Restroom အိမ်သာအကြောင်း

(ကန်တော့ပါ)

ဖုန်းနဲ့သုံးရင်းတွေ့တာမို့ ဒီလိုပဲ ပို့လိုက်တာပါ ဒီကိစ္စ ဖြစ်နိုင်ပါသလား ဆရာ

ကျန်းမာရေးအကြောင်းဆိုရင် ဆရာဝန်ကရေးတာ ဟုတ် မဟုတ် သိပါ။ စာထဲမှာ အင်္ဂလိပ်စာလုံးတွေပါပေမဲ့ အပူစင်အောင်လို့ ရေးသူဟာ ဆရာဝန် မဟုတ်နိုင်။

အဲဒီစာထဲမှာပါတဲ့ Orchitis ကျားအစိနေရာရောင်ခြင်းဆိုတာ ဗိုင်းရပ်စ်ကြောင့်ရော ဗက်တီးရီးယားကြောင့်ကပါ ဖြစ်နိုင်တယ်။ Mumps virus ပသိရောင်စေတဲ့ဗိုင်းရပ်စ်ကနေအဖြစ်များတယ်။ အဲတာက အိမ်သာနဲ့မဆိုင်။

ဗက်တီးရီးယားကြောင့်ဖြစ်တာက ဆီးလမ်းနဲ့ လိင်ကတဆင့်ကူးစက်တယ်။ ဂိုနိုးရီးယားနဲ့ ကယ်လ်မီဒီယားတွေဖြစ်တယ်။ အိမ်သာနဲ့မဆိုင်။ ကေတီဗွီနဲ့သာဆိုင်တယ်။

အဲလိုစာတွေ ခဏခဏတွေ့တယ်။ အလကားဟာတွေသာ ဖြစ်တယ်။ မဖြစ်လောက်တာဆိုရင် ဖြဲခြောက်ကြတယ်။ သေစေနိုင်တာမျိုးဆိုရင် ပူစရာမလိုတော့ပါလို့ ရေးကြတယ်။ ကင်ဆာ၊ ဆီးချို၊ သွေးတိုး စတာတွေကို ပျောက်ဆေးဆိုပြီး နေ့တိုင်းတင်ကြ ဝေကြ ယုံနေကြတယ်။ မနေ့ပဲ ကွန်မင့်မှာ အသည်းကင်ဆာပျောက်တယ်လို့လာတင်တာကို ဖျက်ပြီး ဘလော့လိုက်တယ်။

နိုဝင်္ဘာ ၁၉ ရက်နေ့ကို World Toilet Day ကမာ့္ဘ့အိမ်သာနေ့လို့ ကုလသမဂ္ဂကသတ်မှတ်ထားပါတယ်။ လူ ၂့၎ ဘီလီယန် ကတော့ စနစ်ကျတဲ့အိမ်သာမရှိကြပါ။ လူ ၁ ဘီလီယန်ကတော့ ဟင်းလင်းပြင်မှာသာ အညစ်အကြေး စွန့်နေကြရတယ်။ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်က သန့်ရှင်းတဲ့အိမ်သာနဲ့ မနေနိုင်ကြပါ။ နောက်ဆက်တွဲဆိုးကျိုးကတော့ သန့်ရှင်းရေးနဲ့ဆိုင်တဲ့ ကူးစက်ရောဂါတွေရလို့ လူတွေသန်းနဲ့ချည်ပြီး သေဆုံးနေကြရတယ်။ ကလေးတွေ သေဆုံးတာက ပိုများတယ်။ ကမ္ဘာပေါ်မှာ ရေအလုံအလောက်ရှိပေမယ့် စီးပွါးရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှု ညံ့ဖျင်းလို့ အဲလိုဖြစ်နေရတာပါ။

သူငယ်ချင်းဆရာဝန်တယောက်က ရေးတယ်။ တမျိုးက ဘိုထိုင်ဆိုရင် နောက်တမျိုးက ဗမာထိုင်လား။ ရွှေဂျပန်လည်း ဆောင့်ကြောင့်ပါပဲ။ ကုလားထိုင်ကော ဘယ်ကလာတဲ့စကားလဲ၊ ကုလားဖြူ ကုလားမည်း သဲကွဲပါသလား။ ဥရောပထိုင်ခုံလား၊ အိန္ဒိယမူလအစ မဟုတ်ဘူးထင်တာပဲတဲ့။

အိမ်သာအကြောင်း ဆေးသုတေသနတွေထဲ မဖတ်ဘူးသေးတာတချက်က ဆောင့်ကြောင့်ထိုင်ဟာ လိပ်ခေါင်းနဲ့ သားအိမ်ကျတာအတွက် အတော်ကိုမကောင်းပါ။ သန့်စင်ခန်းမှာ ရေနွေးရတာဟာ လိပ်ခေါင်းနဲ့ မွေးလမ်းရောဂါ တချို့အတွက် အလွန်သင့်မြတ်တယ်။ တွိုင်းလက်-ပေပါ ခေါ် စက္ကူသုံးတာ လိပ်ခေါင်းရှိနေသူတွေ မသင့်ပါ။ ရေသုံးတာ ကောင်းတယ်။ ရေနွေးက ပိုကောင်းတယ်။

စအိုနေရာမှာ တခုခုဖြစ်ရင် Sitz bath ရေနွေးထိုင်နည်းကောင်းတယ်။ ဒီလိုဖြစ်တာတွေကို သက်သာစေမယ်။ လိပ်ခေါင်း၊ ဂရင်ဂျီနာ၊ အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊ ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊ သားအိမ်နာခြင်း၊ Inflammatory bowel disease အစာလမ်းရောင်ရောဂါ၊ ဆီးအိမ်ရောင်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း နဲ့ ဗဂျိုင်းနား ရောင်ခြင်းတွေအတွက် သုံးနိုင်တယ်။

ဘယ်တိုင်းပြည်မဆို တိုးတက်သလား၊ အိမ်သာကိုကြည့်ရင် သိပါမယ်။ ဒူးမတ်ထိုင်တာဖြစ်ရမယ်။ ရေသုံးတာဖြစ်ရမယ်။ ရေနွေးရရင် အကောင်းဆုံးဖြစ်တယ်။ ဖေ့စ်ဘွတ်ဖတ်တာနဲ့ တိုင်းပြည်တိုးတက်မှိုကို သိနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၄-၁-၂ဝ၁၇
၂၅-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး