ပဲခူး ခေါ် ဗဂိုး

ဗဂိုး ကို ပဲခူး ဟုရေးသားကြတာကိုလည်း ရှင်းပြပါအုံးဆရာ။


၁၉၅၃ နဲ့ ၁၉၅၄ ထုတ် သတ်ပုံစာအုပ်တွေထဲမှာ ပဲခူးလည်း မပါ၊ ဗဂိုးလည်း မပါ။


မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၀) မွန်လူမျိုးအကြောင်းထဲမှာ ဟံသာဝတီ  ဗဂိုး လို့ရေးတယ်။


နောက်ပိုင်းစာတွေမှာ  ပဲခူးလို့ရေးကြတယ်။ ဟံသာဝတီမြို့တော်မှာ မွန်ဘုရင်တွေ စိုးစံခဲ့တယ်။ တပင်ရွှေထီး၊ ဘုရင့်နောင် နဲ့ နန္ဒဘုရင်တို့လည်း စိုးစံခဲ့တယ်။ 


အင်္ဂလိပ်လိုလည်း အရင်က Pegu လို့ရေးပြီး အခု Bago လို့ရေးတယ်။


ဝီကီပီးဒီးယာမှာ ပဲခူး (အသံထွက် ပဂိုး) လို့ရေးထားတယ်။ မွန် အခေါ်ဖြစ်ပြီး အဓိပ္ပါယ်မှာ လှပသောမြို့၊ မြို့လှမြို့ ဟူ၍ဖြစ်သည်။ သို့သော် ထိုအသံထွက်၏ ဆင်းသက်ပုံ အနက်မှာမူ ဤသို့မဟုတ်ပဲ မွန်ဘာသာအားဖြင့် ဥပါယ်ဂို့ = ဥပါယ်ပြုရာအရပ်ဟုဆိုကာ သမိုင်းဇာတ်လမ်းနှစ်မျိုး ဖြစ်နေရသည်လို့ တွေ့တယ်။


မိတ်ဆွေ မွန်တွေကို မေးကြည့်ဦးမယ်။


ဒေါက်တာတင့်ဆွေ

၂၅-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး