အသီးတိုင်းမှာ အခွံပါ၏

ဆွမ်းတော်ကပ်တာကို ရေးတိုင်း ကွန်မင့်တွေ အမျိုးမျိုးလာတယ်။ ဆယ်ကြိမ်ရေး ဆယ်ခါလာတယ်။ ဘုရားစင်လို့ ရေးလည်း ကွန်မင့်တွေ အမျိုးမျိုးလာတယ်။ ဆယ်ကြိမ်ရေး ဆယ်ခါလာတယ်။


ကိုယ်စားဖြေတာတခု တင်ပါမယ်။ ဘုရားကို ဥယာဉ်မှုးက သရက်ဖြူသီးတလုံးလှူတယ်၊ ဘာအခွံမှမခွာဘူး။ ရှင်အာနန္ဒာက အခွံသင်ဖျော်ရည်လုပ် ကပ်တယ်။ အစေ့ကိုဥယာဉ်မှုးအား မြေချစိုက်ခိုင်းပြီး၊ ဘုရားကလက်ဆေးရေနဲ့ အစေ့ကိုလောင်းတော့ အပင်ဟာ တမုဟုတ်ချင်း ခက်မငါးဖြာကြီး၊ အသီးသီး၊ စားရတယ်။ ဒီသရက်ဖြူပင်အနား ဘုရား တံခိုးပြ၊ နတ်ပြည်ကြွတာ ဖတ်ဖူးလား။ အသီးလိုက်ပဲ ကပ်ရိုးထုံးစံပါ။ ငှက်ပျောသီးအခွံခွာဘယ်ခါမှမလှူဘူး။


ကျေးဇူး။


အသီးတိုင်းမှာ အခွံပါ၏။ တချို့က အခွံကိုသာစားကြ၏။ အနှစ်ကိုယူရကောင်းမှန်းမသိသူတွေ များ၍ များ၍လာ၏။


ဒေါက်တာတင့်ဆွေ

၁၉-၈-၂၀၂၀


Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်