A ဘုရားစူး

၁။ ဆရာခင်ဗျ မြန်မာစာမှန်ဖို့ တခုခုတော့ နေ့တိုင်းလုပ်မယ်လို့ ဆုံးဖြတ်မိတယ်


၂။ ဟုတ်ပါတယ် ဆရာ ကျွန်တော်ငယ်ငယ် တလုံး နှစ်လုံး တယောက် နှစ်ယောက် ကို (တစ်) လို့ မရေးလို့ မှားတယ်ဆိုပြီ အမှတ်နုတ်ခံရပါတယ် အမှတ်နုတ်ခံရလဲ အမှားကို မရေးနိုင် အမှန်ကိုသာတယောက်ထဲ ရေးခဲ့ပါတယ်


၃။ မြန်မာစာ လွတ်လပ်ရေးမရေသးဘူး ဆရာခင်ဗျာ ကျွန်တော် ဒီမှာ တခုခုကို လုပ်နိုင်ခဲ့တယ်ဆိုရင် မြန်မာစာမှန်ဖို့ တေထာင့်တေနရာက ပါဝင်ခဲ့တယ်ဆိုတာမျို ဖြစ်ချင်တယ် လေ့လာမယ် ဆည်းပူးမယ် မှတ်သားမယ် မျှေဝမယ်


နောက်ထပ်လည်း ရှိသေးတယ်။


စာအရေးအသားတွေကို တင်ပြနေတာ အတော်ကိုကြာပြီ။ မြန်မာစာဆရာ လုပ်ချင်လို့ မဟုတ်ပါ။ နေမကောင်းလို့ မေးကြတဲ့ မေးခွန်းတွေဖတ်ပြီး။ အံ့လည်း အံ့သြ၊ စိတ်လည်း အတော်ကို မကောင်းဖြစ်ရာကနေ ရေးတာ။


ရေးတာကလည်း ဒီဟာမှားတယ်၊ ဒီဟာသာမှန်တယ်လို့ မပြောပါ။ ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လိုရေးပါတယ်လို့ အထောက်အထားကို ဓါတ်ပုံရိုက် ပီဒီအက်ဖ်လုပ်ပြီး တင်ပြတာ။ နမူနာတွေ ထောင်ဂဏန်းရှိလောက်ပြီ။ ပို့ပေးကြသူတွေကိုလည်း ကျေးဇူး။


သတ်ပုံစာ ရန်ရှာသူက ပိုများတယ်။ အမျိုးမျိုး။ သတ်ပုံမှားရေးလို့ ငရဲမကျပါဆိုသူလည်းပါတယ်။ တယောက်ကနေ လင့်တခုပို့ပေးတယ်။ ကျွန်တော့်အမည်တပ်ပြီး အပြစ်တင်ရေးထားတယ်။ အဲလိုရေးနေတာတွေကြောင့် လူငယ်တွေကို တွေဝေစေတယ် စသဖြင့်။ အရင်က တခုတကောင်ရေးခဲ့တာကို လူမသိစေနဲ့သဘော။


နိုင်ငံရေးမှာလည်း နောက်ကြောင်းပြန်မလှန်နဲ့ဆိုသူ၊ နောက်ကြောင်းပြန်အရေးမယူရဆိုသူတွေရှိသလို။


အနော်ရထာလည်း ကိုယ့်ရာဇဝင်ထဲက၊ တရုပ်ပြေးမင်းလည်း ရာဇဝင်ထဲက။ ရုပ်တုကြီးသုံးခုသာ ကိုယ့်ဘုရင် မဟုတ်ပါ။ စလေငခွေးလည်း ပုဂံဘုရင်၊ ဆင်ဖြူအသေတကောင်ကို ရေထဲကဆယ်ယူပြီး တစီးရှင်ခံယူတဲ့သီဟသူလည်း ပုဂံအပျက် မင်းတက်လုပ်တဲ့ ရှမ်းဘုရင်။


ဘုရားစူး ကျွန်တော်တို့ အင်္ဂလိပ်စာ စသင်တော့ အေ တခု တကောင် တယောက်ဖြစ်ပါတယ်။ အဲလိုမပြောကောင်းဘူး၊ ငရဲကျလိမ့်မယ်ပြောလည်း ဆက်ရေးပါမယ်။


ဒေါက်တာတင်ဆွေ

၂၄-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး