Vaginal Tablets ထည့်ဆေး

(ကန်တော့)


မဂ်လာပါ (မင်္ဂလာပါ) ဆရာ ဒီဆေးက ထည့်ပြီးပြန်ထုတ်ကမှာလားဆရာ ညနေက ဆရာဝန်ကတော့ တနေ့တလုံး ထည့်ရတယ်လို့တော့ မှာလိုက်တယ်ဆရာ


ဖြစ်တဲ့သူ အသက် မသိ။ အိမ်ထောင်ရေး မသိ။


Trichomoniasis ထွိုင်ကိုမိုးနပ်စ် မွေးလမ်းကြောင်းရောင်ရင် အနေအထိုင်ခက်ပြီး၊ အဖြူ (အမြှုတ်) ဆင်းမယ်။ မွေးလမ်း၊ မိန်းမကိုယ် နီမယ်။ စိမ်းဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်း၊ ယားတယ်။ မွေးလမ်းကနေ ဆင်းတာက အမြှုတ်လိုနေမယ်။ ခပ်စိမ်းစိမ်း၊ ခပ်ဝါဝါအရောင်ရှိမယ်။ အနံ့ရှိမယ်။ ယားမယ်။ နာမယ်။ ပူလောင်မယ်။ ဆီးပူ-ဆီးအောင့်မယ်။ ရာသီလာအပြီး ပိုဆိုးတယ်။ လိင်ကတဆင့် ကူးစက်တယ်။


Metronidazole 500 mg တနေ့ ၂-၃ ကြိမ် ၇ ရက်သောက်ပါ။


Clotrimazole (Gyne-Lotrimin, Mycelex-7) မွေးလမ်းထည့်ဆေး ညတိုင်း ၇ ရက်ထည့်ပါ။


မွေးလမ်းထည့်ဆေးပြားကို ကုမ္ပဏီအမျိုးမျိုးက နာမည်အမျိုးမျိုးနဲ့ လာတယ်။ နည်းနည်း မတူပါ။ ဆေးပြားကို ညမအိပ်မီမှာ မွေးလမ်းထဲ ထည့်ထားလိုက်ရုံပဲ။ တချို့ဆေးက အရည်မပျော်လို့ မထည့်ခင် ၅ မိနစ်လောက် ရေသန့်ထဲစိမ်ထားပြီးမှ ထည့်ရတယ်။ ထွက်ကျရင် အရာမရောက်ပါ။ သန်ရှင်းရင်တော့ ပြန်ထည့်နိုင်တယ်။ ထည့်စရာ အတံလေးပါတာလည်းရှိတယ်။ မသုံးတတ်ရင် လက်ဆေးပြီး လက်နဲ့ ထည့်လို့လည်းရတယ်။


အိမ်ထောင်မရှိသူတွေမှာလည်း ဖြစ်တတ်တယ်။ အဲလိုဖြစ်သူတွေ သန့်စင်ဆေးရည် မသုံးပါနဲ့။ 


Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး https://doctortintswe.blogspot.com/2020/07/personal-hygiene-for-women.html 

Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း https://doctortintswe.blogspot.com/…/vaginal-infections.html

Vaginal itching မိန်းမကိုယ် ယားခြင် https://doctortintswe.blogspot.com/…/08/vaginal-itching.html

White discharge အဖြူဆင်းခြင်း https://doctortintswe.blogspot.com/…/08/white-discharge.html


ဒေါက်တာတင့်ဆွေ

၂၃-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး