါ။ ဘလော့ဂ် ရေးထားပါတယ်။
ဘလော့ဂ်အဟောင်းတွေလည်းရှိတယ်။ ဖတ်လို့တော့ရပေမဲ့ အသစ်တင်မရ အက်ဒစ်လုပ်မရလို့ အဲဒီကနေရယူသူတွေ သတိပေးပါရစေ။ လက်ရှိဘလော့ဂ် https://doctortintswe.blogspot.com/ ကို အခုပဲ ဆန်းစစ်မှုလုပ်ပါတယ်။ လာဖတ်တဲ့ အကြိမ်ရေ ၃ သန်းခွဲတော့မယ်။ မြန်မာပြည်က ပဌမရတယ်။ အဲဒီမှာဖတ်သူများလေလေ မေးစရာမလိုလေ ဖြစ်ပါတယ်။ မေးနည်းစည်းကမ်းက တချို့အတွက် အဟန့်အတားဖြစ်နေတာ သိပါတယ်။ ဘလော့ဂ်ကို အားကိုးကြစေချင်ပါတယ်။
ဒီနေ့ Pageviews today 732
မနေ့က Pageviews yesterday 3,807
ပြီးခဲ့တဲ့လ Pageviews last month 124,172
စကတည်းက စုစုပေါင်း Pageviews all time history 3,499,766
စာဖတ်သူတွေနေတဲ့တိုင်းပြည် Graph of most popular countries among blog viewers
Myanmar (Burma) 15522
United States 6296
Singapore 1078
Peru 810
Thailand 583
Canada 503
France 365
Malaysia 355
Philippines216
Japan 206
Pageviews by Browsers
Entry Pageviews
Chrome 18465 (66%)
Mobile 4211 (15%)
Firefox 1395 (5%)
Safari 1087 (3%)
Mobile Safari 1073 (3%)
SamsungBrowser 719 (2%)
OS;FBSV 377 (1%)
UCBrowser 196 (<1%)
Opera 78 (<1%)
GSA 61 (<1%)
ဘလော့ဂ်ကို အားကိုးကြစေချင်ပါတယ်။ ပို့စ်မတင်ခင် ထပ်စစ်တော့ စုစုပေါင်း 3,499,810 ဖြစ်လာပြီ။
ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၇

Comments
Post a Comment