Cosmetic allergy ကော့စမက်တစ် အလာဂျီ

မင်္ဂလာပါဆရာရှင့် သမီး skin care သုံးတာဓာတ်မတည့်ပီး (မတည့်ပြီး) မျက်နှာအသားရေက အသားပတ်သလို အက်ကွဲလာလို့ ဘာဆေးများသုံးသင့်ပါသလဲဆရာ


အလှအပသုံးတွေနဲ့မတည့်တာကို ကော့စမက်တစ် အလာဂျီလို့ခေါ်တယ်။ 


Cosmetics ကော့စမက်တစ် ခေါ် အလှအပသုံးတွေကဘာတွေလဲ

Facial make-up: eye make-up, lipstick, blushes, foundation

Nail care: varnish, remover, artificial nails

Skincare: cleanser, moisturiser, toner

Haircare: shampoos, hair colour, dye, regrowth treatment

Oral care: toothpaste, mouthwash

Body cleansers: soap, bath additives, shower gel

Shaving: shaving foam/cream, aftershave

Fragrances and perfumes

Deodorant: deodorant, antiperspirant

Sun protection: sunscreen တွေဖြစ်တယ်။


အလှအပသုံးတွေထဲမှာပါတဲ့ Fragrances ရေမွှေးနဲ့ မတည့်ခြင်းနဲ့Preservatives အထားခံအောင်ထည့်တာနဲ့မတည့်ခြင်း တွေကြောင့်ဖြစ်ရတယ်။


ဘာတွေဖြစ်လာနိုင်သလဲ

Contact dermatitis ရေပြားရောင်တာဖြစ်မယ်။ 

Contact urticarial အနာဖြစ်မယ်။

Irritant contact dermatitis အရေပြားရောင်တာဖြစ်မယ်။

Allergic contact dermatitis အလားဂျစ် ကွန်တက် ဒါမတိုက်တစ် ခေါ် အရေပြားရောင်ခြင်း။

Photocontact dermatitis နေရာင်ကြောင့်အရေပြားရောင်ခြင်း။

Irritant contact dermatitis အရေပြားနေမထိထိုင်မသာဖြစ်တာ ၈၀% ရှိတယ်။ 

Anaphylaxis ရှော့ခ် ဖြစ်ရင် အသက်အန္တရယ်ရှိတယ်။


ကုသနည်း

Topical steroids ခေါ် ဆေး လိမ်းနိုင်တယ်။ ဥပမာ Hydrocortisone cream လိမ်းဆေး။ ရောင်တာ ယားနာ နီရဲတာတွေ သက်သာလာမယ်။ ဆေးဆိုင်မှာအလွယ်ယဝ်ရတာမျိုးက အပျော့စားဖြစ်ပြီး ဆိုးတဲ့သူတွေက စတီရွိုက်ဆေး % များတာ လိုနိုင်တယ်။ Bland emollients ခေါ် cetomacrogol cream ဆေးလိမ်းရင် နေရတာ သက်သာစေမယ်။ တချို့မှာ ဆင်ပွါးဖြစ်တဲ့ ဗက်တီးရီးယားဝင်လို့ ပိုးသေဆေးပါ လိုမယ်။


မတည့်တာသိတာနဲ့ ချက်ချက်း မသုံးပါနဲ့တော့။ တသက်လုံး ရှောင်ပါလေ။ 


Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား https://doctortintswe.blogspot.com/2018/10/beauty-product-dangers.html


ဒေါက်တာတင့်ဆွေ

၂၁-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး