အုန်းလက်ကြွေရေပေါလော မျောစုန်လို့လာ


မျော လွင့် နဲ့ မြော လွင့် ဘယ်ဟာ မှန်ပါသလဲ ဆရာ


မျော မှန်။ 

ဒရောမျောပါးလုပ်သည်

မျှော၍ မျောပြီ

ရက်တွေ မျောနေပြီ

မျောကျောက် (မိုးကုတ်ကျောက်တွင်း)

မျောခွက်

မျောတိုင်

မျောဝါး


ရွှေရင်ကလျှော၊ နွဲ့နွဲ့ချော၊ နစ်မျောကိုလည်း ပင့်ရမည်။


လူလည်းမမျှော၊ ရေ၌မျှော၊ ငှက်ပျောကိုလည်း ပင့်ရမည်။


ဗေဒါလမ်းကဗျာ 


ညိုပြာပြာ လတာပြင်ခြေရင်း

လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။


ဆင်းရလဲ မသက်သာ

အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ

အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး

အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။


ဆောင့်ခဲ့လဲ မသက်သာ

နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ

မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ

တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။


ပေါ်ပြန်လဲ မသက်သာ

ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ

ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ

အယက်အကန်ခံလို့

ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။    ။ (ဇော်ဂျီ)


ဒေါက်တာတင့်ဆွေ

၃၁-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး