Posts

Etiquette လောကဝတ်

Image
ဆေးကျောင်းကတည်းက သူငယ်ချင်းတယောက် မကြာခင် တရုပ်ပြည်သွားမယပြောလို့၊ သူငယ်ချင်း ငါလည်း ယူနန်တော့ရောက်၊ ဘေဂျင်းမရောက်၊ မဟာတံတိုင်းမလျှောက်ဆိုတော့ တရုပ်ပြည်မရောက်လို့ ရေးလိုက်တယ်။ ကနေ့တော့ သူက တရုပ်ဟင်းတွေ ချက်နေတာတွေ့တယ်။ ရောမမသွားခင် အီတလီစာစားကျင့်သလိုပဲ။ အဲတာနဲ့ ဒီစာလေးကို အမှတ်ရလာတယ်။ ကျွန်တော့်ဇာတိက တောရွာလေး၊ အရွယ်အစားလည်းသေး၊ ဈေးတောင်မရှိတဲ့ရွာ။ နွေရာသီတိုင်းမှာ ရွာပြန်တယ်။ ရွာကလူကြီးတွေက အလိမ်မာသင်ပေးကြတယ်။ ထမင်းဝိုင်းမှာ ဖိနပ်ချွတ်စားရတယ်။ လူကြီးကို ဦးချရတယ်။ ဟင်းခပ်ဇွန်းကို ထမင်းစားတဲ့လက်နဲ့ မကိုင်ရ။ အသံမည်အောင်မစားရ။ ဟင်းခပ်ပြီးရင် ဇွန်းကို ဟင်းပန်းကန်မှာ အနေတော်အောင် ပြန်ထားရ စသဖြင့်။ အိပ်ရင် အရှေ့ဖက်သာခေါင်းပြုအိပ်ရတာ၊ လူကြီးနဲ့ပေးစရာယူစရာရှိတိုင်း လက်နှစ်ဖက်သုံးရတာ၊ ခေါင်းငုံ့ရတာ စတဲ့နီတိတွေလည်းပါတယ်။ ဘုန်းကြီးတွေနဲ့ ဆက်ဆံရေးစည်းမျဉ်းတွေလည်း ပါတယ်။ ကျွန်တော် ပြည်ပနိုင်ငံရေးတာဝန်နဲ့ ဟိုနိုင်ငံသည်နိုင်ငံတွေဆီ အတော်ကြီးခရီးသွားခဲ့ရတာ၊ အများအားဖြင့်တော့ အနောက်နိုင်ငံတွေပါ။ သူတို့တိုင်းပြည်မှာ ဝတ်စားဆင်ယင်တာ၊ စားတဲ့သောက်တဲ့အခါ လိုက်နာစရာတွေကို အနည်းအကျဉ်းတော့ မသွားခင်လေ့...

Stretch Marks အကြောပြတ်ခြင်း

Image
Stretch Marks အကြောပြတ်ခြင်း (ကန်တော့ပါ) (၁) ကလေး ၂ ယောက်အမေပါ။ ဗိုက်ကြောပြတ်တာဘယ်လိုပျောက်အောင်လုပ်ရမလဲ။ (၂) ကျွန်တော်ချစ်သူသူ့တင်ပါးမှာ အကြောပြတ်တာတွေတွေရရပါတယ်ဆရာ။ ဘာကြောင့်အကြောပြတ်တာလဲဆရာ။ အပျိုမစစ်လို့ဖြစ်တာလားဆရာ။ သူက တင်ပါးကြောပြတ်တယ်။ ခြေသလုံးကြောပြတ်တယ်။ ဘာကြောင့် အကြောပြတ်တာလဲဆိုတာ ကျေးဇူးပြုပြီး ရှင်းပြပေးပါဆရာ။ အသက်က ၂၁ ပါဆရာ။ (၃) ဆရာရှင့် ကျွန်မကအပျိုပါ။ ပေါင် ၁၆ဝ ရှိပါတယ်။ ဝတဲသူတွေက ဗိုက်အကျောပြတ်တက်ပါသလား။ ကိုယ်ဝန်ဆောင်ဘူးသူတွေဘဲ အကျောပြတ်တက်ပါသလား သိပါရစေ။ အသက်က ၂၉နှစ်ပါ။ မရိုမသေကျွန်မဗိုက်နဲ့ ဆီးခုံကြားမှာ အနီဒေါင်လိုက်အစင်းများဖြစ်နေပါတယ်။ အကျောတွေလိုပါပဲ။ အထူးကုနှင့်သွားပြသင့်ပါသလား။ (၄) ဆရာရှင့် သမီး အသက် ၂၉ နှစ်ပါ။ အခု ကိုယ်ဝန် ၈ လထဲမှာပါ။ ဗိုက်ကြောတွေလည်း ပြတ်သလို ရင်သားတွေပါ အကြောတွေ ပြတ်နေပါတယ်။ တခြားကိုယ်ဝန်ဆောင်တွေ မေးကြည့်တော့ ရင်သားတွေ အကြောမပြတ်ကြပါဘူး။ ရင်သားတွေ အကြောပြတ်တတ်ပါသလား။ အန္တရာယ်ရှိပါသလား။ ဘာဆေးတွေ လိမ်းသင့်ပါသလဲရှင့်။ ဆောင်ရန် ရှောင်ရန်တွေ လမ်းညွှန်ပေးပါအုံးရှင့်။ (၅) ဆရာ မင်္ဂလာပါရှင့် အကြောပြတ်ခြင်းအကြောင်းနဲ့ ပတ်သက်တာလေးတွေ တင်ပေးပါဥ...

Vulvovaginitis အမျိုးသမီးအင်္ဂါရောင်ခြင်း

Image
(ကန်တော့ပါ) ဆရာရှင့် ကျွန်မက ၂၆ နှစ်အရွယ်၊ ကလေး ၁ ယောက်အမေပါ။ သမီးလေးက ၂ နှစ်ရှိပါပြီ။ မွေးပြီးကတည်းကဝလို့ အခု ပေါင် ၁၅ဝ ရှိပါတယ်။ မရိုမသေစကား မိန်းမကိုယ်ကအနံ့နံလွန်းလို့ပါ။ ဆပ်ပြာမျိုးစုံလည်းသုံးဖူးပါတယ်။ ကလေးမွေးပြီးမှ နံတာပါ။ ဘယ်လိုလုပ်ရမလဲ ဘာဆေးသုံးရမလဲဆိုတာ ပြောပေးပါအုံးဆရာ။ အင်္ဂလိပ်စာလုံးတွေကို ကျောလွှားဖတ်နိုင်ပါတယ်။ အမျိုးသမီးအင်္ဂါရောင်တာကို တိတိကျကျပြောရရင် Vulvovaginitis ဗဂျိုင်းနားနဲ့ မိန်းမကိုယ်ရောင်တာဖြစ်တယ်။ သိသာတဲ့ ရောဂါလက္ခဏာတွေကတော့ - 1. Vulvar itching မိန်းမကိုယ်ယားယံခြင်း၊ 2. Vaginal discharge ဗဂျိုင်းနားက တခုခုဆင်းခြင်း နဲ့ 3. Vaginal odor ဗဂျိုင်းနားက အနံ့ထွက်ခြင်းတွေဖြစ်တယ်။ ရက်တို မိန်းမကိုယ် နဲ့ ဗဂျိုင်းနား ရောင်ခြင်းကို ဖြစ်စေတာတွေကတော့ - - Infections ရောဂါပိုးဝင်တာ၊ - Irritant or allergic contact မသင့်တာ၊ မတည့်တာနဲ့ ထိတွေ့မိတာ နဲ့ - Atrophic vaginitis အသက်ကြီးလာလို့ ဖြစ်ရတဲ့ မွေးလမ်းကြောင်း ပါးလာတဲ့ ဇရာဖြစ်စဉ်တွေ ဖြစ်တယ်။ Infections ရောဂါပိုးဝင်တာ အများဆုံး (၃) မျိုးကနေဖြစ်စေတယ်။ 1. Bacterial vaginosis ဗဂျိုင်းနားရောင်ခြင်းဆိုတာ ဗဂျိုင်းနားမှာ ...

Mango tree ပါရမီရပ်က သရက်ပင်

Image
၁။ ပုလဲမြို့၊ ပါရမီရပ်က ဆရာ့အိမ် အနောက်တောင်ထောင့်မှာရှိတဲ့ သရက်ပင်ဗျ။ ရာဇဂြိုဟ်မြို့အနားက ဆရာဇီဝကလှူဒါန်းထားတဲ့ သရက်ဥယျာဉ်မှာ မြတ်စွာဘုရားဟာ အဇာတသတ်မင်းကို သာမညဖလ သုတ္တန်ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။ ၂။ လေးစားအားကျရပါတယ်ဆရာ။ ဇီဝကထက်မလျော့တဲ့ ကုသိုလ်ကံအကျိုးပေးကို မလွဲမသွေ ခံယူရဦးမှာပါပဲလို့ ယုံကြည်ပါတယ်။ ကျွန်တော်က တတ်နိုင်တာတွေကို တတ်နိုင်သလောက် လုပ်ပါတယ်။ များပြားကြီးမားလှတယ် မဟုတ်ပါ။ ဆုကြီးပန်ဆိုတာ တခါမှစိတ်ကူးထဲမရှိပါ။ ဇီဝကလိုတော့ ဖြစ်ချင်မိတယ်။ ဘုရားကိုဆေးကုပေးရတဲ့ ဇီဝကမျိုးမဟုတ်ပါ။ ကိုယ့်လူနာရဲ့ ရောဂါဝေဒနာဟာ မပျောက်ကင်းနိုင်မှန်း သိတဲ့အခါမျိုးမှာ ဖြစ်ပေါ်လာတဲ့ဆန္ဒသာဖြစ်ပါတယ်။ ကုသပေးရသူတိုင်းရဲ့ ရောဂါဝေဒနာတွေကို ပျောက်ကင်းအောင် ကုသနိုင်စွမ်းရှိတဲ့ သမားတော်မျိုးသာဖြစ်ချင်တာပါ။ အသက်ဆုံးပါးတဲ့လူနာ ဆရာဇီဝကနဲ့ မတွေ့ပါတဲ့။ ပါရမီတွေ မရေမတွက်ဖြည့်ရမှာလည်းသိပါတယ်။ ကောင်းတာတခုခုလုပ်ပြီး ဘာဖြစ်ရပါလို၏လို့ ဆုတောင်းတဲ့ အလေ့ကတော့ မရှိသလောက်ပါ။ ဒေါက်တာတင့်ဆွေ ၂၇-၅-၂ဝ၁၅ ၂၇-၅-၂ဝ၁၇

Two Chapters ချပ်ပတာ နှစ်ခု

Image
- ၉ဝ အကုန် တသက်မှာတခါသာကြုံရတဲ့ ဘဝသင်္ခန်းစာ၊ ချပ်ပတာနှစ်ခု၊ - တခုမှာ ငါနိုင်သတဲ့၊ နောက်ခုမှာ ငါနိုင်ငံတော်ကို အန်တုသတဲ့၊ - ငါ သူတို့ကိုမနိုင်၊ လူထုကိုလည်း သူတို့ကနိုင်၊ - နိုင်ငံရပ်ခြား ငါထွက်သွား၊ ကြာသလားမမေးနဲ့၊ - ငါပြေးနေရတဲ့အချိန်မှာ သူတို့ချည်းသာ၊ - ငါ ဒီနေရာအခြေချမှ သူတို့ကံကြမ္မာက အလှည့်အပြောင်းလာ၊ - ၉ဝ သာမရှိရင် ၂ဝဝ၈ မရှိ၊ ၂ဝ၁ဝ-၁၂ မရှိ၊ ၂ဝ၁၅ မရှိပါ၊ - ငါလည်း အိန္ဒိယားမသိ၊ အမေရီးကားမသိ၊ - အမေရီးကားကလည်း ဗားမားကိုမသိ၊ - ချပ်ပတာနှစ်ခု ပြီးဆုံးသွားပြီဖြစ်တော့၏။ (၁၉၈၈ ပြီးရင် ဒုတိယအရေးပါတဲ့ ၁၉၉ဝ ကလုပ်ဖေါ်ကိုက်ဖက်များအား ဂုဏ်ပြုလျက်) ဒေါက်တာတင့်ဆွေ ၂၇-၅-၂ဝ၁၆ ၂၇-၅-၂ဝ၁၇

၁၉၉ဝ မှတ်တမ်းဓါတ်ပုံများ

Image
၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးခရီးစဉ် မှတ်တမ်းဓါတ်ပုံတွေကို ၈-၂-၂ဝ၁၄ မှာရရှိပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲမတိုင်မီကာလ စည်းရုံးရေးခရီးအနေနဲ့ ပုလဲမြို့နယ်၊ အလယ်ဘုံရွာကိုရောက်စဉ်က၊ ကျွန်တော်နဲ့ ဇနီး ဒေါ်မြမြအေး။ ဓါတ်ပုံပို့ပေးတဲ့ အိမ်ရှင် မမျိုးဝင်းကို ကျေးဇူးတင်ပါတယ်။ ဒေါက်တာတင့်ဆွေ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာပါ ရွေးကောက်ပွဲရလဒ်သတင်း ၂၇-၅-၁၉၉ဝ နေ့ကကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ်မြေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံရကြောင်း သမိုင်းမှတ်တမ်းကို ရှာဖွေပြီး ဖေ့စ်ဘွတ်မှာတင်ပေးတဲ့ Than Htay ကို အများကြီးကျေးဇူးတင်ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ၊ စစ်ကိုင်းတိုင်း၊ ပုလဲမဲဆန္ဒနယ်မြေ (၂)၊ (NLD) ကိုယ်စားပြုယှဉ်ပြိုင်သူ၊ ဒေါက်တာတင့်ဆွေ ရရှိတဲ့မဲစာရင်း • မဲပေးခွင့်ရှိသူဦးရေ = ၃၃,၁၉၅ • လာရောက်မဲပေးသူဦးရေ = ၂၄,၂၆၄ • မဲလာမပေးသူ = ၈,၉၃၁ • ရရှိသည့်မဲ = ၆၁့ဝ၈% ဒေါက်တာတင့်ဆွေ ရွေးချယ်ခံရခြင်း၏ ဆုလာဘ် လွန်ခဲ့တဲ့ လေးနှစ်က ၁၉၉ဝ ရွေးကောက်ပွဲရလဒ်သတင်းပါတဲ့ လုပ်သားပြည်သူ့နေ့စဉ် သတင်း...

1990 Anniversary ၁၉၉ဝ မှာ ပါခဲ့တယ်

Image
၂၇-၅-၂ဝ၁၇ နေ့ဆိုရင် ၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးရဲ့ (၂၇) နှစ်ပတ်လည်နေ့ရောက်ပြီ။ တချို့က ၉ဝ ရလဒ်ကိုခေါက်သိမ်းပြီလားလို့ မေးလာတယ်။ ရွေးကောက်ပွဲလုပ်ပေးတဲ့စစ်အစိုးရက ဇာတ်သိမ်းပြီကွလို့ ပြန်ပြောလိုက်တယ်။ • ၉ဝ ရလဒ်ဆိုတာ ခေါက်သိမ်းချိန်မရပါ၊ • ကမ္ဗလာခင်းနှီး၊ ခြုံလွှမ်းပြီး ခရီးဆက်၊ • ပွက်ပွက်ဆူအပူကို ရေနွေးကြမ်းသောက်သူ မမှုပါ၊ • ကန္တာရလမ်းမှာ၊ ကိုယ့်အထုပ်ထမ်းသွား၊ • ကျား၊ ခြင်္သေ့ တောဘုရင်၊ သမင်သာစား၊ ငါကား အုတ်ကြားမြက်၊ • အိပ်စက်နားစရာ၊ နှီးဖြာနဲ့ တာလပတ်သာပိုင်၊ • ယိုင်သော်လည်း မလဲ၊ လဲပေမယ့် ထလျှောက်၊ • နောက်ပြန်မကြည့်၊ ၉ဝ ရှိလို့ ၂ဝ၁၅ ရှိ၊ • တွက်ဆစ်ကြည့် ၂၇ နှစ်တိတိ။ (၁၉၉ဝ မှာ မဲပေးခဲ့ကြသူအားလုံးကို ဂုဏ်ပြုလျက်) ဒေါက်တာတင့်ဆွေ ၂၇-၅-၂ဝ၁၄ ၂၇-၅-၂ဝ၁၇