Award Presentation ဆုပေးပွဲ

ညီတော်မောင် အင်္ဂလိပ်စာသင်ပေးနေတဲ့ မုံရွာကကျောင်းမှာ ဆုပေးပွဲလုပ်ပါသတဲ့။ မြန်မာစာစွမ်းရည်ပြိုင်ပွဲမှာ ဗဟိုအဆင့်သို့ တက်လှမ်းသွားလို့ရတဲ့ဆုနဲ့ အင်္ဂလိပ်အက်ဆေးပြိုင်ပွဲမှာရတဲ့ဆုတွေကြောင့် ဂုဏ်ပြုခံရတဲ့ မောင်အာကာမြင့်မြတ်။

ကျောင်းသားတွေကို ဆုချီးမြှင့်တဲ့အစီအစဉ်ဟာ ဆုတက်ယူတဲ့ကျောင်းသားတွေရော မရလိုက်သေးတဲ့ကျောင်းသားတွေ အတွက်ပါ အားတက်စေတာ အမှန်ဖြစ်တယ်။ ကျွန်တော်ဘာသာပြန်ဆရာလုပ်နေတဲ့ ယူအက်စ်အေက ကျောင်းမှာလည်း တနှစ်မှာ ၂ ခါလုပ်တယ်။ ဂုဏ်ယူဝံ့ကြွားတဲ့မျက်နှာနဲ့ ကျောင်းသားက ဆရာ ကျွန်တော့်ဓါတ်ပုံရိုက်ပေးပါတဲ့။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၇

Comments