Cotton flower on the Snow လက်ပံနဲ့ နှင်း

၁၉၉ဝ နွေမှာ ငါရွာတကာရောက်ရှိ၊ အဲသည်နှစ်မေမှာ ငါအဖြေရရှိ၊ ရွေးကောက်ပွဲမှာ ငါနိုင်၏။

အဲသည်နှစ်ဆောင်းမှာ ငါ့ကိုလာဖမ်းကြတော့၏။ အဲသည်နှစ်ဆောင်း ငါပုန်းအောင်းခဲ့ရ၏၊ အဲသည်နှစ်ဆောင်းည ငါထွက်ပြေးရတော့၏။

အဲသည်နှစ်ဒီဇင်္ဘာ ငါအိမ်မှာမရှိ။ အဲသည်နှစ်ဒီဇင်္ဘာကတည်းက ငါ့အိမ်ကိုပြန်မကြည့်။ အဲသည်နှစ်ဒီဇင်္ဘာကစပြီး အိမ်ပြန်မရောက်နိုင်တော့မှန်း ငါမသိ။

၂ဝ၁၇ နှစ်ကုန်သည်အထိ လက်ပံတွေဟာ ခရောင်းတောမှာသာ ကြွေကျနေဆဲဖြစ်၏။ နှင်းပြင်ပေါ်မှာ လက်ပံတွေ ကြွေကျနိုင်တဲ့ကမ္ဘာ ငါရောက်ချင်စမ်းပါဘိ။

နှင်းတွေဝေမှဖြင့် (မျှော်ရပြီ) - မာမာအေး https://www.youtube.com/watch?v=AV36TcV-8yM

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး