တရားစွဲလည်း ခံရမှာဘဲ

၁။ စာဆိုတာ အများသဘောတူ ပြဌာန်း (ပြဋ္ဌာန်း) လိုက်တာက အမှန်မဟုတ်ဘူးလား ဆရာ။ ဘာသာစကားကိုက ပညတ်သဘောပဲဆောင်တာပဲ။

အကျိုးအကြောင်း အချက်အလက်တွေကို အကြိမ်ကြိမ် အခါခါ တင်ပြထားပါတယ်။

၂။ ဆရာရေ ကျွန်တော်က 88 bornပါ ဆရာပြောတဲ့ တခု၊ တကောင်၊ တယောက် အရေးအသားတွေကိုလည်း ဖတ်ဖူးပါတယ်။ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ) ရဲ့ မြန်မာစာ မြန်မာစကားစာအုပ်လည်း ဖတ်ဖူးပါတယ်ခင်ဗျာ။ အခုက တရားဝင်ပြဌာန်း (ပြဋ္ဌာန်း) ထားတဲ့စာအုပ်တွေမှာပါ ရေးသားနေကြတာက တစ်ခု၊ တစ်ကောင်၊ တစ်ယောက် လို့ပဲရေးကြ သုံးကြတာမို့လေ ဆရာ။ တကယ်သာ မှားတာဆိုရင် ဘာလို့မပြင်ကြတာလဲဆရာ။ ရန်ကုန်မြို့အဝင် ဆိုင်းဘုတ်က မှ၊ က အမှားတောင် ဆရာကြီးမောင်ခင်မင်က မှားနေတယ်လို့ထောက်ပြလို့ ပြင်ကြသေးတာပဲဆရာ။ ရှင်းပြပေးပါဆရာ။

ဟုတ်။ အမှားကိုပြင်တာ ခက်တယ်။ မြန်မာစာမှာ ခေတ်သဘောအရ ပြောင်းလဲရေးသားလာတာတွေရှိတယ်။ မှန်နေခဲ့တာကို အာဏာရှိသူတွေက ပြောင်းခိုင်းတာလည်း ရှိတယ်။

မှ နဲ့ က ကို ကျွန်တော် ၂၀၁၇ ကတည်းက တင်ပြနေပါတယ်။

မောင်ခင်မင် (ဓနုဖြူ) ရေးတဲ့ စကားပြေသဘောတရား စကားပြေ အတတ်ပညာစာအုပ် ကျွန်တော်လက်ထဲမှာရှိတယ်။ တတွေကို အမှန်အတိုင်းသာရေးသားထားတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း အရင်က တတွေကို အမှန်အတိုင်းသာ ရေးသားခဲ့တယ်။ 

ကမ္ဘာမှာ စာတွေ အများကြီးတယ်။ သတ်ပုံကို အမိန့်ထုတ်ပြောင်းခိုင်းတာ မြန်မာစာ တခုတည်းသာ ရှိတယ်။ ကျွန်တော်လည်း အများကြီးသိတာတော့ မဟုတ်ပါ။ ရှိတ်စပီးယားစာတွေကို အကြိမ်ပေါင်းများစွာ ပြန်ထုတ်တာ စပယ်လင် မပြင်ကြပါ။ တကို စမသတ်ရင် ထုတ်ဝေခွင့်မပြုတာ နဝတ-နအဖ လက်ထက်က ဆင်ဆာအဖွဲ့နဲ့ မြန်မာစာအဖွဲ့ဖြစ်ပါတယ်။

မြန်မာစာဘဝဟာ ကိုယ်ထင်တာ ကိုယ်မှန်တယ်ထင်တာ ကိုယ်ရေးနေကြတဲ့ဘဝ။

လယ်တီဆရာတော်ကြီးတို့ မင်းကွန်းဆရာတော်ကြီးတို့က သတ်ပုံမှန်နဲ့သာ ရေးသားတော်မူခဲ့ကြပါတယ်။

ကျွန်တော့်ကို သူငယ်တန်းကနေ ဆယ်တန်းအထိ မြန်မာစာသင်ပေးလိုက်တဲ့ ဆရာဆရာမတွေကို ကာမပြန်နိုင်ပါ။ တရားစွဲလည်း ခံရမှာဘဲ။ ငရဲကျမယ်ပြောလည်း မတတ်နိုင်။

ဒေါက်တာတင့်ဆွေ
၂၄-၈-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ