My Attitude ကျွန်ုပ်၏ သဘောထား

ဆရာခင်ဗျ လေးစားစွာအကြံပြုပါရစေ။ လူနာတွေထဲမှာ အတန်းပညာရှိတဲ့သူလည်းပါမယ်။ မရှိတဲ့သူလဲပါမယ်။ သူတို့ခင်မျာ ဖြစ်တဲ့ဝေဒနာကို သူတို့သိသလောက် တတ်သလောက်လေးနဲ့ ဆရာ့ကို အားကိုးတကြီးမေးတဲ့အခါ ဆရာက မြန်မာစာ အမှားအမှန်ကိုပဲ အာရုံပိုစိုက်ပြီး ဖြေကြားမယ်ဆိုရင် နောက်ဆို ဆရာ့ကို မေးရဲတော့မည် မထင်ပါ။ သူပါ၍ ဆရာ့အနေဖြင့် စေတနာရှေ့ထား၍ ပြန်လည်သုံးသပ်နိုင်စေရန် လေးစားစွာအကြံပြုပါရစေခင်ဗျာ။ ပညာဖြင့် ထာဝစဉ် ဒါနပြုနိုင်ပါစေဆရာ။ အားကိုး လေးစားစွာဖြင့်

အကြံပေး ကျေးဇူးတင်။ ကျွန်တော့်အမြင် သဘောထား မပြင်။

ကျွန်တော် မေးတာတွေကို ဖြေနေတာ နှစ်အတော်ကြာပြီ။ သတ်ပုံပြင်ပေးတာလည်း အတူတူလောက်ကြာတယ်။ မေးခွန်းတွေ ပိုများလာတယ်။ အမှားတွေလည်း ပိုများလာတယ်။ လေ့လာဆန်းစစ်မှုတော့ မလုပ်အားပါ။ လူသစ်တွေက ပိုမှားကြတယ်လို့ ထင်တယ်။ လူဟောင်းတွေ၊ သတ်ပုံပြင်ပေးထားသူတွေထဲမှာ ဂရုစိုက်လာသူတွေ ရှိတယ်။ ဆက်မှားသူလည်း ရှိပါတယ်။

မှားနေလို့ မဖြေခဲ့တာ မရှိပါ။ မေးနည်းစည်းကမ်းထဲမှာ သတ်ပုံမှန်အောင်ရေးပါလို့ ထည့်မထားပါ။ သတ်ပုံမှားသူတွေကို အရှက်ရစေအောင် နာမည်စတာ ထုတ်မရေးပါ။ ဥပမာ နောက်ဆုံးရေးလိုက်တဲ့ Survived ကိုယ်ဝန်မပျက် မြန်မာစာမပျက်မှာ မေးတဲ့သူအသက်နဲ့ သူ့ကလေးအသက်တွေကို ဖျောက်ပေးထားတယ်။ ဘယ်သူလဲလို့ သူများတွေက မှန်းဆရ ပိုခက်စေဘို့ ဖြစ်ပါတယ်။

လူသစ်တွေကို ဆက်ပြင်ပေးလို့ ဆယ်ယောက်မှာ တယောက်ပြုပြင်သွားရင်လည်း အကျိုးရစေတယ်လို့ထင်ပါတယ်။ ကျွန်တော့်ကို မမေးချင် မမေးရဲလည်း ဆရာဝန်တွေ အများကြီးရှိတာပါ။ ကျွန်တော့်နည်းနာကြောင့်တော့ သူတို့တတွေ အကျိုးမနည်းစေလောက်ပါ။

သူများတွေကို သတ်ပုံဆက်ပြင်ပါမယ်။ ကျွန်တော်မှားရေးတာလည်း ဆက်ပြင်ပေးကြပါခင်ဗျား။ သည်စာရေးခဲ့တဲ့ တနှစ်အတွင်းမှာတော့ မေးခွန်းတွေ တိုးလာပါတယ်။ ပြင်လာသူတွေလည်း တိုးတိုးလာတယ်။ ကောင်းတယ်။

ပစ္စည်းအသစ်ဆိုင်မှာ အဟောင်း မရောင်းပါ။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၆
၂၃-၁၂-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး