ဖါးပါရင် တကောင်ပေးပ
စကား၊ ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ်၊ သတင်း စတာတွေမှာ စံကိုက်သတ်ပုံမဟုတ်တာမျိုး သုံးတတ်ပါတယ်။ ဖါးပါလျှင်လို့ မရေး၊ ပေးပါလို့ မရေးပါ။ ဖါးကိုလည်း ဖားလို့မရေးပါ။ ကစွန်းပင် ဟိုအရင်ကတည်းက ကစွန်းနဲ့ ကန်စွန်းလို့ပါ ရေးပါတယ်။ ကဇွန်းနဲ့ ကန်ဇွန်းလို့ မရေးပါ။ ဆပ်သဖူး ဆပ်သဖူးတဲ့ တရုံနှစ်ရုံ ခွေးမြီးကောက်တဲ့ တကောင်နှစ်ကောင် နာရီသံ တချက်ပေး ကြွက်ငယ် ဆင်းလို့ပြေး ပဲ ပဲ သိုးမဲ ပဲ ပဲ သိုးမဲ သိုးမွေးရှိပါစ ဟုတ်ကဲ့သခင် သုံးအိတ်အပြည့်ဗျ။ တအိတ်က သခင့်ဖို့ တအိတ်က သခင်မ အရပ်ထဲက လူကလေးသို့ ကျန်တအိတ်ကိုမျှ။ ဆီး ဆော ပျဉ်ကိုခွ ရန်ကုန်မြို့ကို သင်လမ်းပြ ခြေတဖက်ချီ ခြေတဖက်ချ ရန်ကုန်သွားလမ်း ဤသို့ဗျ။ ကိုးတဆယ် ကြက်မကြီးကိုဝယ် တစ် နှစ် အင်းကျီဝတ် သုံး လေး တံခါးပိတ်ပေး ငါး ခြောက် တုတ်ကိုကောက် ခုနစ် ရှစ် တည့်တည့်ပစ် ကိုး တဆယ် ကြက်မကြီးကိုဝယ်။ ရွှေမိုး ရွှေမိုး ညိုညို မရွာပါနဲ့ ဆို။ နောက်တနေ့မှ လာခဲ့ပါ မလိုသေးလို့ တောင်းပန်တာ ကိုနီလေး ကစားချင်လို့ပါ။ ကိန်နရီ အသူဖြစ်ချင်တယ် ကိန်နရီ အသူဖြစ်ချင်တယ် တကိုယ်တည်း သီချင်းဆိုလို့ကွယ် မြိုင်တြော...