ရှင် နှင့် သျှင်

မင်္ဂလာပါဆရာ။ မေးခွန်းတခုလောက် မေးခွင့်ပြုပါ၊ ဘုန်းကြီးတွေရဲ့ ဘွဲ့နာမည်ရှေ့မှာ သုံးတဲ့ အရှင်ကို တချို့က အသျှင်လို့ သုံးကြပါတယ်။ အရှင် နဲ့ အသျှင် အသုံး ကွဲကွဲပြားပြားသိခွင့်ရရင် သိချင်ပါတယ် ဆရာ။


သျှင်

ကျွန်ုပ်တို့အသျှင်

ကုသိုလ်သျှင် (ကုသိုလ်ရှင်)

ငါးစီးသျှင် (ငါးစီးရှင်)

ဆင်ဖြူသျှင် (ဆင်ဖြူရှင်)

ဆဒ္ဒါန်များသျှင်

ထွဋ်ဘုန်းသျှင်

နတ်သျှင်နောင် (တွင်းသင်းတိုက်ဝန် မဟာစည်သူ ဦးထွန်းညို မဟာရာဇဝင်သစ်ထဲမှာ နတ်ရှင်နောင်လို့ရေးပါတယ်။)

ဘဝသျှင် (ဘဝရှင်)

အသျှင်မင်းတရား (အရှင်မင်းတရား)

အိမ်သျှင် (အိမ်ရှင်)

ကျေးဇူးသျှင် (ကျေးဇူရှင်)

တောသုံးတောင်သျှင်  (တောသုံးတောင်ရှင်)

အောင်ပွဲကြီးသျှင် (အောင်ပွဲကြီးရှင်)

မှတ်ချက် = ပတိ၊ ဣဿရ၊ သာမျတ္တ၊ ရေး သ ဟ ယ သျှင်။ အကြွင်းသေသ ဟူသမျှ ရေးကြ ရ ဟ ရှင်။


ရှင်

ငါ့ရှင်

နတ်ရှင်နောင်

မီးအိမ်ရှင်မ

ရှင်ကစ္စည်းပင်

ရှင်ခန်းသေခန်း

ရှင်ပင်ပေါင်းလည်း

ရှင်ဘုရင်

ရှင်မ

ရှင်မဟာရဋ္ဌသာရ

ရှင်မဟာသီလဝံသ

ရှင်ပြုနားသ

ရှင်လိင်ပြန်

ရှင်သံခို

ရှင်သန်

ရှင်သာမဏေ

ရှင်သူငယ်ဂမုန်း)

ရှင်အုန်းညို

သုရှင်တကာရွတ်ပိ (၁၅၂၆-၁၅၃၉)

အရှင်ဗာကုလမထေရ်

အရှင်သခင်

အရှင်သူမြတ်

အသက်ရှင်

အိမ်ရှင်မ


ဒေါက်တာတင့်ဆွေ

၂၀-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး