The Kings in History မင်းဆက်များ မှတ်စု

အပြီးမသတ်သေးတဲ့ မှတ်စုသာဖြစ်တယ်။ ပြင်စရာတွေရှိသေးတယ်။

၈၄၉-၁၂၉၇ - ပုဂံခေတ် (ပဌမမြန်မာနိုင်ငံ)
၁၂၉၉ မှ ၁၃၆၄ - ပင်းယခေတ်
၁၃၆၄ မှ ၁၅၂၆ - အင်းဝခေတ်
၁၅၂၆ မှ ၁၅၉၆ - တောင်ငူခေတ် (ဒုတိယမြန်မာနိုင်ငံ)
၁၅၉၆ မှ ၁၇၅၂ - ညောင်ရမ်းခေတ်
၁၇၅၂ မှ ၁၈၈၅ - ကုန်းဘောင်ခေတ် (တတိယမြန်မာနိုင်ငံ)

ပဌမတကောင်းမင်းဆက် (၃၃) ဆက်
ဒုတိယတကောင်းမင်းဆက် (၁၇) ဆက်
သရေခေတ္တရာမင်းဆက် (၂၇) ဆက်
ပုဂံမင်းဆက် (၅၈) ဆက် (၈၄၉-၁၂၉၇)
မြင်စိုင်းခေတ် နှင့် ပင်းယခေတ် ၁၂၉၇–၁၃၆၄
ပင်းယမင်းဆက် (၇) ဆက် (၁၃၁၀ – ၁၃၆၄)
စစ်ကိုင်းမင်းဆက် (၇) ဆက် (၁၃၃၀ မှ ၁၃၄၆)
ပဌမအင်းဝမင်းဆက် (၂၀) ဆက် (၁၃၆၄ မှ ၁၄၉၂)
ဒုတိယအင်းဝ (၁၀) ဆက် ၁၄၉၇ မှ ၁၆၅၁)
ကေတုမတီ (တောင်ငူ) (၂၈) ဆက် (၁၄၈၅ မှ ၁၆၁၃)
ညောင်ရမ်းမင်းဆက် (၁၁) ဆက် (၁၅၉၉ မှ ၁၇၃၃)
ဟံသာဝတီ (ပဲခူး) ၁၇၄၀ မှ ၁၇၅၇
ကုန်းဘောင်မင်းဆက် (၁၇၅၂ မှ ၁၈၈၅)
ပဌမအင်္ဂလိပ်-မြန်မာစစ် (၁၈၂၄ မှ ၁၈၂၆)
ဒုတိယအင်္ဂလိပ်-မြန်မာစစ် (၅-၄-၁၈၅၂ မှ ၂ဝ-၁၂-၁၈၅၂)
တတိယအင်္ဂလိပ်-မြန်မာစစ် (၇ မှ ၂၉ နိုဝင်္ဘာ ၁၈၈၅)
ဗြိတိသျှကိုလိုနီခေတ် ၁၈၂၄ မှ ၁၉၄၈
ဂျပန်ကိုလိုနီခေတ် ၁၉၄၂ မှ ၁၉၄၅
လွတ်လပ်ရေးရပြီးခေတ် ၁၉၄၈ မှ ၁၉၆၂
မဆလခေတ် ၁၉၆၂ မှ ၁၉၈၈
နအဖခေတ် ၁၉၈၈ မှ ၂၀၁၀
ဒီမိုကရေစီတစိတ်ပိုင်းခေတ် ၂၀၁၁ မှ ၂၀၂၀

တကောင်း 
မြန်မာအစာတကောင်းကလို့ဆိုရိုးက ခိုင်မာတယ်။ မြန်မာအစ တခြားနေရာဒေသတွေကလို့ ရှိလာပေမဲ့ မင်းနေပြည်တွေနဲ့ မင်းဆက်တွေဟာ တကောင်းကသာစတယ်။ ဒါပေမဲ့ ရှေးကျတဲ့သမိုင်း ပါးစပ်ရာဇဝင်သာများတယ်။ 

မှန်နန်းရာဇဝင်မှာ သာကီဝင်မင်းမျိုး အဘိရာဇာက ဘုရားပွင့်တော်မမူမီ နှစ်ပေါင်း သုံးရာကျော်က အိန္ဒိယနိုင်ငံကနှေ မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီး တကောင်းမြို့ကို တည်ထောင်ခဲ့တယ်လို့ ဆိုတယ်။ ရာဇဝင်မှာ ဗုဒ္ဓဝင်နဲ့ အမျိုးတော်ခိုင်းတာတွေ မမှန်လောက်ပါ။ အဘိရာဇာမင်းကစပြီး မင်း (၃၃) ဆက်မြောက် ဘိန္နကမင်းလက်ထက်မှာ ပဌမတကောင်း ပျက်စီးတယ်။ ဒုတိယတကောင်းကို ဓဇရာဇာမင်းကတည်တယ်။ ဓဇရာဇာမင်းက ဘိန္နကရဲ့မိဖုရားနာကဆိန်နှင့် စုံဖက်ပြီး စိုးစံတယ်။ ပထမတကောင်းမင်းဆက် (၃၃) ဆက်နဲ့ ဒုတိယတကောင်းမင်းဆက် (၁၇) ဆက် စိုးစံခဲ့တယ်။ 

တကောင်း နှင့် ဓညဝတီ
အဘိရာဇာမှာ သားတော်နှစ်ပါးရှိတယ်။ သားငယ်ဖြစ်သော ကံရာဇာငယ်က တကောင်းထီးနန်းကို ဆက်ခံလာသောအခါ၊ သားကြီးကံရာဇာကြီးက ဧရာဝတီမြစ်အတိုင်းစုန်ခဲ့ပြီး၊ ချင်းတွင်းမြစ်ကို ဆန်တက်၊ ကလေးကျေးတောင်ညိုအရပ် ရာဇဂြိုဟ်အမည်ပေးပြီး ခြောက်လ ဗိုလ်ဝင်ခံတယ်။ နောက် ကစ္ပနဒီမြစ် အရှေ့ဘက်၌ ကျောက်ပန်းတောင်းမြို့ကို တည်ထောင်စိုးစံသည်။ နောက် ရခိုင်ပြည်မှာ မင်းဆက်ပြတ်နေတဲ့ ဓညဝတီမြို့ဟောင်းကို အုပ်ချုပ်တယ်။ 

ဘိန္နကမင်းလက်ထက် တရုပ်တွေဝင်တိုက်လို့ တကောင်းပျက်တယ်။ ဓဇရာဇာဆိုသူ သာကီဝင်က ဘန္နမင်းရဲ့မိဖုရား နာဂဆိန်ကိုယူပြီး စိုးစံတယ်။ မင်းပေါင်း ၁၇ ပါး။ 

တကောင်းကို ပျူမြို့ပြနိုင်ငံတခုလို့ဆိုတယ်။ တကောင်းကို တည်ထောင်ချိန်က မြန်မာနိုင်ငံအထက်ပိုင်းမှာ ပျူလူမျိုး၊ အနောက်ဘက်၌ ကမ်းယံလူမျိုး၊ မြောက်ဘက်၌ သက်လူမျိုး၊ ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်ဝှမ်းတို့၌ မွန်လူမျိုးများ နေထိုင်ကြတယ်လို့ ယူဆတယ်။ တကောင်းပြည်ကို သင်းတွဲပြည်လို့လည်း ခေါ်ကြတယ်။

ပျူမြို့ပြနိုင်ငံများ ဘီစီ ၂၀၀ မှ အေဒီ ၁၀၅၀
သရေခေတ္တရာ (သီရိခေတ္တရာ) က ပျူလူမျိုးတို့ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တယ်။ ပြည်မြို့တောင်ဘက် ငါးမိုင်ခန့် အကွာမှာရှိတယ်။ အေဒီ ၄ ရာစုမှ ၉ ရာစုအတွင်း ထွန်းကားခဲ့တဲ့ ရှေးပျူမြို့ဟောင်းဖြစ်တယ်။ ဂဝံပတေ့ အရှင်သူမြတ် အမှူးပြုပြီး ဒွတ္တပေါင်မင်းကြီး တည်ထောင်ခဲ့တယ်။ မှန်နန်းမဟာရာဇဝင်မှာ သရေခေတ္တရာမင်းဆက် ၂၇ ဆက်ကို ဖော်ပြထားတယ်။ 

သရေခေတ္တရာပထမမင်းဆက် (၂၇) ဆက်
1. မဟာသမ္ဘာဝ (သာသနာနှစ်-၆ဝ) (BC-484)
27. သုပညာနဂရဆိန္ဒ (သာသနာနှစ်-၆၁၂) (AD-68)

ပုဂံခေတ်
ပုဂံမင်းဆက် (၅၈) ဆက်
1. သမုဒ္ဒရာဇ်မင်း (သက္ကရာဇ် ၂၉-နှစ်)
43. အနော်ရထာ (အနော်ရထာစော) (၁ဝ၄၄-၁ဝ၇၇)
55. နရသီဟပတေ့ (မင်းခွေးချေး၊ တရုပ်ပြေးမင်း) 
58. စောမွန်နစ် (သက္ကရာဇ် ၁၃၃၁-နှစ်) 

ပင်းယခေတ် (၁၃၁၃-၁၃၆၄) 
ပုဂံခေတ် ပျက်သုဉ်းပြီးနောက် ဖြစ်ထွန်းလာတဲ့ နိုင်ငံငယ် တခုဖြစ်တယ်။ စစ်ကိုင်းနဲ့ နိုင်ငံပြိုင်ဖြစ်တယ်။ မြင်စိုင်းခေတ်လို့ လည်းခေါ်တယ်။ သီဟသူက ၁၃၁၀ ခုနှစ်မှာ သူ့အကို အသင်္ခယာကို လုပ်ကြံပြီး ၁၃၁၃ ခုနှစ်မှာ ပင်းယမြို့ကို တည်တယ်။ ၁၃၁၅ခုမှာ သားတော်အငယ် အသင်္ခယာစောယွန်းက စစ်ကိုင်းမှာ မင်းပြိုင်ပြုတယ်။ ၁၃၆၄ ခုမှာ မောရှမ်းတွေဝင်ရောက်တိုက်လို့ စစ်ကိုင်းနဲ့ ပင်းယ ပျက်စီးတယ်။ အဲဒီနှစ်မှာ သီဟသူမြစ်တော်သူ သတိုးမင်းဖျား (သတိုးမင်းဘုရား) က အင်းဝခေတ်ကို တည်ထောင်တယ်။

ပင်းယဟာ ၁၂၈၇ မှာ ပုဂံအင်ပါယာ ကျဆုံးပြီးနောက် ပေါ်ထွက်လာတဲ့ မင်းနေပြည်တော် အသေးစားတွေထဲက တခုဖြစ်တဲ့ မြင်စိုင်းမင်းကို ဆက်ခံတဲ့ တိုင်းပြည်တခု ဖြစ်သည်။ စစ်ကိုင်းနဲ့ ပဋိပက္ခဖြစ်လေ့ရှိတယ်။ မြောက်ပိုင်းက ရှမ်းတွေ စီးနင်းတိုက်ခိုက်တာကို ခုခံကာကွယ်ရတယ်။ ၁၃၆၄ ခုနှစ်မှာ မိုးကောင်း ရှမ်းတွေက ပင်းယနဲ့ စစ်ကိုင်း နှစ်ခုစလုံးကို ဆက်တိုက်သိမ်းပိုက်ပြီးနောက် ပြိုလဲပျက်စီးခဲ့ရတယ်။ စစ်ကိုင်းမင်းသား သတိုးမင်းဖျားတည်ထောင်တဲ့ အင်းဝဟာ ၁၃၆၄ ကစပြီး ဗမာနိုင်ငံအလယ်ပိုင်းရဲ့ မင်းနေပြည်တော်အဖြစ် နှစ်ပေါင်း ၁၅၀ ကျော်တိုင်အောင် တည်ရှိခဲ့တယ်။ ပင်းယကို ၁၂၉၈ မှာ ရှမ်းညီနောင်သုံးဦးဖြစ်တဲ့ အသင်္ခယာ၊ ရာဇသင်္ကြန်နှင့် သီဟသူတို့က တည်ထောင်ခဲ့တယ်။ ၁၃၁၂ ခုနှစ်မှာ အငယ်ဆုံးသီဟသူက အကိုအကြီးဆုံးကို အဆိပ်ခတ်သတ်ပြီး ထီးနန်းကိုသိမ်းယူတယ်။ 

ပင်းယမင်းဆက် (၇) ဆက်
1. မြင်စိုင်းရာဇသင်္ကြန် (ကောဇာ ၆၇၄၊ ခရစ် ၁၃၁၂)
7. ဥဇနာပြောင်မင်း (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) (ဥစ္စနာပျောင်မင်း) ရှမ်း

စစ်ကိုင်းမင်းဆက် (၇) ဆက်
1. အသိင်္ခယာစောယွန်း (ကောဇာ ၆၉၂၊ ခရစ် ၁၃၃ဝ)
7. မင်းပြောက် (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄)

သီဟသူ၏ သားအကြီးဆုံးဖြစ်တဲ့ ၁၅ နှစ် အရွယ်ရှိ စောယွန်းက သူ့နောက်လိုက်နောက်ပါများနှင့်အတူ စစ်ကိုင်းသို့ ထွက်ခွာတယ်။ ပုန်ကန်ခဲ့ခြင်းမရှိပဲ သူ၏ဖခင်အပေါ်တွင် သစ္စာရှိသယောင် အမည်ခံအဖြစ်နေခဲ့တယ်။ ၁၃၂၄ ခုနှစ် သီဟသူသေပြီးနောက်မှာ ပင်းယနဲ့ စစ်ကိုင်းလို့ နှစ်ခြမ်းကွဲသွားတယ်။

၁၃၂၄ ခုနှစ် သီဟသူသေတော့ ပုဂံမင်းဆက်ရဲ့ အကြွင်းအကျန်ဖြစ်တဲ့ ဥဇန ထီးနန်းဆက်ခံခဲ့တယ်။ ၁၃၄၃ ခုနှစ်မှာ ထီးနန်းစွန့်လွှတ်ခဲ့ပြီး ရသေ့ဝတ်တယ်။ ၁၃၅၀ ခုနှောင်းပိုင်းမှာ ရှမ်းကျူးကျော်မှုတွေ ပိုမိုပြင်းထန်လာတယ်။

၁၃၆၄ ခုနှစ်မှာ ပင်းယဘုရင် နရသူဟာ သူ့အဓိကပြိုင်ဘက်ဖြစ်တဲ့ စစ်ကိုင်းနဲ့ မြောက်ပိုင်းက ရှမ်းတွေကို နှိမ်နင်းရန် အကြံအစည်တခုရတယ်။ စစ်ကိုင်းကို ပူးပေါင်းတိုက်ခိုက်ရန် မိုးကောင်းမှ ရှမ်းစော်ဘွား စောင်(ဝ်)ဖ နဲ့ မဟာမိတ် ပြုတယ်။ နရသူအစီအစဉ်ဟာ ရလဒ်ပြောင်းပြန် ထွက်ပေါ်တယ်။ မိုးကောင်းတပ်တွေက စစ်ကိုင်းမြို့ကို သိမ်းပိုက်ခဲ့ပြီး ပင်းယကို သိမ်းပိုက်ကာ နရသူကို အကျဉ်းသားအဖြစ် မိုးကောင်းသို့ ခေါ်ဆောင်သွားတယ်။ ရှမ်းတွေဟာ ဗမာပြည်အလယ်ပိုင်းကို မသိမ်းပိုက်ပေမဲ့ အစုတ်စုတ်အပြတ်ပြတ် ဖြစ်စေခဲ့တယ်။ နရသူရဲ့အကို အကြီးဆုံး ဥဇန (၂) က ပင်းယထီးနန်းကို ဆက်ခံခဲ့ပေမဲ့ သုံးလသာကြာတယ်။ ပင်းယမင်းနေပြည်တော်ကြီးဟာ မြင်စိုင်းနဲ့အတူ ပြီးဆုံးသွားတော့တယ်။

မြင်စိုင်းမင်းဆက် (၁၂၉၈-၁၃၁၃)
အသင်္ခယာ (၁၂၉၈-၁၃၁၀)
ရာဇသင်္ကြန် (၁၂၉၈-၁၃၀၅)
တစီးရှင် သီဟသူ (၁၂၉၈-၁၃၁၃)

ပင်းယမင်းဆက် (၁၃၁၃-၁၃၆၄)
တစီးရှင် သီဟသူ (၁၃၁၃-၁၃၂၄)
ဥဇနာ (ပင်းယ) (၁၃၂၄-၁၃၄၃)
ငါးစီးရှင် ကျော်စွာ (၁၃၄၃-၁၃၅၀)
ကျော်စွာငယ် (၁၃၅၀-၁၃၅၉)
နရသူ (မောပါမင်း) (၁၃၅၉-၁၃၆၄)
ဥဇနာပြောင် (ဥစ္စနာပြောင်) (၁၃၆၄)

ပဌမအင်းဝမင်းဆက်
1. သတိုးမင်းဖျား 1364-1367 (ပင်းယမှ ရွှေ့လာ)
20. မင်းရဲကျော်စွာ ၉၄၈-၉၅၄ 1486-1492

ဒုတိယအင်းဝ
1. ညောင်ရမ်းမင်း ၉၅၉-၉၆၇ 1497-1505
10. ဟံသာဝတီပါမင်း ၁၀၉၅-၁၁၁၃ 1633-1651

တောင်ငူမင်းဆက်
ကေတုမတီ (တောင်ငူ) (အင်းဝလက်အောက်ခံကနေ မင်းကြီးညိုက သီးခြားပြည်ထူထောင်၊ မထူထောင်မီ မင်းဆက်ပေါင်း ၂၈ ဆက်အုပ်စိုးခဲ့။ 

1. မင်းကြီးညို (၁၄၈၅) 
2. နတ်သျှင်နောင် (၉၇၅)

ရခိုင်
၁၄၇၃ ခုနှစ်မှာ ရခိုင်ဓညဝတီက မင်းဘီလူကံတော်ကုန်းတော့ မင်းဆက်ပြတ်လို့ မင်းတောင်းတယ်။ အင်းဝဘုရင် မင်းကြီးစွာစော်ကဲက သူ့ဦးရီးတော် စောမွန်ကြီးကို ရခိုင်ကိုပေးတယ်။
စောမွန်ကြီးကွယ်လွန်တော့ မင်းထပ်တောင်းတဲ့အခါ ငယ်ကျွန်တလုပ်စားစောမည်းကိုပို့တယ်။ ဘုရင်က ထန်းစေ့ထန်းပင်ကဲ့သို့မကျင့်လေနှင်၊ ညေယင်စေ့ညောင်ပင်ကဲသို့ကျင်လေဟု မှာသည်။ စည်းတပစ် ပညာရှိက ကြောင်နှင့် ညောင်ကို ထုံးစံဥပမာပြု၍ကျင့်လေဟု မှာသည်။ တလုပ်စားစောမည်းက ပညာမရှိ။ ရခိုင်ရောက်တာနဲ့ မြို့တွင်းမြို့ပြင်က ညောင်ပင်တွေခုတ်ပြီး ဆင်စာကျွေးတယ်။တော်ထတွင်းကကြောင်တွေကို ဘမ်းပြီးသတ်စေတယ်။ ရခိုင်တွေက ပုန်ကန်တော့ စောမည်းထွက်ပြေးရတယ်။ နန်းကျကြီး မြေးကျော်စွာကို နန်းတင်တယ်။

မွန်
မြန်မာနိုင်ငံမှာ မွန်တွေဟာ အစောဆုံး အခြေချတဲ့ လူမျိုးစုတခုဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။ မြန်မာပြည်အောက်ပိုင်းကို ရာမညဒေသလို့ တချိန်က ခေါ်ခဲ့ပါတယ်။ မွန်တွေဟာ ထိုင်းနိုင်ငံထဲကနယ်မြေတွေမှာလည်း နိုင်ငံတွေ ထူထောင်ပြီး အုပ်စိုးခဲ့ကြပါတယ်။

တချိန်က မြန်မာပြည် အထက်ပိုင်း ကျောက်ဆည်လွင်ပြင်မှာလည်း မွန်တွေ အခြေချ နေထိုင်ပြီး စိုက်ပျိုးရေးတွေ လုပ်သွားတယ်။ 

မွန်နဲ့ပတ်သက်ပြီး သမိုင်းမှာ အငြင်းပွားနေတာတွေက သုဝဏ္ဏဘူမိဟာ သထုံပြည်လား၊ သထုံကို အနော်ရထာ တကယ် သိမ်းမသိမ်းနဲ့ ရွှေတိဂုံစေတီကို ဘယ်လူမျိုးတွေ တည်ခဲ့တာလဲ။ 

ပုဂံခေတ်မှာ မွန်ဘာသာနဲ့ ယဉ်ကျေးမှုတွေ ထွန်းကားခဲ့တယ်။ ကျန်စစ်သားလက်ထက် ပုဂံပြည်မှာ မွန်ဘာသာဟာ နန်းတော်သုံးဘာသာ ဖြစ်လာပြီး မွန်ပုံစံဗိသုကာတွေလည်း ထွန်းကားခဲ့တယ်။ မြန်မာဘာသာ အက္ခရာတွေကို မွန်ဘာသာကနေ တီထွင်ခဲ့တာ ဖြစ်နိုင်တယ်။

အနော်ရထာ ဝင်တိုက်တဲ့ သထုံဟာ နခုံပထုံ ဖြစ်မယ်လို့ ယူဆသူတွေလည်း ရှိကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ ပါပါတယ်။

မြန်မာဘက်က သထုံနဲ့ ပဲခူးမှာ အစောပိုင်း နန်းစိုက်ခဲ့တယ်ဆိုတဲ့ မင်းဆက်တွေဟာလည်း ဒွာရာဝတီရဲ့ လက်အောက်ခံ နိုင်ငံတွေ ဖြစ်နိုင်တယ်လို့ ယူဆကြတယ်။ 

ပဲခူးဟံသာဝတီခေတ်မှာ မွန်နိုင်ငံနဲ့ မြန်မာ စစ်ခင်းတာတွေကို ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှာ ဖော်ပြထားတယ်။ ပုဂံပျက်ပြီးနောက် အင်းဝနဲ့ ဟံသာဝတီ နိုင်ငံတွေ အနှစ်လေးဆယ် စစ်ခင်းကြတဲ့အချိန်မှာ မွန်သမိန်ဗရမ်းလို နာမည်ကြီး သူရဲကောင်းတွေ ပေါ်ထွက်ခဲ့တယ်။ ပဲခူးနဲ့ ဒဂုံ (ရန်ကုန်) မှာ မွန်ဘုရင်တွေရဲ့ ကုသိုလ် ရွှေမော်ဓောနဲ့ ရွှေတိဂုံ ရှိတယ်။

တောင်ငူ ဘုရင့်နောင်လက်ထက်မှာတော့ ပဲခူးကိုသိမ်းပြီး နန်းစိုက်ခဲ့ပါတယ်။ ညောင်ရမ်းမင်းဆက် အကုန်ပိုင်းမှာ အင်းဝကို မွန်တွေ ခဏသိမ်းနိုင်ခဲ့ပေမယ့် အလောင်းဘုရားရဲ့ ချေမှုန်းမှုကြောင့် မွန်နိုင်ငံ အပြီးပျက်သုဉ်းခဲ့တယ်။

ဟံသာဝတီ (ပဲခူး) (ထင်ရှားသောမွန်ဘုရင်များမှာ ဝါရီရူမင်းဆက်မှ ဗညားဦး( ၁၃၅၃-၈၅)၊ ရာဇာဓိရာဇ် (၁၃၈၅-၁၄၂၃)၊ ရှင်စောပု (၁၄၅၃-၇၂)၊ ဓမ္မစေတီ (၁၄၇၂-၉၂)။ မြန်မာမင်းများထဲမှ တပင်ရွှေထီး၊ ဘုရင့်နောင် အစရှိသည်။) 
ရခိုင် (၁၂၈၇-၁၇၈၅) လောင်းကြက်မင်းဆက် (ပုဂံမှကင်းလွတ်)၊ ရခိုင် မြောက်ဦးခေတ် ၁၄၂၉–၁၇၈၅။ ၁၄၇၃ ခုနှစ်မှာ ရခိုင်ဓညဝတီက မင်းဘီလူကံတော်ကုန်းတော့ မင်းဆက်ပြတ်လို့ မင်းတောင်းတယ်။ အင်းဝဘုရင် မင်းကြီးစွာစော်ကဲက သူ့ဦးရီးတော် စောမွန်ကြီးကို ရခိုင်ကိုပေးတယ်။ အရှေ့ဘင်္ဂလားက ၁၄၅၉-၁၆၆၆ အထိ မြောက်ဦးအောက်မှာရှိခဲ့တယ်။

မုတ္တမမြို့ (၁၂၈၇-၁၃၆၃)
ဒုန်ဝန်းမြို့ (၁၃၆၃-၁၃၆၉)
ပဲခူးမြို့ (၁၃၆၉-၁၅၃၉၊ ၁၅၅၀-၁၅၅၂)

ဝါရီရူးမင်း (၁၂၈၇-၁၃၀၇)
ရာဇာဓိရာဇ် (၁၃၈၄-၁၄၂၁)
ရှင်စောပု (၁၄၅၁-၁၄၇၁)
ဓမ္မစေတီ (၁၄၇၁-၁၄၉၂)

မဂဒူးမင်းဆက် (၁၂၈၇-၁၅၃၉)
အေဒီ (၁၁) ရာစုတွင် သုဝဏ္ဏဘူမိ ခေါ် သထုံမြို့ကို အနော်ရထာမင်းက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ မွန်တို့မှာ တထီးတနန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။ ထို့အတူပြင် ယနေ့ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာလည်း မြောက်ဖက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။ ပုဂံအင်အားကျဆင်းကာ မွန်ဂိုတာတာတို့၏ ရန်ကြောင့် ပုဂံပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူးမင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူးကိုအစွဲပြုကာ ၎င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟု၎င်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟု၎င်း ခေါ်ဝေါ်ကြသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။ ပထမ မင်း (၇) ဆက်တိုင်မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာ ထီးနန်းစိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ ဥလို၊ အဲဗြပန်ု နှင့် ဗြတ်ထဗ ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမမှ ဒုန်ဝန်း(ယခု ဝန်မြို့)သို့ ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ဝန်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှုံးပြန်သဖြင့် ဟံသာဝတီ(ပဲခူးမြို့)သို့ ပြောင်းရွှေ့ရပြန်သည်။ ထို ဆင်ဖြူရှင် ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ် လက်ထက်တွင် မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။ ရာဇာဓိရာဇ်သည် ထိုစဉ်က အင်းဝတွင် ထီးနန်းစိုးစံကြသည့် မင်းကြီးစွာ၊ ၎င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်(ငယ်အမည် မင်းဆွေ)တို့နှင့် စစ်ပြိုင်ပြုကာ ရာဇဝင်တွင် ထင်ရှားလှသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကြီးကို တိုက်ခိုက်ခဲ့ကြသည်။ ၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း လက်ထက်အရောက်တွင်မူ တောင်ငူမှ အင်အားကြီးမားလာသည့် တပင်ရွှေထီး၏အင်အားကိုမခံနိုင်ပဲ ကျဆုံးကာ မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။

မဂဒူးမင်းဆက် ၁၈ ဆက်
1. ဝါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး ၁၂၈၇-၁၂၉၆)
18. သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉)

ကုန်းဘောင်မင်း ၁၁ဆက်
1. အလောင်းမင်းတရား (ဦးအောင်ဇေယျ) (၁၇၅၂-၁၇၆ဝ)
11. သီပေါမင်း (၁၈၇၈-၁၈၈၅)

မှတ်သားရန်များ
ပုဂံအင်ပါယာကို မွန်ဂိုတွေက ဖျက်ဆီးခဲ့တယ်။ 
အင်းဝမှာ မြန်မာစာပေထွန်းကားခဲ့တယ်။ အင်းဝခေတ်တွင် စာဆိုတော် ပညာရှင်ပေါင်း (၄၉)ဦး ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါသည်။ ပထမအင်းဝခေတ်တွင် စာဆိုတော် (၂၃)ဦး၊ ဒုတိယအင်းဝခေတ်တွင် စာဆိုတော် (၁၂)ဦး၊ တတိယအင်းဝခေတ်တွင် စာဆိုတော် (၉)ဦး၊ စတုတ္ထအင်းဝခေတ်တွင် စာဆိုတော် (၅)ဦး ပေါ်ပေါက်ခဲ့သည်။
အနှစ် (၄ဝ) စစ်ကြောင့် အားအင်ကုန်ခမ်းပြီး အင်းဝခေတ်ပျက်စီးရတယ်။ 
တောင်ငူအင်ပါယာဟာ ဘုန်းတန်ခိုးကြီးတဲ့မင်းနတ်ရွာစံပြီး ပျက်စီးသွားတယ်။ 
ကုန်ဘောင်မင်းဆက်ဟာ နန်တွင်းရေးနဲ့ ညံ့ဖျင်းတဲ့မင်းနဲ့ အပေါင်းပါတွေ အုပ်စိုးချိန်မှာ ကျွန်ဘဝ ရောက်ခဲ့ရတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပေမယ့် ပြည်တွင်းစစ်နဲ့ နိုင်ငံရေးစနစ်ညံ့ဖျင်းကြောင့် အစစဆုတ်ယုတ်ကျဆင်းခဲ့ရတယ်။

လွတ်လပ်ရေးနဲ့အတူ ကွန်မြူနစ်တွေ တောခိုပြီး လက်နက်ကိုင်ပုန်ကန်တယ်။ ကရင်ကစပြီး တိုင်းရင်းသားတွေ အားလုံးလက်နက်ကိုင်တယ်။ ပြည်တွင်းစစ်ဖြစ်တယ်။ ကနေ့အထိ မပြီးသေးပါ။ ၁၉၄၉ မှ တရုပ်ဖက်ကနေပြေးဝင်လာတဲ့ တရုပ်ဖြူတွေကို တိုက်ထုတ်ရတယ်။ ၁၉၅၈ မှာ ဖဆပလ ၂ ခြမ်းကွဲတယ်။ ဦးနုက ဗိုလ်ချုပ်နေဝင်းကို အာဏာလွှဲတယ်။ ၁၉၆ဝ မှာ ဦးနုအစိုးရ ပြန်တက်လာတယ်။ ၂-၃-၁၉၆၂ မှာ ဗခကနေဝင်းကစစ်အာဏာသိမ်းတယ်။ ၁၉၇၂ ဧပြီမှာ ဗခကနေဝင်းနဲ့ စစ်ယူနီဖေါင်းချွတ်ပြီး မဆလပါတီနာမည်နဲ့ဆက်အုပ်ချုပ်တယ်။ ၁၉၇၄ ကစပြီး တပါတီစနစ်ဖွဲ့စည်းပုံအရ မဆလ ပါတီအစိုးရတွေက အုပ်ချုပ်တယ်။ ၁၉၈၇ မှာ မြန်မာနိုင်ငံဟာ LDC အဆင့် နိုင်ငံ ဖြစ်လာတယ်။ ၁၉၈၈ မတ်လကစပြီး ကျောင်းသားတွေ စတင်တဲ့ ဆန္ဒပြပွဲတွေဖြစ်တယ်။ မဆလပါတီ သမတ ၃ ဆက် ပြောင်းပြီး နောက်ဆုံး ၁၈-၉-၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းပြန်တယ်။

၁၉၉ဝ မှာ ရွေးကောက်ပွဲကျင်းပပေမယ့် NLD ကိုအာဏာလွှဲမပေးပဲ စစ်တပ်ကဆက်အုပ်ချုပ်တယ်။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲနဲ့အတူ လူဟောင်းတွေကပဲ အရပ်ဝတ်နဲ့ဆက်အုပ်ချုပ်တယ်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါလာတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်အနိုင်ရလိုက်တယ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး