COVID-19 အမည်ပေးခြင်း

Covid ရဲ့ အရှည်စာလုံးသိချင်ပါတယ် ခင်ဗျ။


COVID-19 လို ခေါ်တယ်။ CO ဆိုတာ corona နဲ့ VI ဆိုတာ virus နောက်ပြီး D ဆိုတာ disease ဖြစ်တယ်။


အတိအကျပြောရရင် 2019 novel coronavirus သို့မဟုတ် 2019-nCoV ဖြစ်ပါတယ်။


WHO ကနေ ၁၁-၂-၂၀၂၀ နေ့က အမည်ပေးတယ်။


Coronavirus SARS-CoV-2 ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါ။


ဗိုင်းရပ်စ်ပိုးက ပဌမဆုံး တရုပ်ပြည် Wuhan ဝူဟန်မှာ ၂၀၁၉ မကုန်ခင်လကစတယ်။


၃၁-၁၂-၂၀၁၉ နေ့ကသတင်းတွေမှာ Wuhan pneumonia ဝူဟန်နူမိုးနီးယားလို့သာ ရေးကြတယ်။ 


ကျွန်တော်က ၄-၁-၂၀၂၀ နေ့ကစပြီး ဝူဟန်နူမိုးနီးယားသတင်း ရေးတင်ပါတယ်။


ဒေါက်တာတင့်ဆွေ

၂၃-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး