၁။ ကျွန်မအသက်က ၂၃ နှစ်ပါဆရာ။ spider veins ဖြစ်တာ တနှစ်ရှိပြီ။ ပြီးတော့spider veins ဆေးလိမ်းပေမဲ့ မသက်သာဘူး။ ထပ်လည်းပွားလာတယ်ဆရာ။ ထိုးတဲ့နည်းလမ်းရှိရင် လမ်းညွန်ပေးပါဆရာ။ ၂။ မင်္ဂလာပါဆရာ ကျတော့်အမျိုးသမီးက အသက် ၃ဝ ပါ။ ကလေးတယောက်ရှိပါတယ်။ စားသောက်ဆိုင် အလုပ်လုပ်ပါတယ်။ ဆရာ့ဆောင်းပါးတွေကို ဖတ်ဖြစ်ပါတယ်။ ကျတော့ အမျိုးသမီးမှာ မတ်တပ်ရပ်တာများလို့ ခြေထောက်မှာ သွေးကြောပြတ်ပြီး ပင့်ကူမျှင်သွေးကြောတွေဖြစ်ပြီး ခြေခြထောက်က နာနေပါတယ်။ ဆေးထိုးလည်း ခဏပဲသက်သာပါတယ်။ ပြီးတော့ နာနေတဲ့ ခြေသလုံး အပေါ်နေရာကို အနိုပ်ခံတာ ရပါသလားဆရာ။ ကျေးဇူးပြူပြီး ပြန်ဖြေပေးပါ ဆရာ။ ၃။ ဆရာ မင်္ဂလာပါရှင့်။ ကျမခြေသလုံးနှစ်ဖက်စလုံးမှာ ပင့်ကူပုံသွေးကြောလေးတွေ အများကြီးပေါ်လာလို့ပါ။ အရင်ကထက် ပိုများလာလို့ပါရှင့်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ညာခြေထောက်မှာ သွေးကြောထုံးရောဂါဖြစ်လို့ ခွဲစိတ်ထားရပါတယ်။ အသက်က ၃၅ ထဲရောက်ပါပြီရှင့်။ အရင်ကအရမ်းပိန်ပြီး အခုနည်းနည်းဝလာပါတယ်။ ခြေသလုံးမှာပေါ်နေတဲ့ သွေးကြောမျှင်တွေကို ခွဲစိတ်ပြီးဖယ်ထုတ်လို့ ရပါသလားဆရာ။ နောက်ထပ်မဆိုးလာအောင် ဘယ်လိုကာကွယ်ရမလဲ သိချင်ပါတယ်ရှင့်။ ၃။ ဆရာ မရိုမသေ တချက်လောက်ကြည့်ပေးပါလား ခြေ...