အော်ဂဲနစ်

 


အပိုအဆာ အဆန်းအပြား နိုင်ငံခြား မဟုတ်တာကို ခေါ်ပါတယ်။

 

မိမွေးတိုင်း ဖမွေးတိုင်း အမျိုးစစ်တာတွေ။ အရောအနှာကင်းတာတွေ။

 

ဟင်းချက်နည်းစာတွေမှာ ဘာကိုဖြစ်ဖြစ် အသားမှုန့် ဟင်းချိုမှုန့် ထည့်ခိုင်းကြတယ်။ မကောင်းပါ။

 

အပင်စိုက်တာ ပိုးသတ်ဆေးမသုံး၊ ဓါတ်မြေသြဇာမသုံးတာ ကောင်းတယ်။

 

အသားတွေမှာ ဟော်မုန်းဆေးမထိုးတာ ကောင်းတယ်။

 

လူအမည် မောင်ဘဖြစ်ဖြစ် မမြဖြစ်ဖြစ် အမေအဖေပေးထားတာထက် လှတာမရှိ။

 

နိုင်ငံရေးမှာ ရှစ်လေးလုံး အော်ဂဲနစ် စစ်တယ်။ နောက်မှ မြေသြဇာ အချိုမှုန့် ဟော်မုန်းတွေ ဆိုးဆေးတွေ သုံးတော့ စားမကောင်းပါ။ ရောင်းလို့တော့ ဝယ်သူမရှား။

 

ကြည့်ကောင်းရင် အရောင်လှရင် ကောင်းတယ် ထင်သူ များတယ်။

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး