Elections in the United States အမေရိကန် ရွေးကောက်ပွဲများ (၃)

အပိုင်း (၄) ပိုင်း ခွဲပြီး ရေးပါမယ်။


အပိုင်း (၃/၄)


Presidential elections သမတရွေးခြင်း

သမတနဲ့ ဒုသမတတွေကို တပြိုင်တည်း ရွေးတယ်။ Electoral College နည်းနဲ့ ဆုံးဖြတ်တယ်။ အနည်းဆုံး ၂၇၀ ရရမယ်။ တပြည်လုံးမှာရတဲ့မဲမှာ အရွေးခံရသူက ရှုံးတဲ့သူထက် နည်းကောင်း နည်းနေနိုင်တယ်။ ၁၈၀၄ ခုနှစ်အထိ မဲဒုတိယရသူက ဒုသမတဖြစ်တယ်။ ၂၀၂၀ ခုနှစ်အတွက် နိုဝင်္ဘာ ၃ ရက်နေ့။


State elections ပြည်နယ်ရွေးကောက်ပွဲများ

အာဏာခွဲဝေထားတယ်။ Governors ဂါဗာနာ ခေါ် ပြည်နယ်အုပ်ချုပ်သူနဲ့ state legislatures ပြည်နယ်အမတ်တွေကို သီးခြားရွေးတယ်။


Local elections ဒေသဆိုင်ရာ ရွေးကောက်ပွဲများ

County ကောင်တီအဆင့်၊ city မြို့အဆင့် အစိုးရအရာရှိတွေကို ရွေးတယ်။ sheriffs ကောင်တီ ရဲအရာရှိ၊ mayors မြို့တော်ဝန်၊ school board members at the city level ကျောင်းဘုတ်အဖွဲ့ဝင်များကို ရွေးတယ်။ ရွေးကောက်ပွဲကြီး တခုခုနဲ့ တွဲကျင်းပတယ်။ တခုနဲ့တခု မတူပါ။ 


Primaries and caucuses ပဏာမရွေးကောက်ပွဲ

နောင်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းကို အရင်မဲပေးရွေးတယ်။ အမျိုးမျိုးရှိတယ်။


Party systems ပါတီစနစ်

တကယ်တော့ လူပုဂ္ဂိုလ်ကို ရွေးတာ။ သူတို့ဖွဲစည်းပုံမှာ နိုင်ငံရေးပါတီအရေးဖေါ်ပြထားတာ မရှိ။ တိုင်းပြုပြည်ပြု ဖခင်ကြီးတွေက အဲလိုလုပ်မှာကို သဘောမတူခဲ့ကြပါ။ ပဌမဆုံးသမတ ဂျော့ဝါရှင်တန်ဟာ ဘယ်ပါတီဝင်မှ မဟုတ်ပါ။ သူက နိုင်ငံရေးပါတီဖွဲ့တာကို မကြိုက်သူ။ အတိုက်အခိုက်တွေ အားပြိုင်မှုတွေဖြစ်မှာကို ကြိုတင်စိုးရိမ်လို့ ဖြစ်တယ်။ ဒါပေမဲ့ ၂ ပါတီစနစ် ဖြစ်ထွန်းအားကောင်းလာတယ်။ 


President အမေရိကန်သမတ 

1. ဖွဲ့စည်းပုံ ပုဒ်မ (၂) မှာ သမတ အာဏာတွေကို ပြဋ္ဌာန်းထားတယ်။ အာဏာ ၃ ရပ်မှာ Executive powers ခေါ် အုပ်ချုပ်ရေးအာဏာရှိသူဖြစ်တယ်။ 

2. ကွန်ဂရက်စ်က ချမှတ်လိုက်တဲ့ ဘီလ် ခေါ်ဥပဒေတွေကို အာဏာတည်းရေး သမတက လက်မှတ်ထိုးရတယ်။ ဗီတိုလုပ်ခွင့်လည်းရှိတယ်။ 

3. စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲအားလုံးရဲ့ အမြင်ဆုံး တာဝန်ရှိသူဖြစ်တယ်။ 

4. ကက်ဘိနက်ဆီက အကြံတောင်းနိုင်တယ်။ 

5. ကွန်ဂရက် ခေါ်ခွင့် ရပ်စဲခွင့်ရှိတယ်။ 

6. သံအမတ်ကြီးတွေကို လက်ခံတယ်။ 

7. စာချုပ်တွေလက်မှတ်ထိုးရတယ်။ ဆီးနိတ် ၃ ပုံ ၂ ပုံကအတည်ပြုရတယ်။ 

8. ပုဒ်မ ၃ အရ တရားသူကြီးတွေခန့်တယ်။ ဆီးနိတ်က သဘောတူရတယ်။ 

9. သမတထုတ်တဲ့ Executive orders အုပ်ချုပ်ရေးဆိုင်ရာ အမိန်တွေဟာ တရားရေးကနေ သုံးသပ်ခွင့် အဓိပ္ပါယ်ပြန်ဆိုခွင့်ရှိတယ်။

10. သမတမှာ ဖက်ဒရယ် ဘတ်ဂျက်အာဏာလည်းရှိတယ်။ ကွန်ဂရက်အတည်ပြုချက် လိုတယ်။ 

11. Powers of appointment ရာထူးခန့်ခွင့်အာဏာလည်းရှိတယ်။ ဖက်ဒရယ်ထိတန်းအရာရှိပေါင်း ၆၀၀၀ ကျော်ကို သမတကခန့်တယ်။ ဆီးနိတ်အကြံယူရတဲ့ရာထူးတချို့လည်းရှိတယ်။ အုပ်ချုပ်ရေးဆိုင်ရာအရာရှိကြီးတွေကို ခန့်ခွင့် ဖြုတ်ခွင့်ရှိတယ်။ 

12. တရားသူကြီးတွေအပြင် အိမ်ဖြူတော်အရာရှိကြီးတွေ၊ CIA ဒါရိုက်တာ NASA အကြီူအကဲတွေလည်းပါတယ်။

13. Executive clemency ခေါ်အသနားခံခွင့်ကို အဆုံအဖြတ်ပေးနိုင်တယ်။

14. Foreign affairs နိုင်ငံခြားရေး  သမတမှာတာဝန်ရှိတယ်။ 

15. Emergency powers အရေးပေါ်အာဏာသုံးခွင့်ရှိတယ်။ ဖွဲစည်းပုံမှာ အတိအကျမပါပေမဲ့ သုံးခွင့်ရှိတယ်။ 

16. Executive privilege အုပ်ချုပ်ရေးဆိုင်ရာ သီးခြားဆောင်ရွက်ခွင့် သမတမှာရှိတယ်။ အများပြည်သူမသိစေရတာကို လျို့ဝှက်ထားနိုင်တယ်။ 


President Cannot Do သမတ လုပ်ဆောင်ခွင့်မရှိတဲ့ အခွင့်အာဏာစုစုပေါင်း (၂၀) ရှိတယ်။


၁။ Interpret the Constitution or Laws ဖွဲ့စည်းပုံနဲံ့ ဥပဒေတွေကို အဓိပ္ပါယ်ဖွင့်ခွင့် မရှိ။


၂။ Can Nominate but Not Select a Supreme Court Justice ဗဟိုတရာသူကြီးတွေကို ခန့်ခွင်သာရှိပြီး သူကိုယ်တိုင် ရွေးခွင့် မရှိ။ ဆီးနိတ်နဲ့အတူသာ လုပ်ခွင့်ရှိတယ်။ Supreme Court တရားသူကြီးဆိုတာ ကွယ်လွန်တဲ့အထိ တာဝန်ယူနိုင်တယ်။


၃။ Marijuana Legalization ဆေြးောခက်ကို တရားဝင်လုပ်ခွင် မရှိ။ ပြည်နယ်အလိုက်သာ လုပ်ခွင့်ရှိတယ်။


၎။ Criminalize Medical Procedures ဆေးကုသရေးမှာ ရာဇဝတ်မှုဖြစ်အောင် လုပ်ခွင့်မရှိ။ ဥပမာ ကိုယ်ဝန်ဖျက်ခြင်း။ ဒါပေမဲ့ သမတကက အဲလိုလုပ်တာတွေအတွက် ငွေအထောက်အပံ့ရပ်စဲတာ လုပ်ခွင့်ရှိတယ်။


၅။ Halt Deportations နေရပ်နိုင်ငံကို ပြန်ပို့ခြင်းကို သမတက တားခွင့်မရှိ။


၆။ Open the Borders နိုင်ငံတကာနယ်နမိတ်ကို ဖွင့်ခွင့်မရှိ။


၇။ Driving is Discouraged သမတ ကားမောင်းခွင့်မရှိ။ ဂေါက်ကွင်းမှာတော့ မောင်းကြတယ်။


၈။ Enforce Federal Education Standards တပြည်လုံးအတွက် ပညာရေးစနစ်ကို အတင်းဆောင်ရွက်ခွင့် မရှိ။


၉။ Forgive Student Loan Debt ကျောင်းသားပညာသင်ချေးငွေကို လျော်ပေးခွင့် မရှိ။


၁၀။ Earn Outside Income in Addition to Government Salary အစိုးရထောက်ပံ့ငွေထက် ဝင်ဝေပို ရှာခွင့်မရှိ


၁၁။ Break the Law ဥပဒေချိုးဖေါက်ခွင် မရှိ


၁၂။ Expand or Reduce Welfare Programs လူမှုဖူလုံရေးအစီအစဉ်တွေကို ချဲ့ခွင့် ကျဉ်းခွင့် မရှိ


၁၃။ Do Whatever You Want သူထင်ရာတိုင်း လုပ်ခွင့်မရှိ


၁၄။ Seize All Firearms တရားဝင်ကိုင်ဆောင်ထားတဲ့ လက်နက်တွေ သိမ်းယူခွင့် မရှိ


၁၅။ Rescind the Legalization of Gay Marriage ဂေးလက်ထပ်ခြင်း ခွင့်မပြုရ


၁၆။ Shutdown the Government အစိုးရရုံးတွေ ပိတ်ခွင့်မရှိ


၁၇။ Provide Additional funding for NASA အမျိုးသားလုံခြုံရေးအဖွဲ့အတွက် ငွေပိုချပေးခွင့်မရှိ

ကွန်ဂရက်ကသာ လုပ်ခွင့်ရှိတယ်။


၁၈။ Repeal Obamacare အိုဘာမားကဲယားကို ဖျက်ခွင့်မရှိ


၁၉။ Declare War on Other Countries တခြားနိုင်ငံကို စစ်ကျေညာခွင့်မရှိ

ကွန်ဂရက်ကသာ လုပ်ခွင့်ရှိတယ်။


၂၀။ Change the Constitution ဖွဲ့စည်းပုံ ပြင်ခွင့်မရှိ


ဒေါက်တာတင့်ဆွေ

၃၁-၇-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး