ဖိနပ် နှင့် ဘိနပ်
၁။ ဘိနပ်မစီးရ ဖိနပ် ဘယ်တခုကိုသုံးပါသလဲ ဆရာ
၂။ ဖိနပ်ဆိုလို့ ရှစ်တန်းကျောင်းသားဘဝ ဘုရားတဆူဆီသွားတော့ ဘိနပ်မစီးရလို့ ဆိုင်းဘုတ် တပ်ထားတာကိုမြင်တော့ ဒါမှားတယ် ဖိနပ်လို့ရေးရမှာလို့ ပြောမိတယ်။ ဒါကိုကြားတဲ့ ဂေါပကလူကြီးက ပြုံးပြီး ပြင်လိုက်ပါ့မယ်တဲ့။ မှတ်မှတ်ရရပါ။ ဒီလိုလူကြီးတွေလည်း နိုင်ငံအတွက် လိုတယ်။
၃။ ဖိနပ်၊ ဘိနပ် ဘယ်ဟာအမှန်လဲဆရာ
၎။ အရင်က ဘိနပ်မစီးရရေးပြီး ခုတွေ့ရတာ ဖိနပ်မစီးရ။
၅။ မင်္ဂလာပါဆရာ ဖိနပ်ချွတ်ပါ နဲ့ ဘိနပ်ချွတ်ပါ ဘယ်ဟာအမှန်လဲ အချိန်ရလျှင်ဖြေကြားပေးပါဆရာ။
ဖိနပ်လို့ရော ဘိနပ်လို့ပါ အရင်က ရေးခဲ့ပါတယ်။ ဖိထားသည်၊ ဖိစီးနှိပ်စက်၊ ဖိသိပ်၊ ဖိဖိစီးစီး၊ ပိအောင်ဖိ၊ ဖုံးဖိ၊ ဖိညှပ်သည်၊ ဖိသောတုံးလို့ ရေးရတာတွေကြောင့် ဖိနပ်ကပိုပြီး သင့်တော်မယ်ထင်ပါတယ်။
ဖိ
ပိအောင်ဖိသည်
ဖိစီး
ဖိနပ်ချွတ်
ဖိနပ်တရန်
ဖိဖိစီးစီး
ဖိသိပ်
ဖိနှိပ်
ဖိနှိမ်
ဘိ
ခက်ပါဘိ
ငှက်ထောင်သည့်ဘိ
ဆိုပါဘိ
ဆိုဘိတောင်း
ဆိုဘိလော
ဘိစီးနှိပ်စက်
ဘိနပ် = ဖိနပ်
ဘိလပ်ရည်
ဘိလပ်မြေ
ဘိလိယက်
ဘိသိက်သွန်း
ဘိထောင်သည်
အဘိဓာန်ကျမ်း
အဘိသင်္ခါရမာရ်
အဘိသိက်သွန်းဖျန်းသည်
ကောင်းပါဘိ
ငေါက်ငန်းပါဘိ
နေပါဘိ
နေဘိလော
ပြောပါဘိ
ပြောဘိတောင်း
ဂျပန်ဖိနပ်တဖက် မန္တလေးဖိနပ်တဖက် (မောင်သာရ)
ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း (မောင်သာရ)
ဒေါက်တာတင့်ဆွေ



Comments
Post a Comment