Posts

Reading Room အိမ်ကစာဖတ်ခန်း

Image
ကျွန်တော် အလယ်တန်းကျောင်းသားအရွယ်လောက်က စိတ်ကူးယဉ်ခဲ့ဘူးတယ်။ ငါကြီးလာရင် အိမ်မှာ စာကြည့်ခန်းလေး တခုထားမယ်။ အဲဒီအခန်းဟာ ကြမ်းပြင်အောက် တထွာလောက်ဖြစ်ဖြစ် နိမ့်ထားမယ်။ အဲတာမှ ငါဟာဘဝင်ခိုက်တာ နည်းမယ်လို့ တွေးခဲ့တာပါ။ ကလေးတွေးပေါ့။ လက်တွေ့ဘဝမှာတော့ ဆရာဝန်၊ နိုင်ငံရေးလုပ်သူ၊ ပြည်ပနိုင်ငံကြေီးတွေမှာနေရတဲ့သူသာဖြစ်လာပေမဲ့ ခုထိ အိမ်မှာ စာကြည့်ခန်းလေး မထားနိုင်သေးပါ။ စိတ်ထဲမှာတော့ ကြာလေကြာလေ တထွာမက နိမ့်နိမ့်ကျလာပါတယ်။ စာအုပ်တွေ ပိတာခံနေရာသူလည်းမဟုတ်ပါ။ ဒေါက်တာတင့်ဆွေ ၂၈-၉-၂ဝ၁၆ ၂၈-၉-၂ဝ၁၇

Unmarried Women မြန်မာပြည်မှာ အိမ်ထောင်မပြုသူ အမျိုးသမီးများနေ

Image
မြန်မာပြည်မှာလို့ရေးတာကို သတိပြုစေချင်ပါတယ်။ လူတိုင်းလိုလိုက မြန်မာလို့သာရေးကြတယ်။ တိုင်းပြည်လည်းမြန်မာ၊ လူမျိုးလည်းမြန်မာ နာလည်းရတကယ်ခက်တယ်။ ၂ဝ၁၄ သန်းခေါင်စာရင်းအရနဲ့ သတင်းတွေအရ မြန်မာပြည်မှာ အမျိုးသမီးအရေအတွက်က အမျိုးသားတွေထက် နည်းနည်းပိုများတယ်။ ဒါပေမဲ့ အိမ်ထောင်သားမွေးရမဲ့အရွယ်ရှိ အမျိုးသမီးတွေက အိမ်ထောင်ပြုကြတာနည်းလာလို့ ကလေးမွေးဖွားနှုန်း ကျနေတယ်လို့ဆိုပါတယ်။ ကိန်းဂဏန်းနဲ့ပြောရရင် အသက် ၄၅ နှစ်နဲ့ ၄၉ နှစ်ကြား အမျိုးသမီး တွေထဲက ၁၄% ကနေ ၁၅% တို့ဟာ အိမ်ထောင်မရှိကြတာတွေ့ရတယ်။ ဘာလို့ အိမ်ထောင်မပြုသလဲဆိုတဲ့ သုတေသနတွေလည်း လိုပါသေးတယ်။ တင်ပြသူပညာရှင်က လူဦးရေပေါ်လစီသစ် ရှိသင့်ပါတယ်လို့ ဆိုပါတယ်။ မိသားစုစီမံကိန်း၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ် စောင့်ရှောက်ခြင်းတွေကိုပြောတာပါ။ တပြည်လုံးအတိုင်းအတာအရတော့ မြန်မာပြည်ရဲ့ ကလေးမွေးနှုန်းဟာ ဒေသတွင်းမှာ မြင့်မားပါတယ်။ တခြား အာရှနိုင်ငံတွေမှာ ပျမ်းမျှ အမျိုးသမီးတယောက်ကနေ ကလေးမွေးနှုန်း ၂့၅ ယောက်ရှိပါတယ်။ အိမ်ထောင်ပြုကြတဲ့ အမျိုးသမီးတွေချည်းသာတွက်ရင် ၅ ယောက်နှုန်းဖြစ်ပါတယ်။ စီးပွါးရေး ပိုတိုးတက်တဲ့ ထိုင်းနိုင်ငံမှာ ၁့၅ ယောက်သာ ရှိတယ်။ တောပိုင်းနေအ...

Dial type Blood pressure Apparatus ဒိုင်ခွက်ပါ သွေးတိုင်းကရိယာ

Image
သွေးဖိအားတိုင်းကရိယာ သီတင်းကျွတ်မှာ ကန်တော့ချင်လို့ပါကိုရေးထားတယ်။ အခုနောက်တမျိုးရေးပါမယ်။ ဆေးရုံတိုင်း၊ ဆေးခန်းတိုင်းမှာ မြင်နေကြတဲ့ သွေးဖိအားတိုင်းကရိယာကို Sphygmomanometer (ဆဖစ်ဂမို-မင်မိုမီတာ) ခေါ်တယ်။ အရင်ဆုံးပေါ်ပြီး ခုထိလဲသုံးနေကြတာမို့ သမားရိုးကျလို့ ပြောနိုင်တယ်။ ၁၈၈၁ ကတည်းက ဂျာမန်ပညာရှင် (ဆယ်မြူရယ်-ဆီးဖရက်) ကနေ စတင်တီထွင်ပြီး၊ ၁၉ဝ၁ မှာ (ဟာဗေး-ကူရှင်း) က ပိုကောင်းအောင်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကရိယာမှာ (မာကျူရီ) ပါပြီး ဂဏန်းဖတ်ရင် မီလီမီတာနဲ့ဖြစ်တာမို့ သွေးဖိအားကို mmHg (မီလီမီတာ-မာကျူရီ) လို့ ရေးရတယ်။ နောက်ပေါ်ကရိယာတွေဖြစ်တဲ့ ဒိုင်ခွက်ပါကရိယာနဲ့ (ဒစ်ဂျစ်တယ်) အမျိုးအစားတွေနဲ့ တိုင်းရင်လဲ ဒီအတိုင်းပဲရေးတယ်။ ဒိုင်ခွက်နဲ့ သွေးဖိအားတိုင်းကရိယာမျိုးကို Aneroid/Dial type လို့ခေါ်တယ်။ (အင်းဒရွိုက်) ဆိုတာ ခေတ်စားလာတာက သိပ်မကြာသေးဘူး။ မိုဘိုင်းဖုန်းတွေ ဆန်းသစ်လာမှ ပိုသိလာကြတာပါ။ အမှန်က ၁၉ဝ၅ ကတည်းက ရုရှားသိပ္ပံ့ညာရှင် Nikolai Korotkov (နီကိုလပ်စ်-ကိုရိုတော့ဖ်) ကစတင် တီထွင်ခဲ့တာ ဖြစ်တယ်။ (အင်းဒရွိုက်) ဆိုတာက အရည်မပါတာကို ဆိုလိုတယ်။ ဒိုင်ခွက်နဲ့ ကရိယာမျိုးက (မာကျူရီ) သုံးသွေးဖိအားတိုင်းကရိယ...

HIV Prevention of mother-to-child transmission (PMTCT)

Image
မိခင်မှ ကလေးသို့ HIV မကူးစက်အောင် ကာကွယ်ရေး ၁။ ဒေါက်တာရှင့် ကျွန်မမှာ Hiv Positive ဖြစ်နေတာကို ကိုယ်ဝန်ခုနှစ်လရမှသိခဲ့ရပါတယ်။ သိသိချင်း ART ကို စသောက်ပြီး တလလောက်ဘဲသောက်ပြီး ဆေးရုံမှာကလေးကိုခွဲမွေးပြီး နို့ဗူးတိုက်ခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း ကလေးကိုလည်း မွေးပြီးပြီးချင်း ဆေးလေးဆယ့်ငါးရက်တိုက်ရမယ်ဆိုလို့ တိုက်နေတာ အခုဆို သားလေးရက် ၂၃ရက်ရပါပြီး။ ဆေးရုံက လေးဆယ့်ငါးရက်ပြည့်ရင် ပြန်လာဖို့ချိန်းထားခဲ့ပါတယ်။ သွေးစစ်လို့သားလေးမှာ Negative ဆိုရင်ဘာဆက်လုပ်ရမလဲ။ ကံမကောင်းခဲ့ရင်ကော သားလေးကို ဘယ်လိုဆက်လုပ်သင့်သလဲ ဆရာပြောပြပေးပါ။ အပြစ်ကင်းတဲ့သားရဲ့မျက်နှာကိုကြည့်ပြီး ဘုရားမှာဆုတောင်းရတာလည်းနေ့စဉ်ပါဘဲ။ တယောက်နဲ့တယောက် ပြောနေကြတာမတူလို့ဆရာ။ တချို့ကပြောတယ် လေးဆယ့်ငါးရက် သွေးစစ်လို့မရှိရင် လွတ်တယ်တဲ့ ဒါပေမယ့် ခြောက်လတခါ တနှစ်ခွဲတခါသွေးစစ်ရမယ်တဲ့။ တချို့ကလည်း အဲလိုမဟုတ်ပြန်ဘူး။ တနှစ်ခွဲအထိကို ဆေးပြောင်းတိုက်နေရမယ်ပြောတယ်ဆရာ။ ဘယ်ဟာကအတည်လဲ ဝေခွဲမရဘူးဖြစ်နေလို့ပါ။ ၂။ ဆရာ ကျွန်တော်တို့ BHS ဝန်ထမ်းတွေမှာ HIV အကြောင်းသင်ရတော့ PMCT အကြောင်းကို အဓိကထားသင်ရပါတယ်။ အဲဒီ PMCT မှာ Option B ရယ် ...

Cut Both Ways ဖြတ်စရာတွေ

Image
Uhladaw Hladaw Sayardaw ရင်ထဲကခံစားချက် ရုံးထွက်ဖို့နေရာရှာ၊ မသေချာတဲ့အနာဂတ်၊ ဘဝကိုပုံသေအပ်ပြီး၊ အာဏာရှင်အမြစ်မျိုး ရိုက်ချိုးဖို့ရည်ရွယ်ချက်၊ ခရီးထွက်ရင်းနဲ့ သစ္စာတရားစတင်ပေါ်ထွက်ရာဌာန၊ အတူတူ ဆုံတွေ့ခဲ့ကြတယ်။ သမီးတို့ ရန်ကုန်ပြန်ရောက်နေကြပြီ။ ဆရာတော်ဦးလှတောကျောင်းမှာ။ မြတ်ဗုဒ္ဓပွင့်တော်မူရာမှာ ရေစက်ဆုံခဲ့သူတွေ။ ဘုန်းဘုန်းရေးစပ်သလို အမြစ်ဖြတ်စရာတွေက မျက်မှောက်ဘဝမှာရော သံသရာပါ။ သံသရာမှာလည်ရကတည်းက အတိတ်ကံအရဖြစ်ကြရတာ။ မြန်မာပြည်မှာမွေးကြသူတိုင်းမှာ ပစ္စုပ္ပန်ဖြတ်စရာ တာဝန်ပါရှိကြတယ်။ ကိုယ့်ကံစီမံရာကို ကိုယ်တိုင်သာဖြတ်ကြရတယ်။ တိုင်းပြည်ကံကိုတော့ တိုင်းသူပြည်သားတွေက ဖြတ်ကြရတယ်။ ဖြတ်စရာတွေအကုန် ဖြတ်နိုင်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၂၇-၉-၂ဝ၁၇

ညောင်ကန်ဆရာတော် ဦးဗုဓ်

Image
၁။ Sein Win ရွာရိုးကိုးပေါက် ရောက်တတ်ရာရာ ညောင်ကန် ဆရာတော်ဦးဗုဓ် ကျောင်းတော် ၂။ Aung Myint San ဗုဒ်သုံးဗုဒ်ဆောင်ပါ၊ (၁) ဗုဒ္ဓ၊ (၂) ရှင်ဗုဒ္ဓဃောသ၊ (၃) ညောင်ကန်ဆရာတော် ဦးဗုဒ်။ ၃။ Myintthan Tun ရှင်ဗုဒ္ဓဃောသဆိုတာ ဝိသုဒ္ဓိမဂ္ဂ်ကျမ်းကိုရေးခဲ့တဲ့ သီဟို အခုတော့ သီရိလင်္ကာနိုင်ငံက ဆရာတော်ပဲဗျ၊ အဲဒီကျမ်းကို ပါဠိလို ဘာသာပြန်ဆိုခဲ့တာက ဆရာကြီးဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီးသိပ္ပံမောင်ဝတို့ရဲ့ဆရာ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ခရစ်ယာန်ဘာသာဝင် ဆရာကြီးဦးဖေမောင်တင် ပြန်ဆိုခဲ့တယ်။ ဦးဖေမောင်တင်၊ ပါမောက္ခဦးအေးမောင်၊ ဒဂုံရွှေမျှား၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ သိပံ္ပမှူးတင်၊ မောင်ထင်တို့က တကို မလိုအပ်ပဲ တစ်လုပ် မရေးခဲ့ကြပါ။ အခုတော့ ဒေါက်တာတင့်ဆွေ ၂၇-၉-၂ဝ၁၇

Dinner သေသေကြေကြေ

Image
Tun Hlaing ဆရာတော့ ဘာတွေစား Smile အန်တီအေးချက်တာစား။ Smile! Ma Win Than အန်တီအေးကတော့ ဆရာ့အကြိုက်တွေချက်မှာ အသေအချာ ဒေါ်မြမြအေးချက်တယ်၊ ငါးဆားနယ်။ ပဲတီချဉ်နဲ့ ပဲဟင်းထဲမှာ ခွေးတောက်ရွက်ခပ်။ နောက်ထပ့့် သေသေကြေကြေ၊ တခါတလေ၊ ကိုယ်တိုင် အပင်ကဆွတ်ပြီး ကိုယ်တိုင်ထောင်းထားတဲ့ ငရုပ်သီးစိမ်းထောင်း၊ စားလို့ကောင်း။ Smile! ဒေါက်တာတင့်ဆွေ ၂၇-၉-၂ဝ၁၆ ၂၇-၉-၂ဝ၁၇