ရွှေတိဂုံစောင်းတန်းက စွပ်ကျယ်လက်ပြတ်

ပုံက ဒီမနက်ပဲ ရွှေတိဂုံဘုရားစောင်းတန်းတွေမှာ ထောင်ထားတာပါဆရာ။ တသက်လုံးက စွပ်ကျယ်လက်ပြတ်လို့ သိထားတာပါ။ ခုနောက်ပိုင်း စာလုံးပေါင်းတွေ တော်တော်မှားလာကြတယ်ဆရာ။

စွပ်ကျယ်လက်ပျတ်လို့ ရေးထားတာ မှားတယ်။

ပြတ်
ကျွန်းပြတ်ရွာ
ခရီးလမ်းပြတ်
စာပေတည်းပြတ် = တည်းဖြဋ်
ပိုင်းပိုင်းပြတ်သည်
ပုတ်ပြတ်အလုပ်
ကြိုးဆက်ပြတ်သည်
မပြတ်သွားလာ
ပြတ်ကင်းသည်
ပြတ်စင်သည်
ပြတ်ပြတ်စဲစဲ
ပြတ်ပြတ်ရှင်းရှင်း
ပြတ်ပြတ်သတ်သတ်
ပြတ်ပြတ်သားသား
ပြတ်သောဓါး
ရိက္ခာပြတ်
အဆက်မပြတ်
အဘိုးပြတ်သည်
ဆွေပြတ်မျိုးပြတ်

ပြသ်
ပြဿနာ
ပြဿဒါးရက်

ပျပ်
ခပ်ပျပ်ပျပ်
ညွတ်ပျပ်
တပျပ်ပျပ်
တုပ်ပျပ်
ပုပုပျပ်ပျပ်
ပုပုပျပ်ပျပ်
ပျပ်စပ်သည်
ပျပ်စွဲသည်
ပျပ်ပျပ်မည်သံ
ပျပ်ပျပ်ယိုစီး
ပျပ်ပျပ်နေ
ပျပ်ဝပ်သည်

ပျတ်လို့သုံးတာ မရှိခဲ့ပါ။ အွန်လိုင်းကျမ်းမှာသာ ပျတ်ပျတ်မည်လို့ပါတယ်။ အရင်က ပျပ်ပျပ်မည်လို့သာသုံးတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၇

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Alinamin F ထိုးဆေး