Mafia Gang အုပ်စု နဲ့ အဖွဲ့ ဘာကွာလဲ

ဆရာအုပ်စု နဲ့ အဖွဲ့ ဘာကွာလဲ ကျေးဇူး


အဖွဲ့၊ အသင်း၊ ပါတီ၊ အဖွဲ့ချုပ်နဲ့ အစည်းအရုံးတွေမှာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ဆောင်ရွက်ရတယ်။ 


အုပ်စုသဘောက လျော့ရဲရဲ။ သဘောထားတူသူတွေရဲ့ အစုအစည်းသဘောသာဖြစ်တယ်။ သဘောတူတယ်ဆိုတာမှာ တချို့အကြောင်းကိစ္စမှာသာတူပြီး တချို့ကို မတူကြပါ။ အခြေခံကတည်း မတူတတ်ပါ။


အုပ်စုနဲ့တူတဲ့ မီဒီယာစာလုံး အမျိုးမျိုးရှိတယ်။ အင်္ဂလိပ်စာလုံးတွေ မထည့်တော့ပါ။


လွတ်လပ်ရေးကြိုးပမ်းစဉ်က တို့ဗမာအစည်းအရုံး။ မဆလ လက်ထက် တောင်သူလယ်သမားအစည်းအရုံး။


အဖွဲ့ချုပ်မှာလည်း အခြေခံမတူသူတွေနဲ့ ဖွဲ့လေ့ရှိပါတယ်။ ဥပမာ အင်နယ်လ်ဒီ။ တည်ထောင်ကစ ခေါင်းဆောင် ၃ ဦးနဲ့ စခဲ့တယ်။ အပြောင်းအလဲတွေရှိပေမဲ့ အမည်ကို ဆက်သုံးပါတယ်။


ကျောင်းသားဘဝမှာ အစုလိုက် အုပ်စုလိုက်သဘော ဆက်ဆံကြတယ်။ လူမှုရေးနဲ့ ဘာသာရေးမှာလည်း အစုအသင်းတွေ ရှိတယ်။ နိုင်ငံရေးမှာလည်း ဒီသဘောဖြစ်တယ်။ 


မာဖီးယားဂိုဏ်းဆိုတာ တကယ်ရှိတယ်။ ကြောက်စရာကောင်းတယ်။ လက်နက်တွေရှိတယ်။ မလုပ်ရဲတာ မရှိသူတွေ။


ဒေါက်တာတင့်ဆွေ

၁၄-၈-၂၀၂၀


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး