ကုတင် နဲ့ ခုတင်

၁။ ခုတင်လို့ ရေးမှ မှန်မှာပါ။ မြန်မာ့အဘိဓာန်မှာ ကုတင်လို့ မရှိပါ။ ဒါကြောင့် မယ်ခွေ သတ်ပုံမှားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါမှမဟုတ် နောက်ပိုင်း ခေတ်အဆက်ဆက် ဆက်ခံရေးသားလာကြသူတွေ မှားတယ်လို့လည်း ဆိုနိုင်ပါတယ်။

၂။ ကတင်၊ ကုတင်၊ ခုတင် အမှန်သိပါရစေ။ ကု နှင့် ခု ကိုဆေးရုံတွေမှာ နှစ်မျိုးစလုံးသုံးတာတွေ့နေပါတယ်။

၃။ ကုတင်၊ ခုတင် ရှင်းပြပေးပါခင်ဗျား

မယ်ခွေရဲ့ ဆေးတံတိုကဗျာမှာ ကုတင်လို့ရေးထားတယ်။ ခုသတ်ပုံစာအုပ်တွေမှာ ခုတင်လို့ရေးတယ်။ အလွန်စောတဲ့ သတ်ပုံစာအုပ်တွေမှာ မပါခဲ့ပါ။ ကုလားထိုင်အသုံးဖြစ်လာမှသာ ကုတင်လို့ရေးလာကြတယ်။ ကတင်လည်း မရှိပါ။ ခုတင်လည်း မရှိပါ။ ခတင်လည်း မရှိပါ။ ကျွန်တော်က ကုတင်ကမှန်တယ် ထင်နေတယ်။

ခု (နောက်ထုတ်သတ်ပုံ)
ခိုးလို့ခုလု၊
ခုခံသည်
ခုတုံးလုပ်
ခုတင်က (စောစောက)
ခုတင်ညောင်စောင်း
ခုနက
ခုနစ်ခု
ခုနစ်စဉ်ကြယ်
ခုနစ်သံချီ
ခုနှစ်သက္ကရာဇ်
ခုနှိမ်သည်
စိတ်ခုသည်
တစုံတခု၊
ယခု
လမ်းခုလတ်

ခု မြန်မာစာရေးထုံးကျမ်း (ဦးသာမြတ်၊ ၁၉၆၂)
ခုခံ
ခုနှစ် (၇)
ခုနှစ် (နှစ်)
ခုနှိမ်
ခူလီးခုလု
ယခု

ခု ကဝိဒဇသတ်ပုံကျမ်း (ဦးစံချစ်၊ ၁၉၅၄)
ခုခံသည်
ခု-ဆယ်-ရာ
ခုတုံးလုပ်သည်
ခုလုခုလု = ခိုးလိုးခုလု
ခုနှိမ်
ယခုပင်
ယခုအခါ
ယခုနေ့
အခုအခံ

ကု
ကုဋိ (ကုဋီ)
ကုတို့ (ကူးတို့)
ကုထုံး
ကုဗပေ
ကုမ္မာရီ
ကုမာရ
ကုမုဒြာ (ကုမုဒ်ကြာ)
ကုရုကျွန်း
ကုလသမဂ္ဂ
ကုလားကာ (ကန့်လန့်ကာ)
ကုလားကျမင်း
ကုလားဆင်
ကုလားတည် သရက်ချဉ်
ကုလားထိုင်
ကုလားပဲ
ကုလားဖန်ထိုး
ကုလားမ
ကုလားမခြေထောက်
ကုလားဖြူ
ကုလားဟင်း
ကုလားအုပ် (ကုလားအုတ်)
ကုလားရွှေ
ကုလားသေကုလားမော
ကုလားအော်ငရုတ်
ကုသမင်း
ကုသသည်
ကုသိနာရုံ
ကုသိုလ်
ကုဋေကုဋာ
ဦးကုလားရာဇဝင်
ဆေးကုလားမ

လေးတိုင်ကုတင်နဲ့ ခြောက်တိုင်ကုတင်လို့ ပြောဆိုရေးသားခဲ့ကြပါတယ်။ အသံထွက်ရင် (ဂဒင်) လို့ထွက်တယ်။ ကကြီးဖြစ်လို့ (ဂ) သံထွက်တယ်။ ခခွေးဖြစ်ရင် (ခဒင်) သံထွက်မယ်။ ကိုယ်ထင် ကုတင်ရွှေနန်းလို့ စကားပုံရှိတယ်။

ကျွန်တော် ပြည်တွင်းမှာဆရာဝန်လုပ်ခဲ့စဉ်က ဆေးရုံအတွက် ကုတင်တွေအလှူခံခဲ့တယ်။ ၂၅-၅ဝ ကုတင်ဆံ့ဆေးရုံ စသဖြင့်လည်း ရေးတယ်။

ကုတင် နဲ့ ခုတင် https://doctortintswe.blogspot.com/2017/01/blog-post_49.html
ကုတင် https://doctortintswe.blogspot.com/2017/01/blog-post_66.html

ဒေါက်တာတင့်ဆွေ
၁၃-၅-၂ဝ၁၇
၂၅-၁၂-၂ဝ၁၇


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး