ပြား ၁၀၀ နဲ့ ပြား ၁၀၀



ကျွန်တော်တို့ လက်ရှိကိုးကားနေရတဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွေက မှားနေတာလား ဆရာ။ ဆရာ့ဘက်က ခိုင်မာမှုရှိတယ်ဆိုရင် ဆရာကြီးမောင်ခင်မင် တို့နဲ့ ဆွေးနွေးပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးစေလိုပါတယ်။ နောင်လာနောက်သားတွေအတွက် တောင်းဆိုပါတယ်ခင်ဗျား။


အခါ တထောင်လောက် တင်ပြထားပြီးဖြစ်ပါတယ်။


နိုင်ငံရေး မဟုတ်။ အုပ်ချုပ်ရေး မဟုတ်။ ဘာသာရေး မဟုတ်။ ပညာကို ပညာနဲ့သာ နှိုင်းချိန်ရတယ်။


ဒီဘိတ် မလို။ ကျပန်းစကားပြောပွဲ မလို။ မဲခွဲနည်း မလို။ လျှောက်လွာတင်နည်း မလို။


တရားဝင်တဲ့ အရာတိုင်းလည်း မှန်ချင်မှ မှန်တတ်တယ်။ တကျပ်လို့ရေးတာ ၁၉၇၂ ခု အောက်တိုဘာ ၃၁ ရက်နေ့အထိ မှန်ခဲ့တယ်။ အခု အဲလိုရေးရင် ဘဏ်တွေက ငွေသွင်း ငွေထုတ် လက်မခံ။ ပြား ၁၀၀ နဲ့ ပြား ၁၀၀ မတူတော့ဘူးတဲ့။ တရာကို တရာလို့ရေးရင် ပြား ၁၀၀ လို့မထင်ကြတော့ပါ။


ကုလားထိုင်ရှိတဲ့သူတွေက ပြောတာ မှန်တဲ့ခေတ်မှာ ဖျာပေါ်ကလူတွေက ဖေ့စ်ဘွတ်မှာသာ ရေးလို့ရတယ်။


ဒေါက်တာတင့်ဆွေ

၂၉-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး