Powerlessness ကျွန်တော့်သြဇာ ဘယ်လောက်ညောင်းသလဲ

ဒီစာကို မနေ့က ၇ ယောက်လောက်ဆီကို ပို့ရပါတယ်။ ကနေ့ လူကြီးမင်းက နံပတ် (၁၈) ဖြစ်ပါတယ်လို့ပိုပြီးပြီ။ အိပ်ပါတော့မယ်။ သန်ကောင်ကျော် ၁ နာရီ ၂ဝ မိနစ်ရှိပြီ။ အိပ်နေတုန်းလည်း ပို့နေကြမှာပဲ ထင်တယ်။

ဒီသီချင်းလေးကို မိမိမှာရှိတဲ့ သူငယ်ချင်းအရောက် ၂၀ ကိုပို့ပေးရင့်း့။ ခရစ်စမတ်ဆိုတာဘာလဲဆိုတဲ့ဗီဒီယို ပို့ကြတယ်။ ပျော်စရာကောင်းတဲ့ ဒီဇင်ဘာလလေး ဖြစ်ပါစေ။ ခရစ်စမတ်သီချင်း။ နှစ်ကူးပြောင်းတော့မဲ့ ဒီဆောင်းရာသီမှာ့ ကြံစဉ်သမျှအောင်မြင်ခြင့်း့ သတ်ပုံအမှားတွေ လိုက်ဝေနေကြတယ်။ ကြံစည်လို့ရေးရတယ်။

မိတ်ဆွေပျက်စေတဲ့ အကြောင်းတရား များများလာတယ်။ ထပ်ခါထပ်ခါလုပ်ပြနေတဲ့ GIF ဖိုင်တွေ နောင်တသက်လုံး အဲလိုဟာတွေ မပို့စေလိုပါကို အကြိမ်များစွာတင်နေရတယ်။

ခရစ္စမတ်ဖြစ်ဖြစ် သီတင်းကျွတ်ဖြစ်ဖြစ်၊ မြန်မာနှစ်သစ်ကူးဖြစ်ဖြစ် ခရစ်သက္ကရာဇ်နှစ်သစ်ကူးဖြစ်ဖြစ် ကျွန်တော့်အတွက် ဆုတောင်းမပေးကြဘို့ မေတ္တာရပ်ခံပါတယ်။ ဘယ်ဘာသာရေးနဲ့ဖြစ်ဖြစ်လည်း ပြောဆိုဆုံးမ တရားမပြကြပါစေလိုပါ။

အခုတခါ ဗေဒင်စာကိုပါ ထပ်ဖြည့်ရဦးမယ်။ နိုင်ငံအတွက်အကျိုးရှိအောင် ကူညီနေတဲ့ ဗေဒင်ဆရာတဦးက နောင်နှစ်အတွက်ကောင်းအောင် ဝေပေးပါဆိုလို့ ဆရာ့အတွက်စိတ်ထဲရှိတာနဲ့ ဝေပေးတာပါ။ နောက်ယောက်လဲ ပြိုင်ပွဲဝင်တာဆိုလား။

ကျွန်တော့်ဆီကိုတော့ အဲလိုဟာတွေ နောင်တသက်လုံး မပို့ပါရန်။ ဆောရီး။ မေးခွန်းတွေအတွက် အချိန်နည်းစေလို့ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး