Posts

The Winter Thunder ဆောင်းမိုးကြိုးပစ်ပါစေ

Image
(မှတ်ချက်။ လွန်ခဲ့တဲ့ ၂ နှစ်တိတိက ကျွန်တော်ဒေါသထွက်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ကနေ သတိပေးတာပါ။) ကျွန်တော်တို့သားအဖကို ဖမ်းဘို့လာတာ၊ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့အတူ တိုင်းပြည်ကနေ ပြေးခဲ့ကြရတာဟာ အခုလို ဆောင်းဦးကာလ ညတွေမှာပါ။ ဒီနှစ်ဆောင်းဦးမှာ ဗိုလ်ခင်ညွန့် စာအုပ်ထုတ်ပြီး ၃ဝဝဝ နဲ့ရောင်းဘို့ လုပ်သတဲ့။ နိုင်ငံရေးသမား များများနှိပ်စက်ခဲ့သူကို ဂုဏ်ပြုတာဖြစ်တယ်။ ဗိုလ်ခင်ညွန့် နိုင်ငံရေးမလုပ်ပါ။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်၊ ထောင်ချပြီး သတ်ပစ်တာသာ လုပ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂ဝ၁၃

Lets’ go! မောင်းပြီ

Image
၂၈-၁၁-၂ဝ၁၅ NLD ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲမှကောက်နုတ်ချက် • လူထုကိုကျေးဇူးဆပ်တဲ့အနေနဲ့ ဒီနေ့ကစပြီး ကိုယ်စားလှယ်များအလုပ်လုပ်ကြပါ။ • အမတ်လစာထဲကလည်း ဖြတ်တောက်ပါမယ်။ ပြည်သူအတွက်အသုံးပြုပါမယ်။ • ကိုယ်စားလှယ်များအတွက် သင်တန်းများလည်းအမြန်ဆုံးစတင်ပါမယ်။ စာမေးပွဲအတွက်လည်း ရေးဖြေဖြေကြရပါမယ်။ စာကျက်ထားကြပါ။ • တိုင်းရင်းသားကိုယ်စားလှယ်များအတွက် သင်တန်းများကို ပထမဆုံးနဲ့အမြန်ဆုံးစတင်ပါမယ်။ • လွှတ်တော်ထဲမှာ အချိန်နဲ့အချက်အလက်နဲ့မေးတတ် မြန်းတတ်အောင် ပြင်ဆင်လေ့ကျင့်ထားကြပါ။ • ခိုင်မာတဲ့ယုံကြည်ချက်ခြင်းတူညီတဲ့ရဲဘော်ရဲဘက်အချင်းချင်း လက်တွဲလုပ်ကြပါ။ • အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ပါမယ်။ • အဖွဲ့ချုပ်လူဟောင်းများကို လူသစ်များက တိုင်ပင်ပါ။ ဆွေးနွေးပါ။ ဒီလှိုင်းကိုလည်းကြိုးစားဖတ်ကြပါ။ • တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်ဆိုတဲ့အတွက်လည်း စိတ်ဓာတ်မကျပါနဲ့။ အရည်အချင်း တိုးတက်မှုရှိအောင် လေ့ကျင့်ပေးတယ်လို့မှတ်ပါ။ • ကိုယ်စားလှယ်များအနေနဲ့ အခက်အခဲရှိရင်လည်း လူကြီးတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရပါတယ်။ ဒါပေမဲ့အမှားကိုတော့ အမှန်မလုပ်ခိုင်းပါနဲ့။ •...

Commission fees ဆေးရောင်းချင်သူများ ကျွန်တော့်ကို အကူအညီတောင်းပါ

Image
ကျွန်တော့်ပို့စ်တခု = Garcinia cambogia ပိန်ဆေ့း့ ဆရာ တဘူးလောက်ဝယ်ချင်တယ်။ ဘယ်လိုမှာရလဲ ကျမ ထိုင်းကပါ။ Tint Swe အခုလို သတိပေးတဲ့စာကို ဖတ်မနေတော့ပဲ ကြော်ငြာခေါင်းစဉ်နဲ့ ပုံကိုကြည့်ပြီး ဘယ်မှာဝယ်ရမလည်း။ ဘယ်လောက်ပေးရသလည်းမေးတာမျိးက ကြော်ငြာဆေး ရေးတာတိုင်းအောက်မှာ လာနေကြမို့ မအံ့သြမိပါ။ ကြော်ငြာထဲက မော်ဒယ်မိန်းကလေး အဲဒီဆေးကို သုံးမထားဘူးဆိုတာ ပြောရဲတယ်။ ဆရာဝန်တွေညွှန်တဲ့ ပိန်နည်း၊ ဝနည်း စတာတွေရေးတာကိုတော့ ဆုံးအောင်ဖတ်ကြရဲ့လားမပြောတ်ပါ။ ကြော်ငြာဆေး ရေးတင်ထားတာတွေ များလှပြီ။ - Adoxy Cellfood အမေးများတဲ့ဆေး http://doctortintswe.blogspot.com/2014/11/adoxy-cellfood.html - A-Ra collagen ထိုင်းကလာတဲ့ ကြော်ငြာဆေး http://doctortintswe.blogspot.com/2014/12/a-ra-collagen.html - Commercial medicine ဆေးလှလှလေးတွေ ဝယ်ကြမလား http://doctortintswe.blogspot.com/2015/04/commercial-medicine.html - Commercial treatments ကြော်ငြာဆေး ထပ်မေးလာ http://doctortintswe.blogspot.com/2015/03/commercial-treatments_39.html - Commercial ကြော်ငြာပါရစေ http://doctortintswe.blogspot.com/2015/03/commercial.html...

Rejoicing in the success of others မုဒိတာ

Image
ရွေးကောက်ပွဲမှာ NLD ပါတီကအနိုင်ရလိုက်လို့ NLD မဟုတ်ကြတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးသုံးသပ်သူတွေလည်း မုဒိတာပွါးနိုင်ကြတာကြားရလို့ ဝမ်းသာရတယ်။ မုဒိတာဆိုတာ ဝမ်းမြောက်ခြင်းပါ။ သူတပါး စည်းစိမ်ချမ်းသာတာ၊ အောင်မြင်မှုရတာမှာ ဝမ်းမြောက်တာကိုဆိုလိုပါတယ်။ ဝမ်းမြောက်ခြင်းကူးစက်တာ မျှဝေတာနဲ့မတူပါ။ အဲလိုဖြစ်ဘို့ဆိုတာ လွယ်တာတော့မဟုတ်ပါ။ တွေ့လို့ ပြုံးပြတာ၊ ဝတ္တရားအရ ကွန်ဂရက်ကျူလေးရှင်းလုပ်တာနဲ့မတူပါ။ အမျိုးသားသွေးစည်းညီညွတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ မုဒိတာတရား အပြန်အလှန် ထားနိုင်ကြမှ အောင်မြင်နိုင်မှာပါ။ ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်ကနေရစေတဲ့အကျိုးတရားဟာ အင်မတန်ကြီးမားပါပေတယ်။ အနိုင်ရတဲ့ပါတီကသာရလိုက်တာ မဟုတ်တဲ့အချက်ဟာ ဝမ်းမြောက်စရာအမှန်ပဲဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁၁-၂ဝ၁၅

Fictional and Factual အနုပညာနဲ့ သုတပညာ

Image
သမိုင်းနဲ့ဆိုင်တဲ့ မှတ်လောက်သားလောက်တဲ့စကားတွေထဲမှာ ကနေ့လူရွယ်တွေအတွက် နှစ်ချက်ရှိမယ်ထင်ပါတယ်။ ဆရာသန်းထွန်းရဲ့ သမိုင်းသင်ရတာ မအဘို့ရာဖြစ်တယ်နဲ့ ဆရာအောင်သင်းရဲ့ သမိုင်းမသိရင် နိုင်ငံရေးမလုပ်နဲ့။ ကျွန်တော်ကတော့ ၅ တန်းတက်ရလို့ ရာဇဝင်သင်ရတာပါ။ စာဖတ်တဲ့အရွယ်ရောက်တော့ သမိုင်းစာအုပ်တွေပါလာတယ်။ နိုင်ငံရေးထဲရောက်တော့လည်း သမိုင်းစာတွေပါလာတယ်။ အဲတာမှာတော့ ချင့်ချိန်စရာတွေ များလာပြီ။ လူ့သမိုင်းကြီးကို အပိုင်းပိုင်းခြားတာကအစ အယူအဆတွေနဲ့လုပ်ကြတယ်။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် (မဆလ အပါအဝင်) တွေက ခေတ်ကြီးလေးခေတ်လုပ်ကြတယ်။ သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ ဖက်ဆစ်၊ နယ်ချဲ့အရှင်းရှင်ခေတ်။ (အဲရစ် ဟော့စ်ဘောင်း) က The Age of Revolution: Europe 1789–1848, The Age of Capital: 1848–1875 and The Age of Empire: 1875–1914), The Age of Extremes: The Short Twentieth Century, 1914–1991 စာအုပ်တွေနဲ့ ကမ္ဘာ့သမိုင်းဖြစ်စဉ်ကို လေးပိုင်းခွဲတယ်။ သူက မာ့စ်ဝါဒသမားဖြစ်တယ်။ အီဂျစ်မှာမွေးခဲ့ပေမယ့် ဗီယင်နာ၊ ဘာလင်နဲ့ လန်ဒန်မှာနေခဲ့သူဖြစ်တယ်။ ရိုးရိုးသမိုင်းကိုတော့ (တိုင်းမ်လိုင်းစ်) အချိန်ကာလန...

Happy Thanksgiving Day

Image
အမေရိကန် ကျေးဇူးတော်နေ့မှာ ဗမာ့မယ်ဇလီဖူးသုပ်စားကြရတယ်။ ဒေါက်တာဇော်ဝင်းအောင်၊ ဒေါက်တာတင့်ဆွေ၊ ဦးမြညို၊ ကိုမင်းမင်း၊ ရာဇာတင့်ဆွေ၊ (ဓါတ်ပုံ = နေမြမြဆွေ) ဒေါက်တာတင့်ဆွေ ၂၇-၁၁-၂ဝ၁၅

Good question

Image
ကျွန်တော့်ပို့စ်တခု = ပရိနိဗ္ဗာန်စံတော်မူတဲ့ခုနှစ် Aye Kyaw Kyaw ဘယ်ဟာအမှန်လို့ ဆရာသုံးသပ်လဲ။ Dr. Tint Swe ကျွန်တော်က ဒိုင်လူကြီး မလုပ်တတ်ပါ။ ကစားတဲ့အခါ ဝင်ကစားတယ်။ များသောအားဖြင့် ပွဲကြည့်စင်မှာပါ။ Smile U Htoo Aung ဓါးထမ်းပြီး ငြင်းခုန်ကြရမှာမို့ ပညာရှိများ ယုန်သူငယ်ကဲ့သို့ နာစေးနေကြပါသလား ဆရာခင်ဗျား။ Aye Kyaw Kyaw ကောင်းသောအဖြေပါခင်ဗျာ။ Dr. Tint Swe အတော်စပ်စုလွန်းတဲ့ မိလိန္ဒမင်းကြီးက အရှင်နာဂသေနကို ဘာလို့ အဲဒီမေးခွန်းကို မမေးခဲ့သလည်း စဉ်းစားနေပါတယ်။ ဒေါက်တာတင့်ဆွေ ၂၆-၁၁-၂ဝ၁၅