သူ့အရင်ကတယောက် သူကတယောက်

ဆရာ ဝယ်ရင်လား ဝယ်ယင်လား ဘယ်ဟာအမှန်လဲ


အခုခေတ်ရေးတာက ဝယ်ရင်လို့ ရေးကြတယ်


ဒါဆို ဘယ်ဟာကို လိုက်ရေး ရမလဲ ဆရာ အယင် လို့ ရေးရမှာလား


ကျွန်တော်က မြန်မာစာမှာ ဆရာမလုပ်ပါ။ ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လိုရေးကြောင်းသာ အကိုးအကေား အထောက်အထားတွေ တင်ပြပါတယ်။ 


ယင်

ကယုကယင်

တန်းဆာဆင်ယင်

တုန်တုန်ယင်ယင်

တုယင်မှန်ကင်း

ဒက္ခိဏယဉ်

ယင်ပျားကောင်

ယင်မမဲရိုင်း

ယင်ရဲ

ယင်ကောင်

ယင်ချေးဥ

ယင်ပေါင်ငှက်

ယင်ပေါင်စာငါး

ယဉ်စွန်းတန်း

ယဉ်ပါး

ယဉ်ပိုက်

ယဉ်မင်းရုပ်

ယဉ်လွန်ဆင်

ယဉ်သွား (ရက်ကန်း)

ယဉ်ကျေးသည်၊ ယဉ်ကျေးမှု

ယဉ်ထွေးဧရာ

ယဉ်အောင်ပြုသည်

ရက်ကန်းယင်သွား

လက်မယဉ် = လက်ဆော့သူ

လင်းယဉ်တိုင်

ဥတ္တရယဉ်

ယောင်ယင်ငှက်

ရေယင်မျှော်ရွာ

အေးယဉ်ကျူး


ရင်

ကရင်လူမျိုး

ထဘီရင်ရှားဝတ်ထားသည်၊

ဘုရားရင်ပြင်တော်၊

ရင်ကမ်းပန်း၊

ရင်ကွဲစရပ်

ရင်ကွဲမြှုံး

ရင်ကျပ်ရောဂါ

ရင်ခတ်ပင်

ရင်ခွင်ပိုက်

ရင်ခုန်သံ၊ ရင်ခုန်သည်

ရင်ချင်းဆိုင်

ရင်စည်းပဝါ

ရင်စို့ (နေရာ)

ရင်တွန်း (ငါးဖမ်း)

ရင်တုန်

ရင်ထုမနာ

ရင်ပတ်စည်တီး

ရင္ဖံုးအက်ႌ

ရင်ကြားစေ့

ရင်ဘတ်၊ ရင်ဘတ်စည်တီး၊

ရင်ပြင်တော်

ရင်သပ်ရှုမော

ရင်သပ်အံ့သြ

ရင်သား

ရင်အုံ

ရင်အုပ်၊ ရင်အုပ်မကွာ

ရင်ချောင်

ရင်စေ့အင်္ကျီ

ရင်ပေါင်တန်း

ရှင်ဘုရင်

ကျောင်းရင်ပြင်

စေတီရင်ပြင်


သူ့အရင်ကတယောက် သူကတယောက် (မောင်သာရ)

သူ့အရင်ကတယောက် သူကတယောက် (မောင်ဆွနွယ်)


ပန်းပုသူဇာ (မန္တလေးဦးဘသိန်း)

အရင် ဟို နှစ်တုန်းက ပေါ့ဗျာ အောင်ပွဲတွင် ခင် အဝါရောင် ဖျော့ဖျော့ နန်းဆင်ချိတ်ကိုပဲ သူမြန်းဆင် မှတ်မိပါသေးတယ် အဲဒီတုန်းက သူ့ အသွင် မန်းဆန်ဆန် နဂိုယဉ် အလွန် အကျွံ မပြုပြင်


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး