ဒီမိုကရေစီရပြီ

စစ်သူကြီးများ ရှိပါသည်

သက်ဦးဆံပိုင်ခေတ်က မဟာဗန္ဓုလကို တသ အားကျ ကျေးဇူးတွေ တင်ကြသည်။

လွတ်လပ်ရေးကြိုးပမ်းရတဲ့ခေတ်က ဗခ အောင်ဆန်းကိုလည်း တသ အားကျ ကျေးဇူးတွေ တင်ကြသည်။ 


စစ်အစိုးရခေတ်တွေက

ဗခက နေဝင်းကို ဘယ်သူကမှ ဘာတခွန်းမှ မပြောရဲကြပါ။

ဗခမက စောမောင်ကိုလည်း ဘယ်သူကမှ ဘာတခွန်းမှ မပြောရဲကြပါ။

ဗခမက သန်းရွှေကိုလည်း ဘယ်သူကမှ ဘာတခွန်းမှ မပြောရဲကြပါ။

အခုတော့ ပြောလိုက်ကြတာ၊ မပြောရဲတာ ဘာတခုမှမရှိကြ။


ဒီမိုကရေစီရပြီ။ အရည်အချင်းကို ဆန်းစစ်ခွင့်ရကြပြီ။ အားကိုးလေးစားထိုက်သူ ဟုတ် မဟုတ် သိခွင့်ရကြပြီ။


သို့သော် ပဌမလို့ မရေးရဲကြသေး။ တပ်၏ ကင်းစခန်းတခုလို့ မရေးရဲကြသေး။ မြန်မာစာ ဒီမိုကရေစီမရသေး။


ဒေါက်တာတင့်ဆွေ

၂၀-၈-၂၀၂၀


Comments