တခါမှမရောက်ဖူးသေးတဲ့ တောကြီးထဲ သွားရခြင်း

မေးခွန်းတွေ ထောင်ဂဏန်းများများကို ဖတ်ပြီး ရေးချင်လာတယ်။ 

ရှိပါပြီလို့ မှန်အောင်ရေးတတ်သူ နည်းတယ်။ ပါပီလို့သာရေးနေကြတယ်။ သူတို့က ခွေးကလေးတွေမွေးထားသလား စဉ်းစားရတယ်။ ဖြစ်ပါတယ်လို့ မှန်အောင်ရေးတတ်သူလည်း နည်းတယ်။ စကားမပီသကြတာလား ကန်တော့။ 

အမှားတွေ အကုန်ထည့်ရင် ဝတ္ထုရှည်တပုဒ်စာလောက် ရှည်မှာ။ သတ်ပုံကို မှန်အောင်မရေးတတ်သူတွေက ၈၀% ကျော်တယ်။ ဆောရီးပါ မြန်မာစာ။ 

သုတေသနဆန်းစစ်နည်းတော့ မဟုတ်ပါ။ သတ်ပုံကို တမင်တကာ ဖျက်ရေးသူတွေထဲမှာ အများစုဟာ လူမှုရေးနဲ့ အိမ်ထောင်ရေးမှာ လူမသိစေချင်တာတွေ ဖြစ်တတ်ကြတယ်။ 

နေမကောင်းသူက ကလေးဆိုရင် အသက်ကို အရင်ဆုံးသိချင်တယ်။ လူကြီးဆိုရင် အထီး အမကို အရင်ဆုံးသိချင်တယ်။ 

မသိရတော့ တခါမှမရောက်ဖူးသေးတဲ့ တောကြီးထဲ မျက်စိမှိတ်သွားလာနေရသလိုပဲ။ အသက် ကျား မ သိရမှ တောကြီး အပြင်ဘက်ထွက်ပြီး လမ်းရှာတွေ့တာနဲ့ တူတယ်။

ကျွန်တော့်ကို နေ့တိုင်း တောထဲခေါ်သွားကြသူတွေ မနည်းပါ။

ဒေါက်တာတင့်ဆွေ

၂၂-၈-၂၀၁၉

၂၂-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး