Malaysia Trip မလေးရှား ခရီးတခု
ကွန်မင့်တခု = ဓာတ်ပုံထဲက လူတွေအားလုံး မရှိကျတော့ဘူး သတိရတယ်
မရှိကြတော့လို့ ရေးရတယ်။ သိသလောက်တော့ ဒေါက်တာမြင့်ချို၊ ကိုဝင်းမင်း၊ ဒေါက်တာစန်းအောင်နဲ့ ကျွန်တော်တို့ အသက်ရှိကြသေးတယ်။ ကျန်တဲ့သူတွေ မလေးရှားမှာ မနေကြတော့တာတော့ ဖြစ်နိုင်တယ်။
ကွန်မင့်တခု = ပျော်ပျော်နေ --။
ဒုတိယကွန်မင့်က သေခဲလို့ ဆက်တွေးမိကြမှာပါ။ သေဆုံးခြင်းစာလုံးကို အတော်သတိထား သုံးသင့်ပါတယ်။ တရားသဘောအရပြောလိုတာ မဟုတ်ပါ။ ယဉ်ကျေးမှုအရ ဖြစ်ပါတယ်။ သက်ရှိတိုင်း ဘဝတခု အဆုံးသတ်ကြရတာတော့ မသိသူမရှိပါ။ ကျွန်တော့်အတွက်တော့ သေစာလုံးထည့်ပြောလည်း တုန်လှုပ်မှု နည်းပါတယ်။
မနေ့က ကျောင်းမှာ အင်္ဂလိပ်စာလက်ထောက်ဆရာမနဲ့ စကားပြောဖြစ်တယ်။ ကျွန်တော် ဟိုနိုင်ငံသည်နိုင်ငံတွေ ရောက်ခဲ့တာလည်း နည်းနည်းသိထားသူ။ သူကမေးတယ်။ ဘယ်နိုင်ငံတွေ ရောက်ဖူးသလဲတဲ့။
၃၁ နိုင်ငံ။
သူက ဂျာနယ်လစ်တက်ထားသူ။ ဘယ်တိုင်းပြည်ကို သဘောကျသလဲတဲ့။
ဥရောပ။
အတိအကျဆိုရင်ကောတဲ့။
ဂျာမဏီနဲ့ စကင်ဒီနေးဗီးယားနိုင်ငံတွေ။
သူ့ကိုပြန်မေးပါတယ်။ သူက အာရှတိုက်ကို မရောက်ဖူးသေးပါတဲ့။
ကျွန်တော်က အာရှတိုက်ထဲ သွားလာခဲ့ရတာ အတော်များပါတယ်။ ထိုင်းကိုတော့ မရေတွက်နိုင်ပါ။ မလေးရှားကို ၃-၄ ခေါက်ရောက်တယ်။ ပဌမအခေါက်မှာ ဓါတ်ပုံထဲကလို မလေးရှားသွားပြီးအလုပ်လုပ်နေကြရပေမဲ့ ဒီမိုကရေစီအရေးကို စိတ်ပါဝင်စားကြသူတွေက ဖိတ်ပြီး ဆွေးနွေးပွဲလုပ်ပေးကြပါတယ်။ ကျေးဇူး။
နောက်အခေါက်တွေတော့ ဟော်တယ်တွေမှာ တည်းရတယ်။ ပဌမခေါက်က အိမ်ရှင်မိသားစုကိုလည်း သတိရတယ်။
ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၇
Photo from Ko Latt ကျေးဇူး

Comments
Post a Comment