September စက်တင်္ဘာလ

စက်တင်္ဘာနာမည်ဟာ Septem (Seven) ကနေ ဆင်းသက်လာတာဖြစ်တယ်။ ရောမပြက္ခဒိန်အရ သတ္တမမြောက်လ ဖြစ်လို့ပါ။ အဲသည်ခေတ်က တနှစ်မှာ (၁ဝ) လသာရှိတယ်။ ဇန္နဝါရီနဲ့ ဖေဖေါ်ဝါရီလတွေကမပါသေးပါ။ ၂၀၂၀ ခုနှစ် စက်တင်္ဘာလမှာ မြန်မာပြက္ခဒိန်အရ ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း (၁၄) ရက်ကနေ တော်သလင်းလဆန်း (၁၄) ရက်နေ့အထိ ကျရောက်တယ်။

စက်တင်္ဘာလ အထိမ်းအမှတ်နေ့များ
• ပဌမတနင်္ဂနွေနေ့ = Grandparents Day အမေရိက နဲ့ ကနေဒါ အဖိုး-အဖွါးများနေ့
• ပဌမတနင်္လာနေ့ = Labor Day (Labour Day) အမေရိက နဲ့ ကနေဒါ အလုပ်သမားနေ့
• တတိယတနင်္လာနေ့ = ဂျပန် သက်ကြီးရွယ်အိုများနေ့
• ၁ ရက်နေ့ = အူဇဘက်ကစ်စတန် လွတ်လပ်ရေးနေ့
• ၂ ရက် = ဗီယက်နမ် အမျိုးသားနေ့
• ၅ ရက် = Teachers’ Day (အိန္ဒိယ) ဆရာများနေ့
• ၇ ရက် = ဘရာဇီးလ် လွတ်လပ်ရေးနေ့
• ၈ ရက်နေ့ = International Literacy Dayနိုင်ငံတကာစာတတ်မြောက်ရေးနေ့
• ၁၃ ရက် = Positive Thinking Day အပြုသဘောဆောင်စဉ်းစားရေးနေ့
• ၁၅ ရက် = အယ်လ်ဆာဗာဒို လွတ်လပ်ရေးနေ့
• ၁၅ ရက် = အမေရိကန် ဟစ်ပင်းနစ် ရှေးဟောင်းအမွေအနှစ်နေ့
• ၁၅ ရက် = International Day of Democracy နိုင်ငံတကာဒီမိုကရေစီနေ့
• ၁၈ ရက် = National Cheeseburger Day ချိစ်ဘာဂါ နေ့
• ၁၉ ရက် = Puppy Farm Awareness Day ဘိန်းစိုက်ပျိုးရေး လှုံ့ဆော်ရေးနေ့
• ၂၁ ရက် = International Peace Day နိုင်ငံတကာငြိမ်းချမ်းရေးနေ့
• ၂၄ ရက် = Heritage Day တောင်အာဖရိက ရှေးဟောင်းအမွေအနှစ်နေ့
• ၂၅ ရက် = မိုဇမ်ဘစ် တော်လှန်ရေးနေ့
• ၂၇ ရက် = World Tourism Day ကမ္ဘာ့ ကမ္ဘာလှည့်ခရီးသွားလာရေးနေ့
• ၂၉ ရက် = World Heart Day ကမ္ဘာ့နှလုံးနေ့
• ၂၉ ရက် = National Coffee Day ကော်ဖီနေ့

စက်တင်္ဘာလ အမှတ်အသားများ
• Sapphire နီလာ (ပြာလဲ့လဲ့) ကျောက်ဟာ စက်တင်္ဘာလရဲ့ သင်္ကေတဖြစ်တယ်။
• Aster မေမြို့ပန်း၊ Forget-me-not ပန်းနဲ့ Morning glory ပန်းတွေဟာ စက်တင်္ဘာလရဲ့ ပန်းတွေ ဖြစ်ကြတယ်။
• Zodiac (Astrological) Signs ဆယ်နှစ်ရာသီခွင်အရ Virgo ကန်ရာသီ (အပျိုစင်) နဲ့ Libra တူရာသီ (ချိန်ခွင်) တွေ ဖြစ်ကြတယ်။

ကျန်းမာရေးနဲ့ စက်တင်္ဘာလ
• Prostate Cancer Awareness Month ယောက်ျားဆီးကျိတ်ကင်ဆာ လှုံ့ဆော်ရေးလ
• Liver Cancer Awareness month အသည်းကင်ဆာ လှုံ့ဆော်ရေးလ
• ၉ ရက် = Fetal Alcohol Syndrome Awareness Day ကလေးသူငယ်အရက်ဒဏ်ရောဂါ လှုံ့ဆော်ရေးနေ့
• ၁၅ ရက် = World Lymphoma Awareness Day လင်ဖိုးမားရောဂါ လှုံ့ဆော်ရေးနေ့
• ၂၁ ရက် = World Alzheimers Day ကမ္ဘာ့ အယ်လ်ဇာမိုင်ယားရောဂါနေ့
• ၂၁ ရက် = International Deaf Awareness Week နားမကြားရောဂါ လှုံ့ဆော်ရေးရက်သတ္တပါတ်
• ၂၅ ရက် = Ataxia Awareness Day (အတက်ဇီယား) အာရုံကြောရောဂါ လှုံ့ဆော်ရေးနေ့
• ၂၈ ရက် = World Rabies Day ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့

မြန်မာ့နိုင်ငံရေးနဲ့ စက်တင်္ဘာလ
• ၅-၉-၂ဝဝ၇ ရွှေဝါရောင်သံဃာတော်များလှုပ်ရှာမှုကို စတင်ပေးတဲ့အဖြစ်အပျက် ပခုက္ကူမှာဖြစ်တယ်။
• ၉-၉-၁၉၃၉ နေ့မှာ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခဲ့တယ်။
• ၁၈-၉-၁၉၈၈ နေ့မှာ (နဝတ) အမည်နဲ့ စစ်တပ်ကအာဏာသိမ်းခဲ့တယ်။
• ၂၇-၉-၁၉၈၈ နေ့မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့တယ်။
• ၁၈-၁၂-၁၉၉ဝ နေ့က စတင်ထူထောင်ခဲ့တဲ့ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရကို ၁၄-၉-၂ဝ၁၂ နေ့မှာ ဆန္ဒအလျှောက်ဖျက်သိမ်းခဲ့တယ်။

ကျွန်တော် အခုနေရတဲ့အရပ်မှာ စက်တင်္ဘာဆိုရင် သစ်ရွက်တွေ စိုစိမ်းရာနေ ခြောက်လာ၊ ဝါ၊ ညိုမှောင်၊ ရွှေရောင်တွေ ပြောင်းကြပြီး ဖေါလ် ခေါ် ရွက်ကြွေတဲ့ရာသီရောက်ပါပြီ။ အမြင်မှာ အလှဆုံးနဲ့ နေရထိုင်ရတာလည်း အပူအအေး မလွန်ကဲတဲ့ရာသီ ဖြစ်ပါတယ်။

1. January ဇန္နဝါရီလ http://doctortintswe.blogspot.com/2014/12/january.html
2. February ဖေဖေါ်ဝါရီလ http://doctortintswe.blogspot.com/2015/02/february.html
3. March မတ်လ http://doctortintswe.blogspot.com/2015/02/march.html
4. April ဧပြီလ http://doctortintswe.blogspot.com/2015/03/april.html
5. May မေလ http://doctortintswe.blogspot.com/2015/04/may.html
6. June ဇွန်လ http://doctortintswe.blogspot.com/2015/05/june.html
7. July ဇူလိုင် http://doctortintswe.blogspot.com/2015/06/july.html
8. August သြဂုတ်လ http://doctortintswe.blogspot.com/2014/11/august.html
9. September စက်တင်္ဘာလ http://doctortintswe.blogspot.com/2014/11/september.html
10. October အောက်တိုဘာလ http://doctortintswe.blogspot.com/2014/11/october.html
11. November နိုဝင်္ဘာလ http://doctortintswe.blogspot.com/2014/10/november.html
12. December ဒီဇင်္ဘာလ http://doctortintswe.blogspot.com/2014/11/december.htm

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး