သ နှင့် ဿ


၁။ ဒွါဒသမ မောက်ချာ၊ ဒွာဒသမ ရစ်ချာ။ ပညာရေးဝန်းကြီးဌာနသည် မူလတန်းစာ ပြန်ပြီးသင်သင့်တယ်။ ရစ်ချာ နဲ့ မောက်ချာ နေရာအလိုက် မသုံးတတ်သလို ရစ်ချာ မောက်ချာကိုလည်း မကွဲဟန်ရှိသည်။ ထို့နောက် ဆဋ္ဌမတန်းအမှန် ဆဌမတန်း အမှား။ ဒသမတန်းအမှန် ဒဿမတန်း အမှား။ ဧကာဒသမတန်းအမှန် ဧကာဒဿမတန်းအမှား။ ဒွါဒသမတန်း အမှန် ဒွါဒဿမတန်း (ဒွာဒဿမတန်း) အမှား။ ဆရာခမျာ ဆရာတော် သုံးသပ်တာက အမှန်လားခမျာ။ 


ကျေးဇူး။ ပို့ပေးတဲ့ သတ်ပုံအမှားပုံကို မတင်တော့ပါ။


၂။ ဆရာမကိုယ်တိုင်ရေးထားတာ ဒဿမတန်း၊ ကျမတို့လဲ အသံထွက်နေတာ ဒတ်သမတန်းလို့ပါဆရာ။ အဲဒါလေး သိပါရစေဆရာ။


ဒသ = တဆယ်၊ ဆယ်ခု။

ဒသ = မြင်ခြင်း။ မြင်သည်။

ဒဿ = လကွယ်နေ့

ဒဿန = မြင်ခြင်း။ ကြည့်ခြင်း။ ဖူးမြင်ခြင်း။သိမြင်ခြင်း။ မြင်အပ်သောရူပါရုံ။ မြင်တွေ့ခြင်း။ မျက်စိအမြင်။


ဿအသုံးများ

ဒဿဂီရိ (ရာမဇာတ်တော်)၊

ဒဿန = မြင်ခြင်း၊ ကြည့်ခြင်း၊ ရှုခြင်း၊

ပိဿာ (အလေးချိန်)၊

ဗိဿဏိုး (မြန်မာ့စွယ်စုံကျမ်း)။

ပြဿာဒ်ဘုံဆောင်

သုဿန်သင်းချိုင်း

ပေါရိဿာဒ်


ဒကာခံသည်

ဒကာဒကာမ

ဒယိမ်းဒယိုင်သွားသည်

ဒယီးဒယိုင်သွားသည်

ဒရယ်သမင်

ဒလက်လည်သည်

ဒလန် (အလံရှူး)

ဒလဟောဆင်းသည်

ဒသ = ဆယ်ခု၊

ဒသ = မြင်ခြင်း၊ မြင်သည်၊

ဒသန = သွား

ဒသမ = ဆယ်ခုမြောက်၊

ဒသမတန်း (ဆယ်တန်း)

ဒဟတ်ပင် (ဒဟပ်ပင်)

ဒရောမျောပါးလုပ်သည်

ဒရောသောပါးလုပ်သည်


ကျောင်းသုံးစာအုပ်ထဲမှာ အဲလို ဝိဝါဒကွဲစေနိုင်တဲ့ စကားလုံးမျိုး ထည့်သုံးမယ်ဆိုရင် ရှင်းလင်းချက်ပါ တိတိကျကျ ထည့်ရေးသင့်တယ်။ မြန်မာစာသင်ပေးကြရတဲ့ဆရာဆရာမတွေပါ သို့လောသို့လောဖြစ်စေနိုင်တယ်။ မြန်မာစာ ရယ်စရာမဖြစ်သင့်။


ဒေါက်တာတင့်ဆွေ

၁၆-၈-၂၀၂၀


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး