France ဖရန့်စ်


ဆရာ မြန်မာလို ပြင်သစ်လို့ခေါ်ပြီး နိုင်ငံတကာမှ france လို့ခေါ်တာ သိပါရစေ နိုင်ငံတကာ ကလွဲတာလား မြန်မာနိုင်ငံက လွဲတာလား မသိလို့ ရှင်းပြပေးပါ


တနေ့က ရေးလိုက်သေးတယ်။ 

မြသန်းတင့်က ပါရီကျဆုံးခန်းလို့ရေးတယ်။

ကိုကိုမောင် ခေါ် ဦးချစ်လှိုင်က ပါရီတွင် သောင်တင်ခဲ့စဉ်ကလို့ရေးတယ်။

ကင်းဝန်မင်းကြီးက ပါရစ်လို့ရေးတယ်။

ကျွန်တော်က ပဲရစ်သင်း ချန်ပီယံလိခ် မှာ ရှုံးသွားရ လို့ ရေးပါတယ်။ ပြင်သစ် ခေါ် ဖရင့် အသံထွက်က ခက်တယ်။


France ဖရန့်စ် က နိုင်ငံ။ နာမ်။ French ဖရင့်ခ်ျ က လူမျိုးနဲ့ စာ။ နာမ် + နာမဝိသေသန။


Myanmar မြန်မာမှာတော့ တိုင်းပြည် + လူမျိုး + စာ အားလုံးအတူတူပဲတဲ့။ ကျွန်တော်က မှန်တယ်မထင်။ ကျွန်တော်ပြောတာ လိုက်မရေးစေလိုပါ။ စာမေးပွဲ အမှတ်မရ၊ အလုပ်မရ ဖြစ်နိုင်တယ်။ ကျွန်တော်က နာမ်နဲ့ နာမဝိသသနကို တူတယ်လို့ မထင်ပါ။


ဒေါက်တာတင့်ဆွေ

၂၈-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး