ပိန်းကောလှေငယ်ရှင်

မင်္ဂလာပါ။ တစ်ခဏဆိုတဲ့ စာလုံးပြတာပါ ဒေါက်တာ။

ဟုတ်။ အင်တာနက်မှာ ယူကျုသီချင်းတွေနဲ့ ခရစ်ယန်တရားမှာပါ တစ်ခဏတွေ များတယ်။ သတ်ပုံမှန်အတိုင်း တခဏလည်း တွေ့ပါတယ်။

ဒဂုန်နတ်ရှင်ရေးသားပြုစုတဲ့ စာပေဝတ်ဆံ - ၃၊ စာပေဗိမာန် ပြည်သူ့လက်စွဲစာစဉ်ထဲမှာ သည်လိုရေးထားပါတယ်။

ပန်းလောင်မြစ်တွင်းက သီချင်းရှင်ကို တစိတစောင်းကြည့်ရင်း မြင်ရှာသူမှာ အင်းဝဘုရင် လေးစားအပ်သော ဝန်ကြီး ပဒေသရာဇာပင်ဖြစ်ချေသည်။ ဝန်ကြီးသိည် ပိန်းကောလှေငယ်ရှင်ကိုမြင်လိုက်သည်နှင့် တခဏ၌ပင် လှေရှင်၏ဘဝကို ပတ်ဝန်းကျင်သွင်ပြင်နှင့်တကွ ပုရပိုဒ်တွင် အလိုက်သင့် မှတ်သားထားခဲ့သော တျာချင်းကလေးမှာ ဤသို့ပါပေတည်း။

မိုးဦးကာလ ချောင်းကျပြီဆိုလျှင်၊ ပန်းလောင်ကြောမှာ၊ ပိန်းကောလှေငယ်ရှင်၊ တောင်ဘက်တခွင်၊ ထွက်ဝင်ဖောက်ကား၊ ပဲ့ပါမည့်သည်၊ မပါလူ၊ ထိုသူတယောက် သားငယ်နှင့်လေး။

တစ်စိတစ်စောင်း မဟုတ်ပါ။ တစ်ခဏ၌ပင် မဟုတ်ပါ။ တောင်ဘက်တစ်ခွင် မဟုတ်ပါ။ ထိုသူတစ်ယောက် မဟုတ်ပါ။

ခုတော့ ဧရာဝတီ၊ ချင်းတွင်းနဲ့ သံလွင်ရေကြောမှာ မြန်မာစာလှေငယ်ကလေး တစ်နေရှာတယ်။

ဒေါက်တာတင့်ဆွေ
၇-၁၂-၂ဝ၁၇
၂၅-၁၂-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး