Wars and Politics စစ်ပွဲများသော်လည်း စစ်တပ်က သူ့နေရာမှာ ခန့်ခန့်ညားညားနေတဲ့ တိုင်းပြည်

သမိုင်းမှာ စစ်ပွဲများပေမဲ့ စစ်တပ်က သူ့နေရာမှာသာ ခန့်ခန့်ညားညားနေတဲ့ တိုင်းပြည်တွေ အများကြီးရှိတယ်။ ထင်ရှားအောင် အမေရိကန်ပြည်ထောင်စုကို ဥပမာပေးပါမယ်။ 


ယူအက်စ်အေမှာ စစ်ပွဲတွေက အလွန်များတယ်။ ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅)၊ ပဌမကမ္ဘာစစ် (၁၉၁၇-၁၈၁၉)၊ ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅)၊ စစ်အေးကာလ (၁၉၄၇-၁၉၉၁)၊ ကိုရီးယားစစ် (၁၉၅၀-၁၉၅၃)၊ ဗီယက်နမ်စစ် (၁၉၅၅-၁၉၇၅)၊ ပင်လယ်တွေ့စစ် (၁၉၉၀-၁၉၉၁)၊ အီရတ် (၁၉၉၁-၂၀၀၃)၊ အာဖကန်စစ် (၂၀၀၁ မှ ယနေ့ထိ)၊ အီရတ် (၂၀၀၃-၂၀၁၁)၊ အီရတ် (၂၀၁၄ မှ ယနေ့ထိ)၊ ဆီးရီယား (၂၀၁၄ မှ ယနေ့ထိ)၊ လစ်ဗျား (၂၀၁၅ မှ ယနေ့ထိ)၊ ယီမင် (၂၀၁၅ မှ ယနေ့ထိ)။ စာရင်းကုန် မဟုတ်သေးပါ။ အဲတာလည်း အမေရိကန်စစ်တပ်က နိုင်ငံရေးဦးဆောင်မှုနေရာ လုမယူပါ။


List of wars involving the United States အမေရိကန်နိုင်ငံ ပါဝင်တိုက်ခိုက်ခဲတဲ့ စစ်ပွဲများစာရင်း 

၁၈ ရာစုစစ်ပွဲများ

၁၉ ရာစုစစ်ပွဲများ

၂၀ ရာစုစစ်ပွဲများ

၂၁ ရာစုစစ်ပွဲများလို့ ပိုင်းခြားပြီး စာရင်းပြုစုထားတာရှိတယ်။


၂၁ ရာစုစစ်ပွဲများ

1. War in Afghanistan (2001–present) အာဖကန်

2. 2003 invasion of Iraq (2003) အီရတ်

3. Iraq War (2003–2011) အီရတ်

4. War in North-West Pakistan (2004–present) ပါကစ္စတန်

5. Second U.S. Intervention in the Somali Civil War (2007–present) ဆိုမာလီ

6. Operation Ocean Shield (2009–2016) အိန္ဒိယသမုဒ္ဒရာ

7. International intervention in Libya (2011) လစ်ဗျား

8. Operation Observant Compass (2011–2017) အကြိမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲများ

9. American-led intervention in Iraq (2014–present) အီရတ်

10. American-led intervention in Syria (2014–present) ဆီးရီးယား

11. Yemeni Civil War (2015–present) ယီမင်

12. American intervention in Libya (2015–present) လစ်ဗျား


အမေရိကန်စစ်တပ်ဟာ ကမ္ဘာ့နံပတ်တစ်ဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေးဦးဆောင်မှုနေရာ လုမယူပါ။  သူတို့သာ ကောင်းတယ်လို့ ဆိုလိုတာမဟုတ်။ သူ့နေရာသူနေတာတိုင်းဟာ သူ့နေရာမှာ တော်တတ် ထူးချွန်ကြတယ်။


ပုံ USS Wasp conducts flight operations in Operation Odyssey Lightning 


ဒေါက်တာတင့်ဆွေ

၁၅-၈-၂၀၂၀


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး