Wrong Place နေရာမှားနေသူများ

1. စိတ်ရှည်ပါခင်ဗျာ။

2. ကိုယ့်ပရိသတ်ကို စိတ်ရှည် ရှည်ထားပေးပါ

3. စိတ်ရှည်ရှည်ထားပြီး ပရိတ်သတ်ကိုချော့ပေါင်းနေရမယ့်အနေအထားမဟုတ်ဘူးလို့ ပြောချင်တာပါ။ အွန်လိုင်းဆယ်လီတွေဆိုရင်တော့ ချော့ပေါင်းရမှာပေါ့။

4. အညာသားဆရာရေစိတ်လျော့ပါ

5. ဆရာ့ကိုအားကိုးတဲ့ဗမာတွေဟာ ဆင်းရဲသားတွေပါ


တရားပြသူတွေက အလွန့်လွန်များတာဘဲ။ ဒီတခါသာ မဟုတ်ပါ။ မကြာခဏ ဖတ်ရတယ်။ စိတ်ရှည်ပါ။ သည်းခံပါ။ ခွင့်လွှတ်လိုက်ပါ။ ဘလာ ဘလာ ဘလာ။


စည်းကမ်းမလိုက်နာသူတွေကို ဘာတခွန်းမှ မပြောကြ။ မှားရေးသူတွေကိုလည်း ဘာတခုမှ မရေးကြ။ ပလီပလာလုပ်သူတွေကိုလည်း ခွင့်လွှတ်တော်မူကြတယ်။ ဆေးခြောက်ကွန်မင့်ကို ဘလော့တော့လည်း အဲလိုပြောသူတွေ မနည်းပါ။


တရားဟောသူက သီလစောင့်ရတယ်။ ကျွန်တော်ကတော့ ဖေ့စ်ဘွတ်ကနေ တရားမရှာပါ။ တခြားနေရာကိုသာ ကြွကြပါခင်ဗျား။


ဒေါက်တာတင့်ဆွေ

၁၉-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး