Watermelon bottom turns black ဖရဲသီး ဘယ်ကပုပ်သလဲ

ဖရဲသီးနဲ့ ဖယုံသီးဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ တာစားခဲ့တယ်။ လိမ်လုံး၊ ကြွာလုံး၊ ဖြီးလုံး၊ ဖြန်းလုံးတွေကလည်း အကြီးစား အသီးတွေလောက် ကြီးမားတယ်။ ဖရဲသီး ဘယ်ကပုပ်သလဲ။

ဖရဲသီးပုတ်တဲ့အကြောင်း စိုက်ပျိုးရေးသိပ္ပံနည်းအရပြောရရင် စိုက်ခင်းထဲက ဖရဲသီးဟာ (ကန်တော့) ဖင်ဘက်ကသာ စပုပ်ပါတယ်။ ဟိုအရောင် သည်အရောင်ကို ခွဲပြောမရပါ။ ဖရဲသီးဟာ ရောဂါပိုးမွှားကြောင့် ပုတ်ရတာ မဟုတ်ပါ။ ကယ်လ်စီယမ်ဓါတ် မှန်မှန်ကန်ကန်မရလို့သာဖြစ်ပါတယ်။ ဖရဲသီး ကြီးထွာလာတာမြန်လေလေ ကယ်လ်စီယမ် မှန်မှန်နဲ့ များများ လိုလေ ဖြစ်တယ်။ နည်းနေရင် ရလာတဲ့ဒီဓါတ်ဆားက ဖရဲသီး အဖျားပိုင်းကိုမရောက်နိုင်ပါ။ မရတဲ့နေရာက မည်းလာပြီး ပုပ်ပါတယ်။ ပုပ်နေပြီဆိုမှ မြေသြဇာထဲ ကယ်လ်စီယမ် ထပ်ထည့်လို့လည်း မကယ်နိုင်ပါ။

နောက်တချက်က ရေရရှိမှုဖြစ်ပါတယ်။ ရေက ရလိုက် မရလိုက်ဆိုရင် ကယ်လ်စီယမ်ကို လိုတဲ့ဆီအရောက်မပို့နိုင်ပါ။ ဖရဲသီး ကြီးထွားလာချိန်မှာ ရေ ၁ လက္မကနေ ၁ လက္မခွဲအထိရှိနေစေရမယ်။ များလွန်းတာလည်း မကောင်းပြန်ပါ။ pH ကလည်း ၆့၅ နဲ့ ၆့၇ ကြားရှိနေတာအကောင်းဆုံးဖြစ်တယ်။ ပိုစိတ်ချရအောင် ၂ လက္မနေ ၄ လက္မအရွယ်ရှိတဲ့ Organic mulch ခေါ်တဲ့ ကောက်ရိုး၊ မြက်ခြောက်နဲ့ ကာထားပေးရမယ်။

ဖရဲသီးမကောင်းတာ ဖန်းဂတ်စ်ခေါ် မှိုကြောင့်လည်းဖြစ်နိုင်ပေမယ့် အဲလိုကနေပုပ်တာနည်းတယ်။ ဖြစ်ပြီဆိုရင် အညိုနုရောင် အစက်အပျောက်လေးကနေစတယ်။ ကြာလာရင် ခြောက်သွေ့ပြီး မည်းလာမယ်။ အစိမ်းရောင်မှာ စတာပါ။

အစိမ်းရောင် ဖရဲသီးအခွံပိုင်းဟာ အလွန်ထူတယ်။ အထဲမှာပုပ်နေရင် မသိနိုင်ပါ။ အစိမ်းရောင်အခွံကို ကျကျနန စစ်ဆေးရမယ်။ ကွဲအက်နေတာရှိလား၊ အနာဒဏ်ရာရှိလား၊ အစက်အပျောက်ရှိလား။ အစိမ်းရောင်အခွံက တောက်ပနေမယ်၊ ချောမွေ့နေမယ်၊ အနာအဆာမရှိရင် အထဲကအနီရောင်အစိတ်အပိုင်းလည်း ကောင်းနေတယ်လို့သာ မှတ်ယူနိုင်ပါတယ်။ Transplant wilting ခေါ်တဲ့ ကွက်ပြီးမည်းပုပ်တာဟာ ရေ၊ မြေသြဇာ၊ အပူချိန်၊ နေရောင်၊ ထိခိုက်မှုတွေကြောင့် ဖြစ်တယ်။ ဖရဲသီးတဖက်စွန်းက မဲပုပ်သွားပေမယ့် တလုံးလုံးကိုလွှင့်ပြစ်စရာမလိုပါ။ မကောင်းတာကိုသာပယ်ပြီး ကျန်နေတာကို စားသုံးနိုင်ပါတယ်။

အခင်းထဲကဖရဲသီးပုပ်တယ်ဆိုတာ အနီနဲ့ အစိမ်းကို ခွဲပြောလို့မရပါ။ အစိမ်းကစပုပ်တာပါ။ အပြင်အစိမ်းရောင်မှာ အပြစ်အနာအဆာ ရှိရာကနေစတာဖြစ်တယ်။ ထူထဲလှတဲ့ အစိမ်းရောင်အကာမှာ အနာကင်းပါမှ၊ ကယ်လ်စီယမ်နဲ့ ရေလုံလောက်ပါမှ သန်စွမ်း ကောင်းမွန် ကြီးထွားပြီး အရည်ရွှမ်းတဲ့ ချိုအေးတဲ့ ဖရဲသီး အနီရောင်အသားကို စားကြရမှာ ဖြစ်ပါတယ်။

ဝယ်လာတဲ့ဖရဲသီး ပုပ်တယ်ဆိုတာ အထားအသို မတတ်လို့ဖြစ်တယ်။ အဟောင်းတွေကို စွန့်ပစ်ကြပါ။ တလုံးလုံး ပုပ်နေတဲ့ဖရဲသီးဆိုတာ မခံနိုင်အောင် ပုပ်စော်နံတယ်။ ချက်ချင်းသာ လွင့်ပစ်ကြပါလေ။ အစိမ်းရောင်အပိုင်းက ကောင်းနေရင် အနီရောင်ပိုင်းလည်း မကောင်းစရာမရှိပါ။

ဖရဲသီး ကောင်းတာရွေးချင်ရင် အစိမ်းရောင်မရှိတဲ့နေရာကြ ည့်ပြီး ရွေးရပါသတဲ့။

ဒေါက်တာတင့်ဆွေ
၁-၉-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး