မြန်မာစာသည် နိုင်ငံရေးမဟုတ်


ကွန်မင့်တခုရတယ်။ အခု အများစုက နဲကို (မများ) နေရာမှာ သုံးနေကြပြီ တဲ့။


အများကသုံးတိုင်းတော့ မမှန်တတ်ပါ။


မသိကြလို့ သုးံနေကြတယ်လို့ ပြောချင်တာပါ။ ကျွန်တော်က မသုံးပါ ဆရာ။


ဟုတ်။ အမိန့်ထုတ်ပြောင်းခိုင်းတာတိုင်းကလည်း အကုန်မှန်တာ မဟုတ်ပါ။


ပညာဆိုတာ ဒီမိုကရေစီ မဟုတ်။ ပညာဆိုတာ အာဏာရှင် မဟုတ်။ ပညာဆိုတာ သက်ဦးဆံပိုင် မဟုတ်။


မြန်မာစာကို အုပ်ချုပ်ရေးနည်းနဲ့ အမှန်အမှားဆုံးဖြတ်တာ မြန်မာစာအဖွဲ့ပေါ်ကတည်းက။ မြန်မာစာအဖွဲ့ ပေါ်လာလို့ ကောင်းတာတွေ အများကြီးရှိပါတယ်။ မှားတာက သတ်ပုံ။


ကနေ့ လျှာရှည်ပြီးပြင်ခိုင်းထားတဲ့သတ်ပုံ သုံးနေသူ ၉၀% လောက်များတယ်။ များတိုင်း မမှန်ပါ။ မှားတယ်။


စာပေဆင်ဆာအဖွဲ့ပေါ်လာလို့ ကောင်းတာ တခုတလေမှ မရှိပါ။ မူရင်းစာအုပ်တွေကို သတ်ပုံမှားတွေနဲ့သာထုတ်ခွင့်ပြုတဲ့ စာပေရာဇဝတ်မှုကြီး ကျူးလွန်ခဲ့တယ်။ နောက်ကြောင်းပြန် အရေးယူခွင့်မရှိ။


ပညာကို ပညာနဲ့သာ သင်ပြ သင်ယူ လေ့လာ ဆွေးနွေး တိုးပွါး စည်ပင်အပ်တယ်။


ဒေါက်တာတင့်ဆွေ

၁၈-၈-၂၀၂၀


Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်