Posts

Louisville လူးဝစ်ဗေးလ်

Image
ဘုန်ကြီးကျောင်းမှာ ဘုန်းဘုန်းနှစ်ပါးနဲ့ ဘာသာရေးနဲ့ တိုင်းပြည်အရေး မေးကြ ပြောကြပါတယ်။ ဒေါက်တာတင့်ဆွေ ၂၇-၉-၂ဝ၁၈ ဓါတ်ကြီး လေးပါး ကွန်မင့်တခု ဖတ်ရတယ်။ ဒီဆရာတွေကြောင့် သမိုင်းသိခဲ့ရပါတယ်ဆရာ လေးစားလျက်ပါရှင့် အင်ဒီယာနာပုလစ်မြို့ကနေ လူးဝစ်ဗးလ်မြို့ကိုလာကြတော့ ဆရာအော်ပီကျယ်ကပြောတယ်။ သူ (မင်းကိုနိုင်) မှာ သမိုင်းရှိတယ်။ ကျွန်တော်က ပထဝီတဲ့။ လာကြိုသူတယောက်က ကိုတေဇာ။ ကားမောင်းတဲ့သူ အစော (ကရင်) နဲ့ ဧည့်မြှောင်ကျွန်တော်တို့က အာဘောနဲ့ ဝါယောတွေဖြစ်ရော။ ရေကန်အသင့် ကြာအသင့် ဘယ်မှ မသွားခင် ကြိုတင် ကြော်ငြာထားရတယ်။ မြန်မာပြည်ပြန်တော့ ကျွန်တော်ရေးထားတဲ့ မြန်မာ့အစားအစာ မီနူးတွေအကုန် ထမင်းဝိုင်းတွေမှာ တွေ့ရတယ်။ အခုည လူးဝစ်ဗေးလ်မှာ အိပ်တယ်။ ဝိုင်ဖိုင်ထည့်ပြီးပြီ။ အိပ်ခန်းထဲကို ရေနွေးအိုးရောက်လာတယ်။ ဗမာထန်းလျက်နဲ့ ထိုင်းထန်းလျက်လည်း ပါတယ်။ ကေအက်ဖ်စီ သမိုင်း ကိုမင်းကိုနိုင်တို့အဖွဲ့ လင်ကွန်းရဲ့ သစ်လုံးအိမ်လေးဆီသွားကြတယ်။ ကျွန်တော်က တခေါက်ရောက်ဖူးလို့ တခြားနေရာတွေသွားတယ်။ ကေအက်ဖ်စီတင်တီထွင်သူပြတိုက်ရောက်တယ်။ အရင်တခေါက်ရောက်စဉ်က အိမ်ရှင်တွေမပါဘဲ ကေအက်ဖ်စီဆိုင်တခုဝင်စားတာ မကောင်းလ...

Reap What You Sow ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းရတယ်

Image
ဆရာ ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းရတယ် ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုရေးရလဲခမျာ ။ ရိတ်သိမ်းတယ်ဆိုတာ Harvest ကို သုံးလို့ရပါသလား We Harvest What We Plant Reap What You Sow ဒေါက်တာတင့်ဆွေ ၂၆-၉-၂ဝ၁၈

သူငယ်တန်းကနေစရမယ်

Image
လူးဝစ်ဗေးလ်က အခုပဲ ပြန်ရောက်ပါတယ်။ (ဆရာ) အော်ပီကျယ်နဲ့ (ကို) မင်းကိုနိုင်တို့တော့ ခရီးဆက်ကြလိမ့်ဦးမယ်။ ဧည့်ဝတ်ကျေကြသူတွေကို ကျေးဇူးတင်ပါတယ်။ အင်ဒီယာနာပုလစ်မြို့ကနေ လာခေါ်ပေးသူနှစ်ယောက်ကိုလည်း ကျေးဇူးတင်တယ်။ ဒီတိုင်းပြည်ရောက်တော့ စာပေဟောပြောပွဲနှစ်ခုကိုရောက်တယ်။ ပဌမဆုံးတခုက ဖို့ဒ်ဝိန်းမြို့မှာ။ ဟောပြောချက်တွေထက် လူအစစ်တွေမြန်မာစကားကိုဘယ်လိုပြောဆိုကြသလဲ သိချင်လို့ပါ။ ပြည်ပမှသာနေသူတွေနဲ့ နှစ်ပေါင်း ၂ဝ ကျော်နေခဲ့ရပြီး၊ ဖေ့စ်ဘွတ်မှာရေးတာတွေသာ ဖတ်နေခဲ့ရလို့ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်မှာ စကားမပီသ၊ သတ်ပုံအမှားတွေသာ ကြားနေရ၊ ဖတ်နေရလို့။ ရသတွေနားထောင်ချင်လို့ မဟုတ်ခဲ့ပါ။ ဒီတခါအပြီးမှာတော့ ကျွန်တော် ပြောဆိုရေးသားနေတာတွေကို တတန်းတက်ဖို့လိုပြီဆိုတဲ့ အသိရလာတယ်။ သတင်းတွေ၊ ဆေးတွေကို အမှန်နဲ့ အမှား၊ အတုနဲ့ အစစ်ကိုထောက်ပြတာတွေထက် ဆင်ခြင်စဉ်းစားနည်းကိုပါ ပြောရတော့မယ်။ တကယ်တော့ အဲတာဟာ သူငယ်တန်းကနေ စတင်ရမဲ့သဘောသာဖြစ်တော့ အတန်းဆင်းတာပေါ့။ ဒေါက်တာတင့်ဆွေ ၂၈-၉-၂ဝ၁၈

Never Share တသက်လုံး တခုမှ မပို့ပါရန်

Image
အရုပ်တွေ + စတစ်ကာတွေ + အီမိုကွန်တွေ + GIF ဖိုင်တွေ + အသံဖိုင်တွေ + ဗီဒီယိုဖိုင်တွေ + သတင်းတွေ + သီချင်းတွေ + တရားစာတွေ + ဘုရားပုံတွေ + ဆုံးမစာတွေ + ဟက်ကာဆိုတာတွေ + ကောင်းလွန်းလို့ဆိုတာတွေ + ရှယ်ပေးပါဆိုတာတွေ + ခြိမ်းခြောက်စာတွေ + သတိပေးစာတွေ + မဝေရင်ဘာဖြစ်မယ်ဆိုတာတွေ + သတ်ပုံးမှားတာတွေကို တသက်လုံး တခုမှ မပို့ပါရန်။ ဒေါက်တာတင့်ဆွေ

ဗွေ နှင့် ဘွေ

Image
လက်ဘွေ နှင့် လက်ဗွေ ဘယ်ဟာအမှန်လဲ လက်ဗွေကသာ သင့်ပါမယ်။ ဆင်ဗွေ မြင်းဗွေ အရိုးဗွေ အသားဗွေ ဗွေ = အလည်၊ ရစ်ပတ်လည်၊ လည်ပတ်သည်၊ လှည့်လည်သည်၊ ဗွေချာ ဗွေစာဖွပ် ဗွေဆိုး ဗွေကြန်ဆစ်မျက် ဗွေကြန်လက္ခဏာ ဗွေကြမ်း ဗွေယူ ဗွေလှုပ် ဗွေသီဟာ ဗွေကောင်း ဗွေဆော် ဗွေဆော်ဦး ဗွေဖေါက် လေဗွေ ပလ္လင်ဘွေ သီလာဘွေ ဟင်္သာဘွေ ဘွေ = ဘူဝိ = ဖြစ်ရာတည်ရာမြေ ဘွေဂီရိ ဘွေနည် = စူးစမ်းရှာဖွေသည် ဒေါက်တာတင့်ဆွေ ၂၅-၉-၂ဝ၁၈

Numbers ကိန်းဂဏန်းများကပြောတဲ့ သမိုင်း

Image
NLD က ၁ဝဝ% အနိုင်ရချင်တယ်တဲ့။ မြန်မာ့ရွေးကောက်ပွဲသမိုင်းထဲမှာ ကိန်းဂဏန်းတွေ မှတ်လောက်သားလောက် ရှိတယ်။ NLD လောဘကြီးတယ်မထင်ပါနဲ့၊ ၁ဝ၂% အနိုင်ရခဲ့တာ တကယ်ရှိပါတယ်။ - ကျွန်တော် ၁၉၉ဝ ရွေးကောက်ပွဲကိန်းဂဏန်းတွေကို အလွတ်ရတယ်။ တနှစ်တခါ IPU မှာသွားပြီး လူ့အခွင့်အရေး ချိုးဖေါက်ခံနေကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအကြောင်း တင်ပြနေခဲ့ရလို့ပါ။ ထောင်ထဲမှာ ကျန်သေးသူတွေ၊ ထောင်ထဲမှာ သေသွားသူတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ပြည်ပထွက်ရသူတွေကို အတိုး-အလျော့ ကိန်းဂဏန်း အတိအကျနဲ့ တင်ပြပါတယ်။ - ၁၉၉ဝ ရွေးကောက်ပွဲရလဒ်တွေကိုလဲ အလွတ်ရွတ်နိုင်ပါတယ်။ နိုင်ငံရေးပါတီပေါင်း ၂၃၅၊ ရွေးကောက်ပွဲဝင်တော့ ၉၇၊ အနည်းဆုံးတနေရာ အနိုင်ရတာက ၁ဝ ပါတီ။ ကိုယ့်ဖါသာဖျက်တာက ၁ဝ၂ ပါတီ၊ အစိုးရကနေ အပိတ်ခံရတာက ၃ ပါတီ၊ ရွေးကောက်ပွဲမှာ ၃ နေရာဝင်မပြိုင်လို့ ဖျက်ရတာက ၆ ပါတီ၊ ဝင်မပြိုင်လို့ ဖျက်ရတာက ၃၁ ပါတီ၊ အပြီးမှာ ကျန်နေတာက ၉၃ ပါတီ၊ ထပ်အဖျက်ခံရတာက ၈၃ ပါတီ၊ နောက်ဆုံးမှာ တရားဝင် ရပ်တည်နိုင်တော့တာက ၁ဝ ပါတီ။ - အနိုင်ရတာမှာ NLD က ၃၉၂ နေရာ၊ ဒုတိယလိုက်တာက SNLD ၂၃ နေရာ၊ တတိယက ALD ၁၁ နေရာ၊ NUP တစည က ၁ဝ နေရာ။ အမတ်နေရာ အနည်းဆုံး ၁ နေရာနိုင်တာက ၂၈ ပါတီ။ - ၂ဝ၁ဝ...

Encouragement makes a fault easy to correct ပြုပြင်ရလွယ်သူ

Image
တမြန်နှစ် ဒီလိုနေ့က သတ်ပုံပို့စ်အောက်မှာ တစ်မရေးသင့်တာကို ပြင်ပေးတော့၊ ဟုတ်ဆရာ ပြင်ရေးတော့မယ်တဲ့။ ပြုပြင်ရလွယ်ကူသူဆိုတာ များများမရှိဘူးလို့ ရေးလိုက်ပါတယ်။ နောက်တယောက်က အစားအသောက်ပို့စ်အောက်မှာ စာတောင်လာပြီလို့ရေးတယ်။ ဆာလို့ရေးရမယ်၊ စာဆိုရင် စာကလေး ဖြစ်သွားမယ်လို့ရေးတော့ သူကလည်း ဟုတ်ဆရာလို့ ရေးပါတယ်။ အဲသည်အတိုင်းပဲ ပြန်ရေးပါတယ်။ လူမှုရေးမှာ ပြုပြင်ရလွယ်သူနဲ့ တရားသဘောမှာ ဆုံးမရလွယ်သူလို့ရှိတယ်။ တော်တော်တန်တန် အခံပါရမီမရှိရင် ပြင်ဘို့ မလွယ်၊ ဆုံးမရခက်တယ်။ ကိုယ့်သားသမီးတွေပဲကြည့်ပါ။ ကိုယ့်ကျောင်းသူကျောင်းသားတွေပဲကြည့်ပါ။ တချို့သာ သင်ပေးတာ ရသွားကြတယ်။ မိတ္တဗလဋီကာစာအုပ်ကိုရေးသားခဲ့သူ ဒေးလ်ကာနယ်ဂျီက ရေးတာတခုရှိတယ်။ အားပေးခြင်းဟာ အမှားပြင်စေဖို့ရာ လွယ်ကူစေပြီး ရင်ဆိုင်စရာကိုပါ လက်ခံရဲစေတယ်တဲ့။ ဆုံးမရလွယ်သူတွေ ဖြစ်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၂၈-၉-၂ဝ၁၈