သောနုတ္ထိုရ်၏ လျှောက်ထားချက်
အမျိုးသားရေးဝါဒသစ်အောက်မှာ ကွန်မင့်တခုလာပါတယ်။ အမျိုးသားရေးအော်နေသူတွေက ထရမ့်အနိုင်ရတာဟာ အမျိုးသားရေးဝါဒ အောင်ပွဲဆိုပြီး ဝမ်းသာနေကြလေရဲ့ ဟုတ်ပ။ ထရမ့်က လူဖြူ။ တရုပ်က ဟန်သွေး။ မဖြူတဲ့ မဟန်တဲ့လူတွေက ပဇာကြောင့် လက်ခမောင်းခတ်နေကြသည်မသိ။ ဦးပုည ရေးသားခဲ့တဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲက သောနုတ္တိုရ်ရဲ့ လျှောက်ထားခန်းကို သတိရတယ်။ ဟိုလူကြီးက၊ ပြာရီးပြာရာ၊ ပစာအရေး၊ မတွေးမခေါ်၊ မမျှော်မထောက်၊ ကြောက်ချင်တိုင်းကြောက်ထည့်ပြီးလျှင့့် ဆင်မင်းသခင်၊ ထိပ်ခေါင်တင်။ လူအိုမုဆိုး၊ ကျွန်တော်မျိုးသည်၊ ကိုယ်ကျိုးဆန္ဒ၊ ကိုယ့်ကိစ္စကြောင့်၊ သတ်ရသည်မဟုတ်ပါ။ ကာသိမင်း၏၊ သက်နှင်းတောင်ညာ၊ သုဘဒ္ဒါဟု၊ အဆာကျယ်လှ၊ ရှင်ဘုရင်မကြီးက၊ မြမရှား၊ စိန်မရှား၊ အလွန်ပင်များသည်ကို၊ နားလေးလေဟန်၊ ဆင်စွယ်မှ ပန်လိုသည်၊ သာမန်ဂုဏ်ငယ်၊ ဆင်နက်စွယ်များကိုလည်း၊ နားဝယ်မခံ၊ ညှီစော်နံ၍၊ ရွံသတဲ့ဘုရား။ ဆင်မျာ့ဘုန်းမော်၊ ဆင်မင်းကျော်၏၊ စွယ်တော်နှစ်ချောင်း၊ ခြောက်ရောင်မောင်းကိုသာ၊ နားဍောင်းပွတ်၍၊ ဆင်ဝတ်တော်မူလိုသည်၊ ဆဒ္ဒန်ဘုန်းကြွယ်၊ ကိုယ်တော်မြတ် အစွယ်ကိုမှ၊ နားဝယ်လှလှ၊ မဆင်ရလျှင်၊ စိတ်ချပေတော့၊ သူသေပါတော့မည်ဟု၊ ရွှေနန်းကြော့ရှင်၊ သူချစ်လင်၏ ရင်ခ...