Tabinshwehti တပင်ရွှေထီး

တပင်ရွှေထီးကို တောင်ငူဘုရင် မင်းကြီးညိုနဲ့ မိဖုရားငယ်ခင်ဦးကနေ တောင်ငူမှာ ၁၆-၄-၁၅၁၆ နေ့ကမွေးတယ်။ အင်းဝဘုရင် ပဌမမင်းခေါင်ရဲ့ တီနဲ့ မင်းရဲကျော်စွာရဲ့မြေးတော်တယ်။ တပင်ရွှေထီးဟာ တောင်ငူမင်းဆက်မှာ ၁၅၃ဝ ကနေ ၁၅၅ဝ အထိ ဘုရင်ဖြစ်တယ်။ ခမည်းတော်နတ်ရွာစံတော့ တပင်ရွှေထီးက ၁၄ နှစ်သားပဲရှိသေးတယ်။ ၁၂၈၇ မှာ ပုဂံမင်းဆက်ပျက်သုဉ်းအပြီး အကြီးဆုံးမြန်မာနိုင်ငံတော်ကို ထူထောင်နိုင်ခဲ့တယ်။

သူ့ရည်ရွယ်ချက်ပြည့်အောင် နောင်တော် (ယောက်ဖ) ဘုရင့်နောင်က ဆက်လက်အကောင်အထည်ဖေါ်ခဲ့တယ်။ သူတို့ညီအကိုဟာ စစ်တောင်းမြစ်ဝှမ်းကနေအခြေပြုခဲ့ကြရတယ်။ ၁၅၃၄ မှာ ဟံသာဝတီကို စတိုက်တယ်။ ပေါ်တူကီတွေဆီက လက်နက်ခဲယမ်းမီးကျောက်တွေရယူနိုင်ခဲ့တယ်။ မွန်တွေကိုရာထူးနေရာတွေပေးပြီး စည်းရုံးတယ်။ မွန်အမျိုးသမီးကို မိဘုရားမြှောက်တယ်။

၁၅၂၅ မေလထဲမှာ အင်းဝဘုရင် ဒုတိယ နရပတိကနေ တောင်ငူကို တလကြာလာတိုက်တာကို အောင်မြင်စွာ ခုခံနိုင်လိုက်တယ်။ မြန်မာပြည်အထက်ပိုင်းကိုအုပ်စိုးနေတဲ့ ရှမ်းပြည်နယ်များကွန်ဖက်ဒရေးရှင်းက ၁၅၃၂ ခုနှစ်မှာ ပြည်ကို ဖျက်ဆီးလိုက်တယ်။ ရှမ်းတွေရန်ကြောက်လို့ အထက်ဗမာပြည်ကလူတွေ တောင်ငူကိုပြေးဝင်ခိုလှုံလာကြတယ်။ ဘုရင့်နောင် ကျော်ထင်နော်ရထာနဲ့အတူ တောင်ငူစစ်ပွဲတွေကို (၁၅၃၄-၄၇) ဆင်နွှဲခဲ့တယ်။ ၁၅၃၄ မှာ ဟံသာဝတီကို တိုက်တယ်။ မြန်မာပြည်အောက်ပိုင်းကို ၁၅၃၄-၄၁ မှာတိုက်ယူခဲ့တယ်။ ပဲခူး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ပြည်ကို ၁၅၃၄-၃၉ မှာတိုက်ယူခဲ့တယ်။ ၁၅၃၉ မှာ သူ့မြို့တော်ကို ပဂိုး (ပဲခူး) ရွေ့တယ်။ မုတ္တမကို ၁၅၄ဝ-၄၁ မှာနဲ့ ပြည်နဲ့အထက်ဗမာပြည်ကို ၁၅၄၁-၄၅ မှာ တိုက်ယူခဲ့တယ်။ ရခိုင် (မြောက်ဦး) ကို ၁၅၄၅-၄၇ မှာနဲ့ ဆိုင်ယမ် (ထိုင်း) ကို ၁၅၄၇-၄၉ မှာ တိုက်ယူခဲ့တယ်။

အရက်သေစာသောက်စားတယ်။ ၃ဝ-၄-၁၅၅ဝ သူ့ ၃၄ နှစ်မြောက်မွေးနေ့မှာ သူအကြံပေး သမိန်စောထွတ်အမိန့်အရ လုပ်ကြံခံရတယ်။

တပင်ရွှေထီးဟာ ရိုးရာနတ် ၃၇ မင်းထဲကတပါးဖြစ်တယ်။ ညာလက်နဲ့ကိုင်ထားတဲ့ ဓါးရှည်ကို ပခုံးပေါ်တင်ထားပြီး ဘယ်လက်က ဘယ်ဒူးပေါ်တင်ထားတဲ့ ထိုင်နေတဲ့အရုပ်ဖြစ်တယ်။ နတ်တွေကို လူတွေကလုပ်တာ။

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၅
၂၆-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး