Hygiene တကိုယ်ရေ သန့်ရှင်းရေး

၁။ Khaine Moon Moon
ကွန်မင့်မှာ ပုံ (စတစ်ကာ + GIF ဖိုင် + အီမိုကွန်) တွေ မပို့ပါရန်လို့ အကြိမ်ပေါင်းများစွာ ရေးထားပါတယ်။ ခဏနေ ဖျက်ပါမယ်။ ဆောရီး။
Khaine Moon Moon
ဟုတ်ကဲ့ပါဆရာကြီး

၂။ Moe Htet Myint
ကွန်မင့်မှာ ပုံတွေအပို့ပါရန်လို့ အကြိမ်ပေါင်းများစွာ ရေားထားပါတယ်။ ခဏနေ ဖျက်ပါမယ်။ ဆောရီး။
မပို့ပါရန်လို့ ရေးလိုက်တာ။ ဆောရီး။
Moe Htet Myint
တောင်းပန်ပါတယ် ဆရာ အဲ့တခု သတိမထားမိလို က်လို့ပါ ရှင့်

၃။ Para Dise
ကွန်မင့်မှာ ပုံ (စတစ်ကာ + GIF ဖိုင် + အီမိုကွန်) တွေ မပို့ပါရန်လို့ အကြိမ်ပေါင်းများစွာ ရေးထားပါတယ်။ ခဏနေ ဖျက်ပါမယ်။ ဆောရီး။
Para Dise
မှားယွင်းစွာ ပေးပို့ မိသော (image) ပုံရိပ်အတွက် အထူးဝမ်းနည်းစွာ တောင်းပန်အပ်ပါသည် ရိုသေလေးစားရပါသော ဆရာကြီး ခင်ဗျား၊

အဲလို တောင်းပန်သူတွေလည်းရှိပါတယ်။ ကောင်းတယ်။ ပြန်မပြောသူနဲ့ သူမဟုတ်ပါဘူး ငြင်းသူမျိုးလည်းရှိတယ်။ ကနေ့ နေ့တဝက်မှာ အဲလိုဟာတွေပို့လာသူ နောက်ထပ် ၂ ယောက်ရှိတယ်။ ဆရာကြီးလို့ မရေးသင့်ကြောင်း ရေးထားတာ အကြိမ်များတယ်။ အသက်အရ မဟုတ်ကြောင်း ရှင်းလင်းချက်ပါတယ်။

စည်းကမ်းများတဲ့သူ အလုပ်ပိုရှုတ်တယ်။ အရှုတ်တွေရှင်းပြီးရင်တော့ အတော်ကို သန့်ရှင်းသပ်ယပ်သွားပါတယ်။ လူတိုင်း နေ့တိုင်း သွားတိုက် မျက်နှာသစ် ရေးချိုးကြရသလို သဘောထားပါတယ်။ ဖေ့စ်ဘွတ်မှာလည်း တကိုယ်ရေ သန့်ရှင်းရေး လိုတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး