အဲ့အဲ့တွေ မကိုင်နဲ့

ဆရာ့ပိုစ့်တွေကိုဖြစ်သလိုမဖတ်ပါဘူး အမြဲသတိထားဖတ်လေ့ရှိပါတယ် အဲလို အဲဒါ ဒီနေ့တွေ့ရတဲ့ဆရာ့ရဲ့အရေးအသားပါ ကျနော်တို့ ရေးသားနေမိတာက အဲ့လို အဲ့ဒါ မို့ အမှန် အမှားလေး ဆရာလမ်းညွှန်ပေးပါအုံးဆရာ

ဤ၊ ဤဟာ၊ ယင်း၊ အနှီ၊ ထို၊ ထိုဟာ၊ ၎င်း၊ သည်၊ ဒီ အဆိုပါ စသဖြင့် ရေးတယ်။ သည်မိုး သည်လေ သည်လူတွေလို့ စာအုပ်ရေးတယ်။ သည်နွေ သည်မိုး သည်ဆောင်း သီချင်းရှိတယ်။ သည် နဲ့ ဒီက စာနဲ့ စကားသာဖြစ်ပါတယ်။ အဲတာ၊ အဲဒါလို့ ပြောကြတယ်။ အဲတာက စာဆန်တယ်။ အဲဒါက စကားပြောဆန်တယ်။ အဲဒီဟာ၊ အဲသည်ဟာ၊ အဲဟာလို့လည်း ပြောကြတယ်။ ဟာဆိုတာ မရေတာတခုခု။ တာက သေချာတယ်။

အဲ
အဲခိုး = အားထုတ်သည်
အဲချင်း
အဲဗျာ
အဲမွန်တရာ
အဲမွန်ဒယာ
အဲမောင်း = လှံရှည်

အဲ့
အဲ့
အဲ့အဲ့တွေ မကိုင်နှင့်
အသံအဲ့သည်
အဲ့တဲ့တဲ့နေသည်
အဲ့တဲ့တဲ့နံသည်
အဲ့အဲ့ = ရွံစရာ
 
အယ်
တအယ်အယ်ငိုသည်
မိုင်းအယ်ရွာ
ဝမ်းအယ်နေသည်
သစ်အယ်သီး


ဒါ
ဒါနပြုသည်
ဒါယကာ
ဒါယိကာမ
ဒါသ = ကာလီဒါသ
ဒါနောရက္ခိုသ်

အယ်
တအယ်အယ်ငိုသည်
မိုင်းအယ်ရွာ
ဝမ်းအယ်နေသည်
သစ်အယ်သီး

 အာ
ကျီးအာသီး၊
အာကြမ်းနှုတ်ကြမ်း၊
အာခေါင်၊
အာစလျှာစ၊
အာပူမှုတ်၊
အာဂန္တုဧည့်သည်၊
အာဂုံဆောင်၊
အာဇာနည်၊
အာနန္ဒာ၊
အာနုဘော်၊
အာပတ်ဖြေ၊
အာမဘန္တေ၊
အာယုကပ်၊
အာရုံကြော၊
အာဟာရ၊
အာလိမ်ငါးဆင့်၊


ဒီ
ဒီကရီချသည်
ဒီကျ ဒီတက်
ဒီဃတာလ
ဒီဃနိကာယ်
ဒီဃာယုက
ဒီဃာဝု
ဒီဇင်္ဘာလ
ဒီပယင်း၊ ဒီပဲယင်း၊ ဒီပဲ့ယင်းမြို့ (မွန်-မြန်မာ ကပြားအသုံး၊ ဒီ = ရေ၊ ပဲ့ =ဆိတ်၊ ယင်း = တော)။ ရှင်အဂ္ဂသမာဓိရဲ့ နေမိဘုံခန်းပျို့ နိဒါန်းမှာ ပါမောက္ခဦးဧမောင်က ဒီပဲယင်း (တပယင်း) လို့ရေးပါတယ်။
ဒီပရာဇ်
ဒီပဝင်ကျမ်း
ဒီပိုးကောင်
ဒီလုံးကာတွန်း
ဒီလုံးခင်းသည်
ဒီလုံးငှက်
ဒီလီပဆာမင်း
ဒီလီမြို့၊ ဒေလီမြို့
ဒီရေ
အချိန်ဒီကရီ
 
သည်
ကုန်သည်
ကုန်သည်
ကချေသည်
လက်သည်
လာသွားသည်
သည်ကိစ္စ
သည်ထန်မင်း
သည်ပင် = သည်မျိုး = သည်ရင်း = သည်ရန် = သည်လျာ = သည်ဟောင်း = မယား-လင်
သည်ပိုးရွက်ဆောင်သည်
သည်မိုး
သည်ရင် = ဆွေးသည်၊ မယား-လင်
သည်ဝါသံခံ = မင်းစေလုလင်
သည်အမှု
သည်အလုပ်
အဆိုသည်
အလုပ်သည်
အသည်ငယ်
အသည်ငယ်
အသည်ကြီး
အသည်ဝန်ကြီး
အသည်အဝါ
အပြောသည်
ဧည့်သည်
ဈေးသည်

သတ်ပုံစာအုပ်ဟောင်းတွေမှာ အဲတာလည်းမပါ။ အဲဒါလည်းမပါ။ အဲဒီဟာ၊ အဲတာ၊ အဲသည်ဟာ၊ ဒီကောင်၊ ဒီကောင်မ၊ သည်ကောင်၊ သည်ကောင်မလို့ ရေးကြပါတယ်။ စကားပြောမှာသုံးရာကနေ ဖြစ်လာပုံရတယ်။ အဲတာက စာဆန်တယ်။ အဲဒါက စကားပြော။ ကျွန်တော်ကို ကျတော်၊ ကျနော်လို့ရေးကြပေမယ့် ကျွန်ဒေါ်နဲ့ ကျဒေါ်လို့မရေးပါ။ ဒါလို့ သုံးတာ ခက်ထန်မှုရှိတယ်။ မာတယ်။ ဒါတို့ပြည် ဒါတို့မြေ။

အဲတာ နဲ့ အဲဒါလို့ ရေးကြတယ်။ အာ့ ဆိုတာ မရှိပါ။ အ၊ အာ၊ အား သာရှိတယ်။ အိုက်ဆိုတာ ပူအိုက်သည်၊ အိုက်စပ်စပ်၊ အိုက်စပ်ပူလောင်။ အဲ့လို့ရေးနေကြတာ မှားတယ်။ အညစ်အကြေးကို အဲ့အဲ့တွေ အော့အော့တွေ မကိုင်နဲ့လို့ ပြောကြတယ်။ ကန်တော့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး