Pills Q and A တားဆေး အမေးအဖြေ

(ကန်တော့)

မဂ်လာပါ (မင်္ဂလာပါ) ဆရာ သမီး ဒီလ မာဗလွန်သောက်တာ၁၄လုံးမြောက်ရှိပါပြီး မာဗလွန်မှာ နောက်ထပ် ၂တန်း ကျန်ပါသေးတယ် သမီး မာဗလွန်ကနေmicrogynon 30ပြောင်းသောက်တာ ဆေးသောက်ရက်မတွက်တတ်လို့ပါဆရာ
ကူညီပြီး ဖြေကြားပေးပါရှင့် ကျေးဇူးတင်ပါတယ် မာဗလွန်ကနေ microgynon 30 ပြောင်းသောက်တာ ဘယ်ရက်ကစပြီးတော့ သောက်ရမလဲ မသိလို့ပါ ဆရာ

သမီးဆိုသူ အသက် မသိ။ တားဆေးဆိုတာ ဟော်မုန်းတမျိုးတည်းသာပါတာနဲ့ နှစ်မျိုးပါတာရှိတယ်။ တားဆေးတွေမှာ ပါတဲ့ ဟော်မုန်းအနည်းအများ နည်းနည်းကွာတယ်။ တမျိုးတည်းပါတာကို နို့တိုက်မိခင်တွေနဲ့ အသက် ၃၅ နှစ် ကျော်သူတွေ သောက်စေတယ်။ အဲဒါကြောင့် အသက်မပြောချင်သူတွေမေးတာကို ဖြေရတာ ခက်တယ်။

ခုတလော မေးခွန်းတွေ အတော်ကိုများတယ်။ သောက်နေကျဆေး ဝယ်မရလို့မေးသူလည်း များတယ်။

ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေးဟာ လူအများဆုံးသုံးတယ်။ ဈေးချိုတယ်။ ရှာရတာလွယ်တယ်။ အီစထိုဂျင်နဲ့ ပရိုဂျက်စတင်ဟော်မုန်းတွေပါတယ်။ တကပ်မှာ ၂၈ လုံးပါတယ်။ ၂၁ လုံးတည်းသာပါတာလည်းရှိတယ်။ ၂၁ လုံးက အရောင်တမျိုး၊ ၇ လုံးက အရောင်တမျိုး။ ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ်မှတ်ပြီး၊ ၂၁ လုံးပါအရောင်ဆေး စသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။ နောက်ဆုံးသောက်ရမဲ့ အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာဖြစ်တယ်။ အဲဒီ ၇ ရက်အတွင်း သွေးပြန်ဆင်းမယ်။

မြန်မာပြည်မှာ Marvelon နဲ့ အိုကေ၊ လက်ညှိုကဒ်၊ မြားကပ်ဆိုတာကို အများဆုံးသုံးနေကြတယ်လို့ မေးခွန်းတွေအရ သိရတယ်။ ၂၈ လုံးပါတဲ့တားဆေးအမျိုးမျိုးရှိတယ်။

ဆေးကဒ်တွေမှာ မြား (မျှား မဟုတ်၊ မြှားမဟုတ်)၊ လက်ညှိုး၊ တနင်္ဂနွေ-တနင်္လာ၊ ၁-၂-၃ စတာတွေက မှတ်ရတာ လွယ်အောင်သာ ရေးထားတာ။ ဆေးအရောင်တူရင် ဆေးတူတယ်။

ရက်သာမက အချိန်လဲတိကျနိုင်လေကောင်းလေဖြစ်တယ်။ သွေးဆင်းတာ နည်းမယ်။ ရက်လည်းတိုမယ်။ သွေးဆင်းရက် မှန်မယ်။ ရာသီမလာခင် ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းတယ်။ ဝက်ခြံ၊ အလုံး-အကျိတ်၊ တချို့ကင်ဆာဖြစ်နိုင်ခြေ နည်းနိုင်တယ်။ စနစ်တကျသုံးရင် ၉၉% စိတ်ချရတယ်။

Common combination pill brand names တားဆေးအမည်များ https://doctortintswe.blogspot.com/2020/06/common-combination-pill-brand-names.html

ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေးဟာ လူအများဆုံးသုံးတယ်။ ဈေးချိုတယ်။ ရှာရတာလွယ်တယ်။ အီစထိုဂျင်နဲ့ ပရိုဂျက်စတင်ဟော်မုန်းတွေပါတယ်။ တကပ်မှာ ၂၈ လုံးပါတယ်။ ၂၁ လုံးတည်းသာပါတာလည်းရှိတယ်။ ၂၁ လုံးက အရောင်တမျိုး၊ ၇ လုံးက အရောင်တမျိုး။ ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ်မှတ်ပြီး၊ ၂၁ လုံးပါအရောင်ဆေး စသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။ နောက်ဆုံးသောက်ရမဲ့ အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာဖြစ်တယ်။ အဲဒီ ၇ ရက်အတွင်း သွေးပြန်ဆင်းမယ်။

ဆေးကဒ်တွေမှာ မြား (မျှား မဟုတ်)၊ လက်ညှိုး၊ တနင်္ဂနွေ-တနင်္လာ၊ ၁-၂-၃ စတာတွေက မှတ်ရတာလွယ်အောင်သာ ရေးထားတာ။ ဆေးအရောင်တူရင် ဆေးတူတယ်။

ရက်သာမက အချိန်လဲတိကျနိုင်လေကောင်းလေဖြစ်တယ်။ သွေးဆင်းတာ နည်းမယ်။ ရက်လည်းတိုမယ်။ သွေးဆင်းရက် မှန်မယ်။ ရာသီမလာခင် ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းတယ်။ ဝက်ခြံ၊ အလုံး-အကျိတ်၊ တချို့ကင်ဆာဖြစ်နိုင်ခြေ နည်းနိုင်တယ်။ စနစ်တကျသုံးရင် ၉၉% စိတ်ချရတယ်။

မြန်မာပြည်မှာ Marvelon နဲ့ အိုကေ၊ လက်ညှိုကဒ်၊ မြားကပ်ဆိုတာကို အများဆုံးသုံးနေကြတယ်လို့ မေးခွန်းတွေအရ သိရတယ်။ ၂၈ လုံးပါတဲ့တားဆေးအမျိုးမျိုးရှိတယ်။

• Marvelon = Desogestrel 0.15 mg + Ethinyl estradiol 0.03 mg) ယူအက်စ်မှာ အသုံးများတယ်။

• Mala-D = (Levonorgestrel-0.15 mg + Ethinyl oestradiol 0.03mg) အိန္ဒိယမှာ အသုံးများတယ်။

• Microgestin 1.5/30 = (Ethinyl estradiol 0.03 mg + Norethindrone 1.4 mg)

တားဆေးကို ပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။ တရက်ဆေးသောက်ဘို့မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။ ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်းတခုခု ဥပမာ ကွန်ဒွမ်သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။

ဆေးသောက်ရမှာ ၃-၅ ရက် နောက်ကျရင် အတူနေပြီးလဲဖြစ်ရင် အရေးပေါ်တားဆေး Plan B, Morning-after pill, E Pills, i-pill, Preventol, ECee2, Pill 72, ECee2 တခုခုသောက်ပါ။ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။

ဆေးကို အလားဂျစ်ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသည်းရောဂါရှိနေသူ၊ မျက်စိသွေးကြောရောဂါရှိသူ၊ နှလုံးအတက် ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ နှလုံး-ဦးနှောက် သွေးကြော ပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ မွေးလမ်းကနေ သွေးဆင်းတာ အကြောင်း ရှာမရသူတွေ ဒီဆေး မသောက်သင့်ပါ။ ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန် သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။ ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက် သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။

ဘေးထွက်ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းပဲကိုယ်လှုပ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။

တာဆေးကို အခု ဒါမှမဟုတ် အရင်က ရင်သားကင်ဆာရှိနေရင်၊ ကိုယ်ဝန် ရှိနေရင်၊ အသည်း၊ သည်းခြေအိတ်ရောဂါ ရှိနေရင်၊ မျိုးဥအိမ်အကျိတ်ရှိဘူးရင်၊ မိုင်ဂရင်းရောဂါရှိရင် မသုံးသင့်ပါ။

ကိုယ်ဝန်ရှိမှန်းမသိဘဲ မတော်တဆသောက်ခဲ့ရင် ကိုယ်ဝန်-မိခင်ကို ထိခိုက်တာအတွက် သုတေသနလုပ်ထားတာ မတွေ့သေးပါ။

အိမ်ထောင်မရှိလည်း ရာသီလမှန်ဘို့၊ ဝက်ခြံပေါက်တာ၊ ရာသီလာချိန်မှာ နာလွန်းတာ၊ စိတ်မူပြောင်းတွေ သက်သာအောင် ပေးနိုင်တယ်။ ဆေးကပ် ၃-၄ လသောက်ပြီး နားထားနိုင်တယ်။ လိုရင်ပြန်သောက်ရမယ်။

1. Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ https://doctortintswe.blogspot.com/2014/11/birth-control-pill-types.html
2. Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း https://doctortintswe.blogspot.com/2014/11/birth-control-risk.html
3. Contraceptive pills ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေး https://doctortintswe.blogspot.com/2016/05/contraceptive-pills.html
4. Different Methods of Contraception ပဋိသန္ဓေတားနည်းများ https://doctortintswe.blogspot.com/2014/11/birth-control-methouds.html
5. Exluton နို့တိုက်မိခင် ကိုယ်ဝန်တားဆေး https://doctortintswe.blogspot.com/2014/11/birth-control-minipill.html
6. Marvelon မာဗယ်လွန် တားဆေး https://doctortintswe.blogspot.com/2014/11/marvelon_24.html
7. Marvelon တားဆေးနဲ့မတည့်သူ https://doctortintswe.blogspot.com/2015/04/marvelon.html
8. Pills Q and A တားဆေး အမေးအဖြေ https://doctortintswe.blogspot.com/2014/12/pills-q-and-1.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး